မဟာမဲခေါင်ဒေသခွဲ၏ ခရီးသွားလုပ်ငန်းလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး နိုင်ငံတကာ ဆွေးနွေးပွဲ

   ကမ္ဘောဒီးယား၊ တရုတ်နိုင်ငံ (ယူနန်ပြည် နယ်နှင့် ဂွမ်ရှီးပြည်နယ်)၊ လာအို၊ မြန်မာ၊ ဗီယက် နမ်နှင့် ထိုင်းနိုင်ငံတို့ပါဝင်သော မဟာမဲခေါင် ဒေသခွဲနိုင်ငံများ အဖွဲ့အစည်း(Greater Mekong Subregion-GMS ကို (၁၉၉၂)ခုနှစ်က စတင် ဖွဲ့စည်းခဲ့ပါသည်။ စတင်ဖွဲ့စည်းစဉ်က တရုတ်နိုင်ငံ ဂွမ်ရှီးပြည်နယ် (Guangxi Province) မပါဝင် သေးပဲ ၎င်းသည် ၂ဝဝ၅ ခုနှစ် က ဝင်ရောက်ခဲ့ပါ သည်။မဟာမဲခေါင်ဒေသခွဲ ဖွဲ့စည်းပြီးနောက် ဒေသခွဲ၏ စီးပွားရေးကဏ္ဍအသီးသီးကို အရှိန် အဟုန်နှင့် ဖွံဖြိုးတိုးတက်ရန် အဖွဲ့ဝင်နိုင်ငံများ စုစည်းညှိနှိုင်း၍ လုပ်ငန်းမဟာဗျုဟာများ ချမှတ် ဆောင်ရွက်ခဲ့ပါသည်။ယနေ့ကမ္ဘာပေါ်တွင် ခရီးသွားလုပ်ငန်းကို နိုင်ငံအသီးသီးနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ပေးစွမ်းသော စီးပွားရေးလုပ်ငန်း တစ်ရပ်အဖြစ် ခံယူ၍ ၎င်းလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆောင် ရွက်လျက်ရှိရာ ယဉ်ကျေးမှု၊ သမိုင်းအစဉ်အလာ၊ သဘာဝအရင်းအမြစ်အပါအဝင် အခြားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေးအရင်းအမြစ်များ ပေါကြွယ်ဝ သော မဲခေါင်ဒေသခွဲသို့ ကမ္ဘာလှည့်ခရီးသည်များ ပိုမိုလာရောက်ပြီး  ဒေသခွဲအတွင်း နိုင်ငံအသီးသီး ၏ ပြည်သူများအတွက် စီးပွားရေး၊ လူမှုရေး  အကျိုး ရလဒ်ဖြည့်ဆည်းပေးရန် ဦးတည်ချက်ထား ဆောင်ရွက်ခဲ့ပါသည်။အထူးသဖြင့် ခရီးသွားလုပ်ငန်းကို မဟာ မဲခေါင်ဒေသခွဲ၏  11 Flagshipစီမံကိန်းများ အကောင်အထည်ဖော်ရန်  လုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်ပြီး မဲခေါင်ဒေသအား တစ်ခုတည်းသော ခရီးစဉ်ဒေသ (GMS as a Single Destination)) အဖြစ် ပေါ်ပေါက်ရေး ဆောင်ရွက်ခဲ့ပါသည်။ ဒေသခွဲအတွင်း ခရီးသွားလုပ်ငန်း စနစ် တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာမဲခေါင် ဒေသခွဲ ခရီးသွားလုပ်ငန်း မဟာဗျုဟာစီမံကိန်းကို ၂ဝဝ၆ ခုနှစ်တွင် အပြီးသတ်ရေးဆွဲခဲ့ပြီး ၂ဝဝ၈ ခုနှစ်၌ကျင်းပသော မဲခေါင်ထိပ်သီး အစည်းအဝေး တွင် အတည်ပြုခဲ့ပါသည်။ ယင်း မဟာဗျုဟာ စီမံကိန်းတွင် ဈေးကွက်မြှင့်တင်ရေး၊ ဦးစားပေးခရီး သွားဇုန်များဖွံ့ဖြိုးရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အမွေအနှစ်နှင့် လူမှုရေးအကျိုုး သက်ရောက်မှုများ စီမံခန့်ခွဲရေး၊ နွမ်းပါးမှုလျော့ နည်းရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး၊ ပုဂ္ဂလိက ပါဝင်ပူးပေါင်းရေးနှင့် ရင်းနှီးမြုပ်နံှရေးနှင့် နယ်စပ် ဖြတ်ကျော် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဟူသော နယ်ပယ်များအလိုက် ခွဲခြားထားသော စီမံကိန်း ၂၉ ခုကိုရေးဆွဲ၍ စီမံကိန်း အကောင်အထည်ဖော်ရေး၊ ဦးဆောင်နိုင်ငံများ သတ်မှတ်ကာထောက်ပံ့ ပေးသော အဖွဲ့အစည်းများ (Development Partners) ၏ ပံ့ပိုးမှုဖြင့် စီမံကိန်းအလိုက်ပါဝင် သော နိုင်ငံများ ပူးပေါင်းအကောင်အထည်ဖော် ရေးဆောင်ရွက်လျက်ရှိပါသည်။ မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်း မဟာ ဗျူဟာစီမံကိန်းများ  အောင်မြင်စွာ  အကောင် အထည်ဖော်ရေးအတွက် အတွင်းရေးမှူးရုံးအဖြစ် လည်းကောင်း၊ နိုင်ငံအားလုံးပါဝင်သော ဈေးကွက် မြှင့်တင်ရေး မဟာဗျုဟာလုပ်ငန်း စီမံကိန်းများကို ဦးဆောင်ညှိနှိုင်း    အကောင်အထည်ဖော်ရန် အတွက် လည်းကောင်း၊  မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံး  ((Mekong Tourism Coordinating Office - MTCO) ကို ၂ဝဝ၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။ ယနေ့ကာလတွင် ထိုင်းနိုင်ငံ၌ အခြေစိုက်ပြီး အမှုဆောင်ဒါရိုက်တာတစ်ဦး၊ စီမံ ကိန်း ညှိနှိုင်းရေးမှူးနှင့် အတွင်းရေးမှူးရှိပါသည ်MTCO  သည် ဒေသခွဲ၏ ခရီးသွားလုပ်ငန်း၊ ဈေး ကွက်မြှင့်တင်မှုလုပ်ငန်းရပ်များကို ဒေသတွင်းနှင့် နိုင်ငံတကာတွင် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် နေသကဲ့သို့ စီမံကိန်းများ အကောင်အထည်ဖော် ရေးနှင့် အဖွဲ့ဝင်နိုင်ငံများ ပါဝင်တက်ရောက်သော ခရီးသွားလုပ်ငန်း အဖွဲ့အစည်းအဝေးများကို ကျင်း ပရေးနှင့် ရှေ့အနာဂတ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ ဖော်ထုတ်ရေးတို့ကို ညှိနှိုင်းဆောင် ရွက်နေပါသည်။လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက် ရေးသည် ကဏ္ဍအသီးသီးအတွက် အရေးကြီး သကဲ့သို့မဲခေါင်ဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးတွင်လည်း မရှိမဖြစ်အရေးကြီးသော ကဏ္ဍ တစ်ရပ်အဖြစ် သတ်မှတ်ပြီး ခရီးသွားလုပ်ငန်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိးတိုးတက်ရေး စီမံ ကိန်း(၄)ရပ် ရေးဆွဲထည့်သွင်း အကောင်အထည် ဖော်လျက်ရှိပါသည်။ အထူးသဖြင့် လုပ်ငန်းကျွမ်း ကျင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ် ခြင်း  အလုပ်ရုံဆွေးနွေးပွဲများ  ကျင်းပခြင်းတို့ကို ဆောင်ရွက်ပါသည်။လူဦးရေ ၃၂၅ သန်းရှိသော မဟာမဲခေါင် ဒေသခွဲသို့တစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသည် ၂၅ သန်းခန့်လာရောက်လည်ပတ်နေပါသည်။  ခရီး သွားလုပ်ငန်းတွင် ဆောင်ရွက်နေကြသော စီမံ ခန့်ခွဲသူလုပ်သား သန်းချီရှိပြီး ဒေသခွဲ၏ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအပေါ် မူတည်၍ ၂ဝ၁၅ ခုနှစ်တွင် လုပ်သားအင်အား ၂ ဒသမ ၁၄ သန်း လိုအပ်လာမည်ဟု ခန့်မှန်းထားကြပါသည်။ သို့ဖြစ် ရာ ဒေသခွဲအတွင်း အရည်အချင်းပြည့်ဝသော လုပ်သားများ  ပြည့်ပြည့်ဝဝ  ပေါ်ထွက်လာရေး