Main menu

Background

Wednesday, 20 Dec 2023

ထိုင်းငချိပ်(ခေါ်) ရာသီစပါးဖြစ်သည့်   ငချိပ်စပါးကို ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ  ကျေးရွာအနှံ့အပြားတွင် စိုက် ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဝက်လက်မြို့နယ်၊   စိုင်နိုင်ကြီး ကျေးရွာရှိ တောင်သူများသည် ငချိပ်စပါးကို စတင်၍စမ်းသပ် စိုက်ပျိုးခဲ့သည်။ ငချိပ်စပါးကို   ၂၀၂၂-၂၀၂၃ခုနှစ် မိုးစပါး ရာသီချိန်ဖြစ်သည့် ဇူလိုင်လအတွင်း ပျိုးထောင်၍  သြဂုတ်လ အတွင်းတွင်  စိုက်ပျိုးရကြောင်း စိုက်ပျိုးသူ တောင်သူနှင့် ဆက်သွယ်မေးမြန်းမှုအရ သိရှိရ သည်။
တစ်ဧကကုန်ကျစရိတ် 

Wednesday, 20 Dec 2023

မေ်လမြိုင်မြို့တွင် အုန်းစိမ်းရည်များ အရောင်းအဝယ် သွက်လျက်ရှိသဖြင့် အုန်းစိမ်းဝယ်ရောင်း လုပ်ငန်းရှင်များမှာ ခြံအရောက်ကိုယ်တိုင် အပင်ပေါ်တက်ခူးသည့်စနစ်ဖြင့် လာ ရောက်ဝယ်ယူလျက်ရှိကြောင်း သိရှိရသည်။ အုန်းစိမ်းရည်ကို သဘာဝအတိုင်း သောက်သုံးခြင်းအပြင် အချို့မှာ အုန်းစိမ်း ဂျယ်လီ ပြုလုပ်ခြင်း၊ အုန်းစိမ်းရေခဲမုန့်ပြုလုပ်၍လည်း ရောင်း ချကြသည်။  အုန်းစိမ်းရည်   တစ်လုံးလျှင် ကျပ် ၁၀ဝ၀- ၁၅၀ဝ၊ အုန်းစိမ်းဂျယ်လီ တစ်လုံးလျှင် ကျပ် ၁၅၀ဝ-၂၀ဝ၀ ၊ အုန်းသီး ရေခဲမုန့် တစ်လုံးလျှင် ကျပ် ၂၀ဝ၀-၃၀ဝ၀ ဖြင့် ရောင်းချကြ သည်။  မိုးတွင်းတုန်းကတော့ အရောင်းအဝယ်ပါးတယ်၊ ပွင့်လင်းရာသီ ရောက်လာတော့ အရောင်းအဝယ် သွက

Monday, 4 Dec 2023

ရင်းနှီးမြှုပ်နှံသူတို့သည် တစ်ကမ္ဘာလုံးရှိ စတော့အိပ်ချိန်း များမှတစ်ဆင့် စတော့များ၊ ငွေချေးစာချုပ်များ၊  ဒီရီဗေးတစ်ဖ် စာချုပ်စာတမ်းများကို သွက်လက်စွာ  ပါဝင်ရောင်းဝယ်လျက် ရှိသည်။ စတော့အိပ်ချိန်းတို့သည် ရောင်းသူ-ဝယ်သူ မည်သူ မည်ဝါ ဆိုသည်ကို မသိရှိရသော ရောက်ရှိလာသည့် ငွေချေး သက်သေခံလက်မှတ် အရောင်း၊ အဝယ်အော်ဒါများကို အီလက် ထရွန်နစ်နည်းပညာများ အသုံးပြုကာ  သတ်မှတ်စည်းမျဉ်းများ နှင့်အညီ ရောင်းဝယ်ပေးသည်။ သို့သော် အချို့စတော့အိပ်ချိန်း များတွင် စတော့ရောင်းဝယ်ရေးကြမ်းပြင် Trading Floor) များ ကို ဆက်လက်ထားရှိကာ ရောင်းဝယ်ကြသည်လည်းရှိသည်။ ဥပမာ- နယူးယောက် စတော့အိပ်ချိန်း ယူရိုနက်စ် NYSE

Monday, 4 Dec 2023

တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစု ပင်လယ်ကမ်းခြေများမှ ထွက်ရှိသည့် သဘာဝအော်ဂဲနစ်အုန်းသီးမှ ကျန်းမာရေး အထောက် အကူပြု သောက်နိုင်၊ သုံးနိုင်သည့် မိသားစုကျန်းမာရေးအတွက် ဘက်စုံအသုံးတဲ့သော  အားထားရာ King Island  အမှတ်တံဆိပ် Extra Organic Virgin Coconut Oil (အုန်းပျိုဆီ) များ ထုတ်လုပ်လျက် ရှိသည်။

