ဘေယောင်ဂျွန်းWinter Sonataအင်နီမေးရှင်း ဇာတ်ကားရိုက်ကွင်း မတော်တဆမှုမှာ ဒဏ်ရာရသွားတဲ့ ပရိသတ်တွေကို ဆေးရုံမှာ ကိုယ်တိုင်သွားရောက်ကြည့်ရှုအားပေး
ကမ္ဘာတစ်လွှားလူကြိုက်များလှတဲ့ ကိုရီးယားမင်းသား ဘေယောင်ဂျွန်း ပါဝင်သရုပ်ဆောင်ထားတဲ့ Winter Sonata ရုပ်ရှင် ဇာတ်ကားကို အင်နီမေးရှင်းဗားရှင်းအဖြစ် ပြန်လည်ရိုက်ကူးနေရာမှာ မတ်လ ၁၂ ရက်နေ့က ရိုက်ကွင်းအတွင်း ရုတ်တရက် လေပြင်းဝင်ရောက်မွှေနှောက်သွားလို့ ဆက်တင်များပြုတ်ကျပြီး လာရောက်အားပေးနေ ကြတဲ့ ပရိသတ် ၃ဝ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ တာဖြစ်ပါတယ်။ အဆိုပါ ဒဏ်ရာရ ပရိသတ်များ တက်ရောက်ကုသနေ ကြတဲ့ ဆေးရုံတွေကို မင်းသားချော ဘေယောင်ဂျွန်း ကိုယ်တိုင် မတ်လ ၁၅ ရက်နေ့က သွားရောက်ခဲ့တယ်လို့ သိရ ပါတယ်။ ဘေယောင်ဂျွန်းရဲ့ အေဂျင်စီဖြစ် တဲ့ BOFရဲ့ ပြောရေးဆိုခွင့်ရှိသူက ''မင်းသားကိုယ်တိုင် ဒဏ်ရာရ ပရိသတ် တွေတက်ရောက်နေ ကြတဲ့ ဆေးရုံလေး ရုံကို သွားရောက်ပြီး တစ်ဦးချင်းစီကို အားပေးစကား ပြောကြားခဲ့ပါတယ်''လို့ ပြောကြားပါတယ်။ ဒဏ်ရာရ ပရိသတ်တွေထဲမှာ ၂၈ ဦးဟာ ဂျပန်ကမ္ဘာ့လှည့် ခရီးသွားများဖြစ်တယ်လို့ ဆိုပါတယ်။