အတွက် နိုင်ငံများအားလုံး  အခါအားလျော်စွာ စုစည်းညှိနှိုင်း သုံးသပ်ဆွေးနွေး၍ လိုအပ်သော အစီအမံများ၊ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် လျက်ရှိပါသည်။မဟာမဲခေါင်ဒေသခွဲ၏  ခရီးသွားလုပ်ငန်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာ နိုင်ငံတကာဆွေးနွေးပွဲ (International Conference on GMS HAD in Tourism) ကို ၂ဝ၁ဝပြည့်နှစ် ဇန်နဝါရီလ ၂၂ရက်မှ ၂၄ ရက် နေ့အထိ ထိုင်းနိုင်ငံ Hua Hin  မြို့၌ ကျင်းပခဲ့ပါ သည်။ မဟာမဲခေါင်ဒေသခွဲ နိုင်ငံများ၏ ခရီးသွား လုပ်ငန်းကဏ္ဍမှ အစိုးရနှင့် ပုဂ္ဂလိကကိုယ်စားလှယ် များ၊ လူ့စွမ်းအားဖွံ့ဖြိုးမှု ပညာရေးဆိုင်ရာ အဖွဲ့ အစည်းများမှ ကျွမ်းကျင်သူများနှင့် ကိုယ်စား လှယ်များ ပါဝင်တက်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီသွားလာရေးလုပ်ငန်း ဝန်ကြီး ဌာနမှ ကျွမ်းကျင်အကြံပေးပုဂ္ဂိုလ် ဒေါ်ကြည်ကြည် အေး၊ ကန်တော်ကြီးဟိုတယ်နှင့် ခရီးသွားလုပ်ငန်း သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးဝင်းကြည် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရှင်များအသင်း  အလုပ်အမှုဆောင်  အဖွဲ့ဝင် ဦးအောင်ဒင်တို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ဆွေးနွေးပွဲကို နိုင်ငံတကာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (Foundation for Internatiuonal Human Resource Development- FIHRD)  ထိုင်းနိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက် ရေး အေဂျင်စီ၊ ထိုင်းနိုင်ငံခရီးသွားလုပ်ငန်း အား ကစား ဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့၊ ထိုင်းနိုင်ငံ ခရီးသွားစီမံခန့်ခွဲမှုအသင်း၊ လူ့ စွမ်းအားဖွံ့ဖြိုးမှု ပေါင်းစည်းရေးဗဟိုဌာနနှင့် Stamford International University  တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ပါသည်။ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင်  ကျင်းပရာ ထိုင်းနိုင်ငံဝန်ကြီးချုပ်H-E Mr Abhisit Vejjajiva တက်ရောက်ဖွင့်လှစ်ပေးပါသည်။ ဆွေးနွေးပွဲပထမ နေ့တွင် ပါမောက္ခ ီမ.Dr.Chira Hongladarom က မဟာမဲခေါင်ဒေသခွဲအတွင်း လူ့စွမ်းအား အရင်း အမြစ်ဆိုင်ရာ သုတေသနပြုဖော်ထုတ်ခြင်း စာတမ်းကို ဖတ်ကြားတင်သွင်းဆွေးနွေးကြပြီး လာအို၊ တရုတ်(ယူနန်ပြည်နယ်)နှင့် ကမ္ဘောဒီးယားနိုင်ငံ များမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တို့က လက်ရှိ  ခရီးသွားလုပ်ငန်းနှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးမှုဆိုင်ရာများကို  ရှင်းလင်းတင်ပြကြပါသည်။လာအိုနိုင်ငံသည် ၂ဝဝ၉ခုနှစ်တွင် ခရီးသည် ၁ဒသမ ၇သန်းလာရောက်ခဲ့ပြီး ဝင်ငွေအမေရိကန် ဒေါ်လာ ၂၇၅ ဒသမ ၅သန်း