Main menu

Background

Tuesday, 26 Sep 2023

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ တောင်ငူ မြို့၊ အမှတ်(၂၂) ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်း ဘေးရှိ ထိပ်တန်း၊ ငါးရှဉ့်ပွဲရုံသည်  ၁၉၉၇ ခုနှစ်က တည်းက လုပ်ငန်းစတင်တည်ထောင်ပြီး   ငါးရှဉ့် ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သည်မှာ ၂၆ နှစ် တိုင်ခဲ့ပြီဖြစ်သည်။      ငါးလုပ်ငန်းဦးစီးဌာနတွင် ငါးရှဉ့်ဝယ်ယူစုဆောင်းခွင့်လိုင်စင်  ရယူထားပြီး ဦးစီးဌာန၏ မူဝါဒနှင့်အညီ ဆောင်ရွက်နေသည်။

Tuesday, 26 Sep 2023

ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား၍ လုပ်ကိုင်နေသော တိုင်းဒေသကြီး တစ်ခုဖြစ်သည့်အပြင်  ပင်လယ်နှင့်   နီးကပ်လျက်ရှိသော ကမ်းခြေဒေသမှထွက်ရှိသည့် ရေထွက်ကုန်များသာမက ငါး၊ ပုစွန်၊ ကဏန်းများကိုလည်း မွေးမြူလျက်ရှိပြီး ရေထွက်ပစ္စည်း များကို ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက ပိုလျှံသည်များကို ပြည်ပသို့လည်း  တင်ပို့လျက်ရှိနေသည်၊ ကဏန်းကောင်များ သည် ရေချို၊ ရေငန်စပ်ဒေသများတွင်ပေါက်ဖွား၍ မြစ်ဝကျွန်း ပေါ်ကမ်းရိုးတန်းတစ်လျှောက် ဒီရေရောက်သည့် နေရာ များတွင်လည်း တွေ့ရှိနိုင်ပြီး  ဧရာဝတီတိုင်းဒေသကြီး ငပု တော၊  မြောင်းမြ၊ လပွတ္တာ၊ ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဒေ

Monday, 11 Sep 2023

မွန်ပြည်နယ်၊မော်လမြိုင်မြို့အတွင်းစက်ချုပ်ပညာဖြင့် အသေး စား အထည်ချုပ်လုပ်ငန်းကို မိမိတို့အိမ်၌အလုပ်ရုံသဖွယ် စီမံဆောင် ရွက်လျက် စီးပွားရေးလုပ်ငန်း   အထည်ချုပ်လုပ်ငန်းများရှိသည်။  ထိုအထည်ချုပ်လုပ်ငန်းကို အမျိုးသမီးများက ဦးဆောင်၍ လုပ်သား များ ခန့်အပ်ပြီး လုပ်ကိုင်နေသူများဖြစ်ကြသည်။    မွန်ပြည်နယ် မော်လမြိုင်မြို့၊   ဇေယျာသီရိရပ်ကွက်၊ ရွှေမြိုင်သီရိရပ်ကွက်၊ လှိုင် ရပ်ကွက်တို့တွင် အထည်ချုပ်လုပ်ငန်းခုနစ်ခုရှိသည်။ စက်ချုပ်ပညာ သည် လူတို့အတွက် အလှအပဆင်မြန်းခြင်း၊ ခေတ်နှင့်အညီ ဖန်တီး ဆန်းသစ်ခြင်း၊ မြန်မာအမျိုးသမီးများဘဝ၏ အသက်မွေးဝမ်းကျောင်း အတွက် လွန်စွာကောင်းမွန်သည့် အတတ်ပညာရပ်တစ်

