Main menu

Background

Monday, 5 Jun 2023

တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန(၂) MICC-2 တွင် မေ ၂၅ ရက်မှစ၍ ပြုလုပ်ခဲ့သည်။ အဆိုပါကုန်စည်ပြပွဲသို့ ဒုတိယဝန်ကြီး ချုပ်နှင့်   စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကြီး မြ.

Monday, 22 May 2023

ကမာကောင်အမျိုးအစားကို ပင်လယ်ပြင် ကမ်းစပ်နေရာအနီးတွင် အများဆုံး တွေ့ရှိရပြီး အချို့ကိုမူ ရေချိုတွင် တွေ့ရှိရတတ်သည်။ ကမာကောင်များသည်  ရေအောက်ရှိ သေးငယ်သော အပင်နှင့်  ရေပိုးမွှားများကို  စားသောက်ကြပြီး ထူးခြားချက်မှာ အဖို၊ အမ တစ်လှည့်စီပြောင်းလဲ တတ်ကြသော မျိုးစိတ်ဖြစ်သည်။  ကမာကောင် များသည် တစ်ကြိမ်ပေါက်ဖွားလျှင် အကောင်ရေ သိန်းချီ ပေါက်ဖွားနိုင်ပြီး ပူးနွေးသောဒေသတွင် ကြီးထွားမှုမြန်ဆန်ကြသည်။  စတင် အကောင်ပေါက်ချိန်တွင် အဖိုအဖြစ် မွေးလာရာမှ အရွယ်ရောက်ချိန်တွင် အမသို့  ကူးပြောင်းတတ်ကြပြီး အချို့မှာ တစ်နှစ်တွင် သုံးကြိမ်ခန့် လိင်ပြောင်းလဲ တတ်ကြကြောင်း သိရှိရသည်။ ကမာကောင်အမျိုး အစ

Tuesday, 9 May 2023

စားသုံးဆီသည် မြန်မာတို့၏ အခြေခံစားသောက်ကုန်များ ဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တို့တွင်  တစ်ခုအပါ အဝင်ဖြစ်သည်။ “ဆီကိုရေချိုး”ဟု  ဆိုရလောက်အောင်  ပြည်တွင်း စားသုံးဆီဖူလုံပေါများခဲ့သည့် ခေတ်ကာလတစ်ခုတွင် မြန်မာတို့ စားသုံးခဲ့ကြသည့် စားသုံးဆီမှာ မြေပဲဆီနှင့်  နှမ်းဆီတို့သာဖြစ်ပါ သည်။ ခေတ်အဆက်ဆက် ဖြတ်သန်းလာပြီး လူဦးရေတိုးတက်လာ သည်နှင့်အမျှ ပြောင်းလဲလာသော နေထိုင်စားသောက်မှုပုံစံများ နှင့် ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲကျင့်သုံးမှုတို့ကြောင့် မြန်မာ့စားသုံးဆီဈေးကွက်တွင် စားသုံးဆီအမျိုးမျိုးတို့ကို တွေ့မြင် လာရသည်။

Monday, 24 Apr 2023

မြန်မာနိုင်ငံတစ်ဝန်း ထင်ပေါ်ကျော်ကြားသော လက်မှုလုပ်ငန်းများတွင် မန္တလေးမြို့မှ ရွှေချည်ထိုး ငွေချည်ထိုးလုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ ပုဂံမြို့မှ ယွန်းထည်လုပ်ငန်းများအပြင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ ထုတ်လုပ်လျက်ရှိသော မြန်မာ့ရိုးရာ အနုပညာလက်မှု ပုသိမ်ထီးလုပ်ငန်းသည် မြန်မာနိုင်ငံအတွင်းသာမက ကမ္ဘာမှာပင် ထင်ရှားကျော်ကြား၍ ပြည်တွင်းပြည်ပဈေးကွက်တွင် လူကြိုက်များလျက်ရှိကြောင်း ပုသိမ်မြို့တောရကျောင်းလမ်း မိရိုးဖလာ ပုသိမ်ထီးပြုလုပ်ရောင်းချလျက်ရှိသော ရွှေစာထီးလုပ်ငန်းရှင်ထံမှ သိရသည်။

Tuesday, 28 Mar 2023

စစ်ကိုင်းဂစ်တာလုပ်ငန်းကို အိမ်တွင်းလက်မှုလုပ်ငန်းအဖြစ် ၁၉၇၄ ခုနှစ်မှစ၍ မိရိုးဖလာ လက်ဆင့်ကမ်းအမွေအဖြစ် ခံယူပြီး ဦးကျော်သိန်းက မောင်ကျော်သိန်း ဂစ်တာနာမည် အမှတ်တံဆိပ်ဖြင့် တစ်ဦးတည်းစတင်ထုတ်လုပ်ခဲ့ရာ စစ်ကိုင်းအိုးဟု မြန်မာတစ်နိုင်ငံလုံးတွင် ထင်ပေါ်ကျော်ကြားခဲ့သည်။ မိရိုးဖလာအမွေအဖြစ် မျိုးဆက်သစ်များက ဆက်လက်ထိန်းသိမ်းခဲ့ပြီး လေ့လာသင်ကြားစူးစမ်းထုတ်လုပ်ခဲ့ကြသဖြင့် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှစ၍  ဆန်းသစ်တီထွင်မှုများနှင့် အတူ နိုင်ငံတကာအဆင့်မီ ကြိုးတပ်တူရိယာပစ္စည်းမျိုးစုံ ထုတ်လုပ်နိုင်ခဲ့ကြသည်။