ရရှိပါသည်။ အာရှ-ပစိဖိတ်ဒေသများက  အဓိက လာရောက်ကြပါ သည်။ ခရီးသွားလုပ်ငန်း တွင်လုပ်ကိုင်နေကြသော လုပ်သားအင်အားသည် တစ်နိုင်ငံလုံးရှိ လုပ်သား အင်အား၏ ၅ရာခိုင်နှုန်းရှိပါသည်။ တိုက်ရိုက် လုပ်ကိုင်နေသူ လုပ်သား ၂၂ဝဝဝ ရှိပြီး ဆက်စပ် ဆောင်ရွက်သူဦးရေ သုံးသိန်းမှ လေးသိန်းရှိပါ သည်။ အဓိကအားဖြင့် ခရီးသွားလုပ်ငန်း ဟိုတယ် များ၊ စားသောက်ဆိုင်များ၌ လုပ်ကိုင်ကြပါသည်။ ၂ဝ၁၅ခုနှစ်တွင် ခရီးသွားလုပ်ငန်း အလုပ်အကိုင် ပေါင်း တစ်သိန်းခန့် ထပ်မံပေါ်လာမည်ဖြစ်သည်။ ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရေးကို အဓိကအား ဖြင့် ပညာရေးဌာနကဖြည့်ဆည်းပေးပါသည်။ ခရီး သွားလုပ်ငန်း၊ အသက်မွေးပညာနှင့် တက္ကသိုလ် ပညာကျောင်းများအတွက် ဘဏ္ဍာရေးအထောက် အပံ့ သင်ရိုးညွှန်းတမ်းနှင့် အသိအမှတ်ပြုမှုများကို တာဝန်ယူ ဆောင်ရွက်ပါသည်။ အစိုးရမှဖွင့်လှစ် သော တက္ကသိုလ်များအဖြစ် ပုဂ္ဂလိကသင်တန်း ကျောင်းများကလည်း အချိန်ပိုင်း၊ အချိန်ပြည့် သင် တန်းများ ဖွင့်လှစ်သင်ကြားပါသည်။ ပညာရေး ဝန်ကြီးဌာနက အသိအမှတ်ပြုနိုင်ငံတွင်း အသက် မွေးနှင့် ကျွမ်းကျင်မှု ဟိုတယ်သင်တန်းကျောင်း၉ ကျောင်းရှိပါသည်။ လာအို အမိုျးသားတက္ကသိုလ် သည် ခရီးသွားနှင့် ဟိုတယ်စီမံခန့်ခွဲမှု ဘွဲ့နှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုဘွဲ့များ ပေးပါသည်။ ၎င်းအပြင် ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်ဆိုင်ရာ  သင်တန်းကျောင်း၊  လာအို ဟိုတယ်နှင့် စားသောက်ဆိုင်အသင်း၊ လာအို ခရီး သွားလုပ်ငန်းရှင်များနှင့် ပုဂ္ဂလိက ကောလိပ်များ အသင်း၊ ဧည့်လမ်းညွှန်၊ ဟိုတယ်နှင့် နိုင်ငံခြား ခရီးသည်သင်တန်းများ ပို့ချလျက်ရှိပါသည်။လာအိုနိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ စိန် ခေါ်မှုများမှာ လုပ်ငန်းနယ်ပယ်မှ လိုအပ်ချက်များ ပြည့်ဝအောင်  နိုင်ငံတကာအဆင့်မီ  အရည် အသွေးပြည့်ဝသော သင်တန်းများ၊ လုံလုံလောက် လောက် ဖြည့်ဆည်းပေးရန်ပင် ဖြစ်ပါသည်။ ထို့ ကြောင့် ပညာသင်  လုပ်သားအင်အားကို လုံ လောက်စွာ ဖြည့်ဆည်းပေးရုံမျှမက ကျွမ်းကျင် သော လုပ်သားများ မွေးထုတ်ပေးရေးသည်လည်း အရေးကြီးကြောင်း လာအိုနိုင်ငံက ရှင်းလင်းတင်ပြ သွားပါသည်။ လာအိုနိုင်ငံသည် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ြဖ်ုးရေး မဟာစီမံကိန်းရေးဆွဲခြင်း၊ စွမ်းရည်မြှင့်တင်ခြင်း၊ သင်ရိုးညွှန်းတမ်းများနှင့် သင် ထောက်ကူပစ္စည်းများ ဖွံ့ဖြိုးခြင်း၊ အမိုျးသား ခရီး သွားနှင့် ဟိုတယ်သင်တန်းကျောင်း ဖွံ့ဖြိုးခြင်းနှင့် ဒေသအနံှ့ သင်ကြားခြင်းဟူသော ဧရိယာ ၅ ရပ် အတွက် ယူရိုငွေ ၅ ဒသမ  ၅ သန်း ကုန်ကျမည့်  Luxembourg   အစိုးရမှငါးနှစ်စီမံကိန်းကို အကောင်အထည်ဖော်လျက် ရှိပါသည်။(ဆက်လက်ဖော်ပြပါမည်)