Monday, 4 Dec 2023

စက္ကူပျော့ဖတ်ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းအဖြစ် သုံးနိုင်သည့် ဝါးများကို မြန်မာနိုင်ငံ၏သဘာဝသစ်တောများမှ  နှစ်စဉ် ဝါးအလုံးရေ သန်း ၃၀ဝကျော်ခန့် ထုတ်လုပ်ပေးနေကြောင်း သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။မြန်မာနိုင်ငံ၌ စက္ကူပျော့ဖတ်ထုတ်လုပ်ရန် ကုန်ကြမ်းအဖြစ် အသုံး ပြုနိုင်သည့် ကြီးမြန်သစ်မျိုးနှင့် ဝါးမျိုးများစွာရှိပြီး သဘာဝတောများမှ နှစ်စဉ် ဝါးအလုံးရေ ၃၀၁ သန်း ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။အဆိုပါ ထုတ်လုပ်နိုင်မှုသည် ဝါးစက္ကူပျော့ဖတ်စက်ရုံများအတွက် လိုအပ်သောကုန်ကြမ်းကို ပံ့ပိုးပေးနိုင်ပြီး ရေရှည်ကုန်ကြမ်းများရရှိစေရေး အတွက် ဝါးစိုက်ခင်းများနှင့် ကြီးမြန်

Monday, 4 Dec 2023

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ရှိ World Trade Center တွင် “Gulfood  2024 ” ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၃ ရက်အထိ ကျင်းပ ပြုလုပ်မည်ဖြစ်သည်။ အဆိုပါပြပွဲသို့ ပါဝင်ပြသမည်ဆိုပါကOnline မှ Registration  ပြုလုပ်ရမည်ဖြစ်ပြီးRegistration Fees 595 AED ကျသင့် မည်ဖြစ်သည်။  Early Bird Registration Feesအဖြစ် ၆၀ % သက်သာ ခွင့်ရရှိမည်ဖြစ်ပြီး 245 AED ဖြင့်   Registration ပြုလုပ်၍ ပါဝင်ပြသနိုင် မည်ဖြစ်သည်။

Monday, 4 Dec 2023

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်းသည် နိုဝင်ဘာ ၂၇ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၃ နိုင်ငံအနက် အာဂျင်တီးနားနိုင်ငံသည် ယခုတစ်ပတ်တွင်၁၄ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး ဂါနာနိုင်ငံတွင် ၂ ဒသမ ၈၀ ရာခိုင်နှုန်း၊ ချီလီနှင့် ဂျပန်နိုင်ငံတို့တွင် သုညဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ခြောက်နိုင်ငံရှိကြောင်း တွေ့ရှိရသည်။ယခုတစ်ပတ်အတွက် နိုဝင်ဘာ ၂၇ ရက် ဖော်ပြချက်၌ မြန်မာ၊ကမ္ဘောဒီးယား၊ အင်ဒိုနီးရှာ

Monday, 4 Dec 2023

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ်၊နိုဝင်ဘာ ၂၉ ရက်တွင်Thai Rice Exporter Association Websiteတွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၇ ဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၇ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရသည်။ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၅၄ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၄၀ ဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၈ ဖြင့်လည်းကောင်း၊ ပေါင်းဆန်တစ

Monday, 20 Nov 2023

ရင်းနှီးမြှုပ်နှံမှုဘဏ်တစ်ခုသည် ၎င်း၏ဖောက်သည်တို့အတွက် ရှယ်ယာဝန်ဆောင်မှုများကို ပေးလေ့ရှိသည်။ ယင်းသို့ဝန်ဆောင်မှုများပေးရန် ဖောက်သည်ဝန်ဆောင်မှုဌာနကို တည်ထောင်ထားပြီး ၎င်းဌာနတွင် ဝယ်ရောင်းဌာန၊ အရောင်းပရော်ဖက်ရှင်နယ်များနှင့် သုတေသနသမားများဖြင့် ဖွဲ့စည်းထားပါသည်။ ဝယ်ရောင်းဌာနသည် တစ်ဦးချင်းနှင့် အဖွဲ့အစည်းအလိုက်ရင်းနှီးမြှုပ်နှံသူများ ပြန်လည်ရောင်းချသည့် ရှယ်ယာများကို ဝယ်ယူကာ ဈေးအမြင့်ဖြင့် အခြားသော ဝယ်ယူလိုသူများသို့ ပြန်လည်ရောင်းချလေ့ရှိသည်။ ဤသို့ ဝယ်ယူကာ ပြန်လည်ရောင်းချသည့်လုပ်ငန်းသည် ဆုံးရှုံးနိုင်ခြေရှိမှု (Risk)များနှင့် ဆက်နွှယ်နေသည့်အပြင် မြောက်များလှစွာသော အချက်များ

Monday, 20 Nov 2023

ရွှေပဲကြော်လုပ်ငန်းသည်   မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာတွင် တည် ရှိပြီး ရွှေပဲကြော်လုပ်ငန်းပိုင်ရှင်နှင့် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ  ဒုခရိုင် ဦးစီးမှူး   ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် နိုဝင်ဘာ ပထမပတ်တွင် ရွှေပဲကြော်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဈေးကွက်ရရှိပြီးသည်ထက် ပိုမို ဈေး ကွက်ရရှိရေးနှင့် သက်ဆိုင်ရာဌာနများ၏ လုပ်ငန်း လိုင်စဉ်များ ပြည့်စုံစွာ  ဆောင်ရွက်ထားရှိနိုင်ရေး   တို့ကို အပြန်အလှန်ဆွေးနွေးခဲ့သည်။

Pages