Main menu

Background

စီးပွားရေးသတင်း

ယခုဘဏ္ဍာနှစ်အတွင်း ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာသန်း ၈၀ဝ ကျော်ရရန် မျှော်မှန်းထား

Tue, 05/07/2024 - 12:22 -- journal_editor

ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့  ရေထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၈၀ဝ ကျော် ရရှိနိုင်ရန် မျှော်မှန်းထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ပြီးခဲ့သည့်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရေထွက်ကုန် တန်ချိန် ၅၂၀ဝ၀ဝ ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၇၃၀ နီးပါး ရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်ရေး (Normal Trade) နှင့် နယ်စပ်ကုန်သွယ်ရေး (Border Trade) လမ်းကြောင်းများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်သည်။

ရွှေဈေး ကျပ် ၃၆ သိန်းကျော် ပေါက်ဈေးရှိ

Mon, 01/15/2024 - 11:24 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (ွ့နဗ) မှ ထုတ်ပြန် လျက်ရှိသည့် ရွှေဈေးနှုန်းမှာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်မှစတင်ကာ ကျပ် ၃၆ သိန်းကျော်ကို ပြန်လည် ရောက်ရှိလာကြောင်း အဆိုပါအသင်းမှ သိရ သည်။  ွ့နဗ ၏ ဈေးကွက်အဖွင့်ဈေးသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှ ၂၈ ရက်အထိ ခြောက်ရက်တာကာလအတွင်း ကျပ် ၃၇ သိန်းကျော်တွင် ရှိနေခဲ့ခြင်းဖြစ်သည်။

ရွှေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Wed, 12/20/2023 - 11:15 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည်အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ကမ္ဘာ့ရွှေဈေးသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်တွင် ရွှေတစ်အောငစ် လျှင ်အမေရကိ န ် ဒေါ်လာ ၂၀၃၀ ဒေါ်လာ ပေါကေ် ဈးရှိခဲ့ရာမှ ဒီဇင်ဘာ ၁၃ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၇၉ ဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည်လည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၇၁၅၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ ဒီဇင်ဘာ ၁၃ ရက်တွင် ကျပ် ၃၆၉၅၀ဝ၀ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။၂၀၂၁ ခုနှ

မြန်မာ့သကြားကို ဗီယက်နမ်သို့ ဦးစားပေး တင်ပို့မည်

Mon, 12/04/2023 - 12:01 -- journal_editor

ပြည်ပနိုင်ငံအချို့မှ မြန်မာ့သကြားကို ဝယ်ယူရန် ကမ်း လှမ်းထားသော်လည်း ဗီယက်နမ်နိုင်ငံသို့သာ ဦးစားပေး တင် ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ   သကြားနှင့်ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။  ဘင်္ဂလားဒေ့ရှ် နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ပြီးခဲ့သည့် စက်တင်ဘာလကတည်း က မြန်မာ့သကြားဝယ်ယူရန်  ကမ်းလှမ်းမှုများရှိသည့်အပြင် ဗီယက်နမ်နိုင်ငံကပါ တန်ချိန် တိုးမြှင့်ဝယ်ယူရန်  ကမ်းလှမ်း ထားခြင်းဖြစ်သည်။

ရွှေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 12/04/2023 - 11:22 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်(၁၉) ကပ်ရောဂါနှင့်ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည်အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရသည်။ကမ္ဘာ့ရွှေဈေးသည် နိုဝင်ဘာ ၂၃ ရက်တွင် ရွှေတစ်အောင်စလျှင်အမေရိကန်ဒေါ်လာ ၁၉၉၆ ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာ ၂၉ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၄၁ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိရပြီး ပြည်တွင်းရွှေဈေးသည်လည်းနိုဝင်ဘာ ၂၃ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်၃၆၅၀ဝ၀ဝ ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာ ၂၉ ရက်တွင် ကျပ်၃၆၄၅၀ဝ၀ သို့ အတက်အကျဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရသည်။၂၀၂၁ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏

ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက် ဖောက်ရန်အတွက် ပဲတီစိမ်းများတင်ပို့

