Main menu

Background

ရန်ကုန်တိုင်းရွှေအသင်း ရွှေဈေးနှုန်း ကျပ်သိန်း ၄၀ နီးပါးရှိ

Mon, 05/06/2024 - 12:43 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (ွ့နဗ) မှ ထုတ်ပြန် လျက်ရှိသည့် ရွှေဈေးနှုန်းမှာ ကျပ်သိန်း ၄၀ နီးပါးရှိကြောင်း အဆိုပါအသင်းမှ သိရ သည်။YGEA  က သတ်မှတ်ထုတ်ပြန်လျက်ရှိသည့် ရွှေဈေးနှုန်းမှာ ကျပ် ၃၈ သိန်း ကျော်ဝန်းကျင်တွင် ကာလအတန်ကြာ ရှိနေခဲ့ရာမှ ဧပြီ ၄ ရက်နေ့တွင် ကျပ်သိန်း ၄၀ ကျော်ဝန်းကျင်ကို တစ်ရက်တာ မြင့်တက်ရောက်ရှိခဲ့ပြီး‌နောက် ဧပြီ ၅ ရက်နေ့မှ စတင်ကာ ကျပ် ၃၉ သိန်းကျော်၊ သိန်း ၄၀ နီးပါးကို ရောက်ရှိနေခြင်းဖြစ်သည်။
လက်ရှိ ပြင်ပဈေးကွက်အတွင်း ရွှေဈေးနှုန်း မြင့်တက်နေမှုနှင့် ပတ်သက်၍ ဈေးကွက်အတွင်းရှိ ရွှေဆိုင်များ၊ ပြင်ပရွှေ ဝယ်ရောင်းသူများ အားလုံးအနေဖြင့် ွ့နဗ က နေ့စဉ် သတ်မှတ်ထုတ်ပြန်ပေးနေသည့် အခေါက်ရွှေ‌ဈေးနှုန်း အောက် တွင်သာ အရောင်းအဝယ်ပြုလုပ်ကြရန်၊ သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ် မပြုလုပ်နိုင်ပါက  ရွှေအရောင်းအဝယ် ရပ်ထားကြရန် အထူးသတိပေးကြောင်း ွ့နဗ က ထုတ်ပြန်ကြေညာထားသည်။
ပြင်ပရွှေဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်သူများအနေဖြင့် လက်ရှိ တွင် ကောလာဟလ၊ အခြေအမြစ်မရှိသည့် သတင်းအမှားအမျိုးမျိုးကို အကြောင်းပြ ကာ ရွှေဈေးနှုန်းကို ဆွဲတင်၊ ဆွဲချလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ဖြစ်စဉ် အကြောင်းရင်းအမှန်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက် ရှိပြီး အရေးယူဆောင်ရွက်နေသည့်အတွက် ပြင်ပဈေးကွက်တွင် ရွှေဈေးကစားခြင်း မပြုလုပ်ကြရန်YGEA က ပန်ကြားထားသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် YGEA   ၏ ရွှေဈေးနှုန်းများ အနေဖြင့် ဧပြီ ၂၆ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၉၉၉၃၀ဝ၊ ဧပြီ ၂၇ ရက်တွင် ကျပ် ၃၉၉၈၉၀ဝ၊ ၂၉ ရက်တွင် ကျပ် ၃၉၉၉၇၀ဝ၊ ၃၀ ရက်တွင် ကျပ် ၃၉၉၈၈၀ဝ၊ မေ ၂ ရက်တွင် ကျပ် ၃၉၉၉၀ဝ၀ ဖြစ်ကြောင်း သိရသည်။

ပန်းဆု