Main menu

Background

ဧပြီလအတွင်း ပဲတန်ချိန် တစ်သိန်းခြောက်သောင်းကျော်တင်ပို့

Mon, 05/06/2024 - 12:17 -- journal_editor

ဧပြီ ၁ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ တန်ချိန် စုစု ပေါင်း ၁၆၁၉၇၀ ခန့်တင်ပို့ခဲ့ပြီး ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄၀ ဒသမ ဝ၁၆ သန်း ရရှိခဲ့သည်။
မတ်ပဲ
မတ်ပဲတင်ပို့မှုမှာ တန်ချိန် ၇၇၇၇၆တန် ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၅၆၇  သန်းဖိုးရရှိခဲ့သည်။ မတ်ပဲကို အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့ပြီး ပါကစ္စတန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုသို့ တင်ပို့ခဲ့ကြောင်း သိရှိရသည်။
ပဲတီစိမ်း
အလားတူ ပဲတီစိမ်းကို တန်ချိန် ၅၉၉၅၀ ခန့်  တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၄၂၄ သန်းဖိုး ရရှိခဲ့သည်။ ပဲတီစိမ်းကို အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဂျပန်နိုင်ငံတို့သို့ တင်ပို့ပြီး အီးယူ နိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။ 
ပဲစင်းငုံ
ပဲစင်းငုံတင်ပို့မှုမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၆ ဒသမ ဝ၂၅ သန်းဖြစ်ပြီး တန်ချိန်မှာ ၂၄၂၄၄ တန်ဖြစ်သည်။ ပဲစင်းငုံကို အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့ပြီး အာရပ်စော်ဘွားများပြည်ထောင်စုသို့လည်း တင်ပို့ခဲ့သည်။
သို့ဖြစ်ပါ၍ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံများကို ဧပြီလအတွင်း အမေရိကန်ဒေါ်လာ ၁၄၀ ဒသမ ဝ၁၆ သန်းဖိုးနှင့် တန်ချိန်ပေါင်း ၁၆၁၉၇၀ တင်ပို့ထားကြောင်း သိရှိရသည်။   

                                                                                       CJ