Friday, 17 Mar 2023

နယ်စပ်ကုန်သွယ်ရေးဆိုသည်မှာ

Wednesday, 1 Mar 2023

ခရီးသွားများ အပန်းဖြေအနားယူနိုင်သည့် စိမ်းစိုသော ပတ်ဝန်းကျင်များ ဖော်ထုတ်ရေး၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသော ဝန်ဆောင်မှုကောင်းများ ပေးစွမ်းနိုင်ရေး၊ လုံခြုံရေးနှင့် ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ်တို့ အသုံးပြု၍ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လှုပ်ရှားမှုများတွင် ဝိုင်းဝန်းပူးပေါင်ဆောင်ရွက်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။ ဟိုတယ်အဆင့်အတန်းကို ဟိုတယ်အခန်းဖွဲ့စည်းမှု၊ အသုံးအဆောင်ပစ္စည်းများ အရည်အသွေး၊ ဟိုတယ်ဝန်ထမ်းများ၏ အရည်အသွေး ဝန်ဆောင်မှု စံချိန်စံညွှန်းများ၊ အဆောက်အအုံ၏ အင်ဂျင်နီယာပိုင်းဆိုင်ရာ အရည်အသွေးများအပေါ် မူတည်သတ်မှတ်ခြင်းဖြစ်သည်။ ဟိုတယ်တစ်ခုအတွက

Tuesday, 21 Feb 2023

ကြိမ်ဟူသော  ဝေါဟာရသည် မြန်မာ့ဝေါ ဟာရဖြစ်ပြီး ရူပဗေဒပညာရပ်တွင် CHLAMUS  အင်္ဂလိပ်အခေါ် CANE ဟု လည်းကောင်း၊  RATTAN ဟုလည်းကောင်း  ခေါ်ဝေါ်ပါသည်။ ကမ္ဘာပေါ်တွင် ကြိမ်အမျိုးပေါင်း ၃၇၅ မျိုးရှိရာ မြန်မာနိုင်ငံ၌ ၃၄ မျိုးခန့်ရှိပြီး ကုန်းပေါ်တွင်ပေါက် သော ကုန်းကြိမ်နှင့် ရေစပ်တွင်ပေါက်သော ရေ ကြိမ်ဟူ၍   နှစ်မျိုးခွဲခြားထားသည်။  ကုန်းကြိမ်သည် ပင်စည်ကြီးပြီး ရေကြိမ်သည် နွယ်ဆန်သည့်အပင် မျိုးဖြစ်ကာ ပင်လုံးသေး ပါသည်။ မြန်မာနိုင်ငံတွင် ကြိမ်ပေါက်ရောက်ရန် ရေမြေတောတောင်သဘာဝ ရာသီဥတုနှင့်  ကိုက်ညီသော ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင်  

Thursday, 19 Jan 2023

ကမ္ဘာ့အလယ်တွင် မြန်မာဟု ဂုဏ်တင်ဝင့်ကြွား စကားဆိုနိုင် ခြင်းမှာ မြန်မာ့ယဉ်ကျေးမှုစစ်စစ်အမွေအနှစ်တို့  ခိုင်မာတောင့်တင်း စွမ်းအားမြင့်မားခြင်းအပေါ်တွင် တည်မှီသည်ဟု ယုံကြည်ပါသည်။ ထို မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ပန်းဆယ်မျိုးမှာ ရှေ့တန်းမှ ပါဝင် ကြောင်း တွေ့ရသည်။ ပန်းဆယ်မျိုးမှာ ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့ ၊ ပန်းတမော့၊ ပန်းပု၊ ပန်းရန်၊  ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်းတို့ ဖြစ်သည်။

Thursday, 19 Jan 2023
,

၀ါသီးနှံ၏သမိုင်း

ဝါသီးနှံရဲ့သက်တမ်း ဘယ်လောက်ရှိတယ်ဆိုတာ မည်သူမျှမသိကြပါဘူး။ သိပ္ပံပညာရှင်များရဲ့ ရှာဖွေတွေ့ရှိချက်အရ မက္ကဆီကိုမှာရှိတဲ့ ဂူတွေထဲမှာ ဝါအသီးတွေနဲ့ ပိတ်စအနည်းငယ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီပိတ်စတွေရဲ့သက်တမ်းဟာ အနည်းဆုံး နှစ်ပေါင်း  ၇၀ဝ၀ သက်တမ်းရှိတယ်ဆိုတာတွေ့ခဲ့ကြတာဖြစ်ပါတယ်။ ယနေ့ခေတ်အခါမှာတော့ အမေရိကားလိုဒေသတွေမှာ အများအပြား စိုက်ပျိုးလျက်ရှိပါတယ်။ 

Pages