Mon, 12/04/2023 - 10:48 -- journal_editor

ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ပြုလုပ်မည့် ပဲတီစိမ်း များတင်ပို့ရာတွင် ၎င်းနိုင်ငံများမှ ကျင့်သုံးဆောင်ရွက်လျက်ရှိသော ဥပဒေ  သတ်မှတ်ချက်များနှင့်ကိုက်ညီစွာ စိုက်ပျိုးထုတ်လုပ်တင်ပို့ သွားနိုင်ရေး အနီးကပ်ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ်မှစတင်၍ ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန် အတွက် မြန်မာပဲများ တင်ပို့နိုင်ရေး  လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကို စားသုံးသူရေးရာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ သတင်းအချက်အလက် နည်းပညာနှင့် အရည် အသွေး စီမံခန့်ခွဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက အတွင်းရေးမှူး အဖြစ်လည်းကောင်းတာဝန်ယူပြီး သက်ဆိုင်ရာဌာနများနှ

ဂျပန်အပါအဝင် သုံးနိုင်ငံသို့ ပျားရည်တန်ချိန် ၁၃၀ဝ ကျော် တင်ပို့ထား

Mon, 11/20/2023 - 13:36 -- journal_editor

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်  ဧပြီလမှ အောက်တိုဘာလအထိ ခုနစ်လတာကာလအတွင်း ပြည်ပဈေးကွက်သို့ မြန်မာ့ပျားရည်တန်ချိန် ၁၃၁၉ ဒသမ ဝ၂ တန် တင်ပို့ထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ  သိရသည်။ အဆိုပါ ကာလအတွင်း ပျားရည်တင်ပို့မှုကို ဂျပန်၊  ထိုင်းနှင့်  တောင်ကိုရီးယားနိုင်ငံများသို့ ပုဂ္ဂလိကကဏ္ဍမှ တင်ပို့ထားခြင်းဖြစ်ပြီး ပုံမှန်ကုန် သွယ်ရေးဖြစ်သည့် ပင်လယ်ရေကြောင်းနှင့်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ    တင်ပို့ထားခြင်းဖြစ် ကြောင်း သိရသည်။ ပျားရည်ကို  ပြည်တွင်း၌  ဆေးဝါးအဖြစ် အသုံးပြုကြပြီး ပြည်ပဈေးကွက်သို့ တင်ပို့ထား နိုင်သဖြင့်  နိုင်ငံခြားဝင်ငွေ  ရရှိနေခ

စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက်

Tue, 11/07/2023 - 11:54 -- journal_editor

ကမ္ဘာ့လောင်စာဆီဈေးကွက် အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် အောက်တိုဘာ  ၃၀ ရက် Global Petrol Prices Website  တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း  ၁၂၄  နိုင်ငံအနက် ဥဇဘက်ကစ္စတန်နိုင်ငံသည် ယခုတစ်ပတ်တွင် ၆ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး Fiji နိုင်ငံတွင် ၄ ဒသမ ၃၀ ရာခိုင်နှုန်း၊ နယူးဇီလန် နိုင်ငံတွင် ၃ ရာခိုင်နှုန်းနှင့် ဒိန်းမတ်နိုင်ငံတွင် ၂ ဒသမ ၁၀ ရာခိုင်နှုန်း ဖြင့် ဈေးနှုန်းများမြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၁၆ နိုင်ငံရှိပြီး ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား ၊ စင်ကာပူ၊ ဟောင် ကောင်၊

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Tue, 11/07/2023 - 11:50 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက နိုဝင်ဘာ ၁ရက်တွင် Thai Rice Exporters Association Website တွင် ဖော်ပြချက်အရ ပါကစ္စတန်ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၇ ဖြင့် လည်းကောင်း၊ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၈၇ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၀ဝ ဖြင့် လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၆ ဖြင့် လည်းကောင်း၊ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၆၀ ဖြင့် လည်းကောင်း၊ ပေါင်းဆန်တစ်တန်လျှင် အ

ရွှေရည်ညွှန်းဈေး ကျပ် ၃၁၀၄၀ဝ၀ ရှိ

Tue, 11/07/2023 - 11:39 -- journal_editor

ပြည်တွင်း ရွှေရည်ညွှန်းဈေးမှာ  နိုဝင်ဘာ ၂ ရက်  ပေါက်ဈေးအရ ကျပ် ၃၁၀၄၀ဝ၀ ရှိပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စ ၁၉၈၅ ဒေါ်လာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (ွ့နဗ) မှ သိရသည်။

Pages

Subscribe to RSS - စီးပွားရေးသတင်း