Monday, 11 Sep 2023

မြန်မာနိုင်ငံသည် တောတောင်ရေမြေ ရာသီဥတုအနေ အထား ကောင်းမွန်ပြီး စိုက်ပျိုးမြေ ပြွေါကယ်ဝသည့်အလျောက် ဆန်စပါးကို အဓိကစီးပွားရေးကဏ္ဍအဖြစ် စိုက်ပျိုးထုတ်လုပ်လျက် ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးသည် နိုင်ငံတော်၏ တတိယစပါး ကျီတစ်ခုဖြစ်ပြီး  ရွှေဘိုခရိုင်အား ဆန်စပါးစိုက်ပျိုးမှု၌ စစ်ကိုင်း တိုင်းဒေသကြီး၏ ပထမစပါးကျီတစ်ခုအဖြစ် တင်စားနိုင်သည်။ ရွှေဘိုခရိုင်နှင့် ရေဦးခရိုင်၌  ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်၊ ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်၊ တန့်ဆည်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ် စုစုပေါင်း ခြောက်မြို့နယ်ရှိပြီး ၎င်းမြို့နယ် ခြောက်မြို့နယ်၏ သဖန်းဆိပ်ဆည် ရေသောက်လယ်ဧက ၄ ဒသမ ၄ သိန်းခန့်တွင် ရွှေဘိ

Monday, 11 Sep 2023

မြန်မာလူမျိုးများသည် ကုလားပဲကို ပြုတ်စားခြင်း၊ ကြော်စား ခြင်း၊ လှော်စားခြင်း၊ ပဲခြမ်းပြုလုပ်၍ ဟင်းလျာအမျိုးမျိုးအဖြစ် စားသုံးကြသည့်အပြင် ကုလားပဲကို  အမှုန့်ကြိတ်ပြီး တို့ဟူးအစို၊ တို့ဟူးအခြောက် ပြုလုပ်ရာ၌ လည်းကောင်း၊ မုန့်ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ၊ နို့စိမ်းခေါက်ဆွဲချက်ရာ၌ လည်း ကောင်း၊ မုန့်တီ၊ ခေါက်ဆွဲ၊ ဟင်းသီးဟင်းရွက်   စသည်တို့ကို အသုပ်စုံများပြုလုပ်ရာ၌ လည်း ကောင်း ထည့်၍စားသောက်ကြသည်။

Thursday, 31 Aug 2023

ကမ္ဘာ့လူဦးရေတိုးတက်လာသည်နှင့်အမျှ လောင်စာသုံးစွဲမှု မြင့်မားလာသဖြင့် သစ်တောများ ပြုန်းတီးလာပြီး ဂေဟစနစ်များ ပျက်စီးဆုံးရှုံးခြင်း များကို ကာကွယ်ရန်၊ သစ်တောများ မပြုန်းတီးရေး နှင့် သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေးအတွက် သစ်တောနှင့် စိုက်ပျိုးရေး   စွန့်ပစ်ပစ္စည်းများကို ထင်းအစားထိုး လောင်စာတောင့်များ၊ထင်းမီးသွေး အစားထိုး‌  လောင်စာတောင့်များအဖြစ် ထုတ်လုပ် သုံးစွဲကြရန်  လိုအပ်လာပါသည်။ သစ်တောများ ပြုန်းတီးလာသည်နှင့်အမျှ    ကမ္ဘာကြီးပူနွေးလာ သည်။ ကမ္ဘာကြီး ပူနွေးလာခြင်း၏ အကျိုးဆက်များ အဖြစ် ရာသီဥတုဖောက်ပြန်ခြင်း၊ မုန်တိုင်းများ ဖြစ် ပေါ်ခြင်း၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း၊ အက်

Thursday, 31 Aug 2023

မြန်မာလူမျိုးများ၏ အိမ်သုံးပစ္စည်းများအနက် အခင်းအဖြစ် အသုံးပြုသော ဖျာအမျိုးမျိုးရှိရာ   သင်ဖြူးဖျာ၊  ဝါးနှီးဖျာ၊ ပလတ် စတစ်ဖျာများ စသည်ဖြင့် အကြမ်း/အနု အမျိုးမျိုးကို သုံးစွဲကြ သည်။  မြန်မာနိုင်ငံအောက်ပိုင်းတွင် သင်ဖြူးဖျာများကို အများ အပြား ရက်လုပ်ကြပြီး    မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်၊  ဆားလင်းကြီးမြို့နယ်၌ သင်ဖြူးဖျာ ရက်လုပ်ခြင်းနှင့် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ဝါးနှီးဖျာများ ကိုရက်လုပ်ခြင်းများရှိသည့်အနက်   ကန့်ဘလူမြို့နယ်  ဝါးနှီးဖျာ အိမ်တွင်းမှုလုပ်ငန်းအကြောင်း တင်ပြလိုက်သည်။ ကန့်ဘလူမြို့နယ် သပြေသာကျေးရွာသည်   အိမ်ထောင်စု ၂၅၀ခ

