Main menu

Background

ပခုက္ကူမြို့တွင် ဆန်ဈေးနှုန်းများ တည်ငြိမ်နေ

Mon, 05/06/2024 - 11:55 -- journal_editor

ပခုက္ကူမြို့သည်  စပါးစိုက်ဧက နည်းပြီး ဆန်လိုဒေသဖြစ်သောကြောင့် အခြားတိုင်းဒေသကြီးများနှင့် မြို့နယ် များမှ ဆန်တင်သွင်းရသော  မြို့ဖြစ် သည်။  ဧရာဝတီတိုင်းဒေသကြီးဖြစ် သော ပုသိမ်၊  မြောင်းမြမြို့များမှ ရေ လမ်းကြောင်းမှ အများဆုံးဝင်ရောက် ပြီး ရွှေဘိုခရိုင်၊ ဆင်ဖြူကျွန်း၊ စလင်း ဒေသများမှလည်း  နေ့စဉ်ဝင်ရောက် လျက်ရှိသည်။ 
ယခုအချိန်တွင် ပခုက္ကူဒေသ၌ ဆန်အသစ်များ ဝင်ရောက်လျက်ရှိပြီး ဧပြီလ(ပထမ)ပတ်၌  ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများသည် ယခု ဧပြီလ(စတုတ္ထ)ပတ်ထိ  ဈေးငြိမ်နေသည်ကို တွေ့ရ သည်။ အများသုံးဆန်ဖြစ်သော မြောင်းမြ ဧရာပဒေသာ ဆန်ဈေးနှုန်းမှာ  တစ် အိတ်လျှင် ကျပ် ၁၄၀ဝ၀ဝ  စလင်းမြို့ နယ်၊  ရှောက်တောမှလာသော  ဧရာ ပဒေသာဆန်(အသစ်)တစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀ဝ  ရှိသည်။   ဧည့်မထ ဆန်မျိုးဖြစ်သော  ချန်ဧရာ တစ်အိတ် လျှင်ကျပ် ၁၁၀ဝ၀ဝ၊ မနောဖြူ (အသစ်) တစ်အိတ်လျှင် ကျပ် ၁၁၂၀ဝ၀၊ နေလ ဆန် တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀၊ ဝန်ကြီးပဒေသာဆန်  တစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀ဝ၊  ဧရာမင်းဆန်(ရှယ်)တစ်အိတ်လျှင် ကျပ်  ၁၁၂၀ဝ၀၊ မနော သုခ(အသစ်)   တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀၊ ချန်သုခ(အသစ်) တစ်အိတ် လျှင် ကျပ် ၈၇၀ဝ၀၊ နေလ ဧရာပဒေသာ ဆန်(ရှယ်)တစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀ဝ  ဖြင့် နေလ/၂၂ တစ်အိတ်လျှင် ကျပ်  ၉၅၀ဝ၀၊ မိုးဇလပ်  (နွေဆန်အသစ်) တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀၊ နွေဇလပ် (အသစ်) တစ်အိတ်လျှင် ကျပ်  ၇၂၀ဝ၀၊ ဇီယာဆန်(အသစ်)    တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀၊ ပွင့်ဖြူသစ် (မနောဖြူ အသစ်)တစ်အိတ်လျှင် ကျပ် ၁၀၅၀ဝ၀၊ အောင်သုခ (အသစ်)  ကျပ် ၉၅၀ဝ၀ ဈေးဖြင့် အသီးသီး အရောင်းအဝယ် ဖြစ်လျက်ရှိပြီး       ကောက်ညှင်းဆန် (အသစ်)တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ ဖြင့်  ဈေးတည်ငြိမ်နေကြောင်း သိရှိရ သည်။ 
ဧရာဝတီဘက်မှ ဝင်ရောက်လာ သော   ဆန်များမှာ   အရည်အသွေး အနည်းငယ်နိမ့်သော်လည်း ပြည်သူ များ စားသုံးနိုင်သော ဈေးနှုန်းရှိသော ကြောင့် အရောင်းအဝယ် ပိုဖြစ်ကြောင်း သိရသည်။ 
ပေါ်ဆန်းမွှေးမှာ ဒုတိယအများ ဆုံး စားသုံးသော ဆန်ဖြစ်ပြီး မြောင်းမြ ဒေသမှ ဝင်ရောက်သလို ရွှေဘိုဒေသမှ လည်း အများဆုံးဝင်ရောက်သည်။ ရွှေဘို    ပေါ်ဆန်းမွှေးမှာ    ပိုမိုအရည် အသွေးကောင်းမွန်ပြီး   ယခုဧပြီလ စတုတ္ထပတ်တွင် (ရှယ်)တစ်အိတ်လျှင် ကျပ်  ၁၆၀ဝ၀ဝ-၁၆၅၀ဝ၀၊ ရွှေထိုက် (ပေါ်ဆန်းအသစ်)တစ်အိတ်လျှင် ကျပ် ၁၅၅၀ဝ၀၊ တိုးတိုးနွယ် တစ်အိတ်လျှင် ကျပ် ၁၆၅၀ဝ၀၊ မြောင်းမြပေါ်ဆန်းမှာ တစ်အိတ်လျှင်  ကျပ် ၁၅၀ဝ၀ဝ နှင့် အရောင်းအဝယ်ဖြစ်နေကြောင်း  ဆန် ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ  သိရ သည် ။ 

စန်းမြင့်ရီ(ပခုက္ကူ)