Main menu

Background

စတော့ရှယ်ယာတန်ဖိုး ကျပ်သန်း ၂၆၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

Mon, 05/06/2024 - 12:52 -- journal_editor

ပြီးခဲ့သည့် ဧပြီလအတွင်း စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်း အဝယ်ဖြစ်မှု တန်ဖိုးကျပ်သန်း ၂၆၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း(ှ့ဌ) မှ သိရသည်။ အဆိုပါ ကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာ အစောင်ရေ စုစုပေါင်း ၉၁၃၆၀ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၂၆၀ ဒသမ ၄၄ သန်း ရှိခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့် First Myanmar Investment (FMI) ) က အစုရှယ်ယာ ၈၃၁၆ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၇၁ ဒသမ ၇၃ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH) က အစုရှယ်ယာ ၃၇၂၅၂ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၀၆ ဒသမ ၉၇ သန်း ရရှိခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB)) က အစုရှယ်ယာ ၁၂၅ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် သုည ဒသမ ၉၉ သန်း၊ ပထမပုဂ္ဂလိကဘဏ် FPB) က အစုရှယ်ယာ ၂၂၈၄၃ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃၃ ဒသမ ၈၂ သန်း ရရှိခဲ့သည်။ ထို့အတူ TMH Telecom Public (TMH ) က အစုရှယ်ယာ ၃၀၁၀ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၇ ဒသမ ၆၄ သန်း၊ Ever Flow River Group Public (EFR) က အစုရှယ်ယာ ၄၉၈၆ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၈ ဒသမ ၄၂ သန်း ရရှိခဲ့သည်။                                                                                    

 

  ပန်းဆု