Thursday, 31 Aug 2023

ငါးပိမှာကော့ရင်း မျှစ်မှာကော့လုံဆိုသည့်တိုင် ကရင်ပြည်နယ်တွင် ရေချိုငါးပိ အကောင်းဆုံးမှာ ကော့ရင်းဒေသထွက် ငါးပိဖြစ်ကြောင်းနှင့် ငါးပိရည်နှင့် တွဲဖက်စားသုံးသော မျှစ်ချို (ဝါးနွယ်မျှစ်) မှာ ကော့လုံဒေသထွက်မျှစ်များဖြစ်ကြောင်း ဒေသခံများက ဆိုရိုးပြုရသည့်တိုင် မြန်မာလူမျိုးများ နှစ်ခြိုက်စွာ တွဲ၍ စားသုံး ကြသည့် ကရင်ပြည်နယ် ဘားအံခရိုင်ကော့လုံဒေသထွက် မျှစ်များမှာ မကြာမီ မျှစ်ချိုးချိန်၊ မျှစ်ပေါ်ချိန် ရာသီကုန်ဆုံးတော့မည်ဖြစ်သည်။

Thursday, 31 Aug 2023

ခူသည် ကမ်းရိုးတန်းတစ်လျှောက် ရေငန်ပိုင်းနှင့် ပင်လယ်ကျယ်များတွင် ရေပေါ်၌  ပေါ်လေ့ရှိကြောင်း  သိရ သည်။ ခူတွင် စားခူ၊ ခူနီ၊ ခူဝက်ခေါက်၊ ခူမီး(ခ)ခူတောင်များ   အမျိုးမျိုးရှိပြီး  လူတို့စားသုံးရသောခူသည်  စားခူဖြစ် ကြောင်း   သိရှိရသည်။  ခူနီ၊ ခူဝက် ခေါက်တို့သည်  လူတို့အတွက် အသုံး မဝင်ဘဲ ခူမီ(ခ)ခူတောင်များကို လက်ဖြင့် ကိုင်တွယ်မိပါက မီးကဲ့သို့ ပူလောင်ခြင်း၊ ယားယံခြင်းဖြစ်ကြောင်းနှင့် အန္တရာယ် ရှိကြောင်း ခူလုပ်သားတစ်ဦးထံမှ သိရ သည်။ စားခူကို  ဖေဖော်ဝါရီ၊  မတ်နှင့် ဧပြီလတို့တွင် အများဆုံးရရှိကြောင်း၊ ၎င်းခူများသည်ရေပေါ်တွင် ပေါလော နေချိန်တွင် သံချိတ်ဖြင့် ချိတ်ယူဖမ်းဆီး ရသည်။ ခူကိ

Wednesday, 30 Aug 2023

မကွေးတိုင်းဒေသကြီး  စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချ ရမှု ဌာနခွဲမှ ဝန်ထမ်းများသည် မကွေးမြို့ အောင် မေတ္တာရပ်ကွက်ရှိ  မုန့်ဖတ်ခြောက်နှင့်် အဆင့်မြင့် ခေါက်ဆွဲခြောက်လုပ်ငန်းသို့ သွားရောက်လေ့လာ ခဲ့သည်။ ၎င်းလုပ်ငန်းသည် အလတ်စား စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပြီး ဈေးကွက်မှာ မကွေးမြို့ပေါ် ရှိ ဈေးများသို့  ဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရသည်။ အဓိကကုန်ကြမ်းမှာ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ဖြစ်သည့် ဧရာပဒေသာဆန်မှထွက်ရှိသည့် ဆန်ကွဲ၊ ဆန်လတ် အစရှိသည့်  ဆန်ထွက်ပစ္စည်းများကို အခြေခံထုတ်လုပ်ထားခြင်းဖြစ်သည်။   ပထမ

Pages