စက်တင်ဘာလ၂၃ရက်အထိ နို့ဆီတန်ချိန် ၄၆၀ ကျော်နဲ့ နို့မှုန့်တန်ချိန် ၄၈၀ ကျော်ဝင်

     စက်တင်ဘာ ၁ ရက်မှ ၂၃ ရက် အထိ သီတင်းပတ်အတွင်း နို့ဆီ ၄၆၆ ဒသမ ၉၁၉ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ  တင်သွင်းခဲ့ပါတယ်။တင်သွင်းခဲ့တဲ့  တံဆိပ်များမှာ အိုကေနဲ့ ဒွန်းနို့ဆီတို့ ဖြစ်ပါတယ်။ နို့မှုန့်က ၄၈၃ ဒသမ ၄၇၃ တန်  တင်သွင်းခဲ့တယ်လို့ သိရပါတယ်။  တင်သွင်းခဲ့တဲ့နိုင်ငံများမှာ နယူးဇီလန်၊ နယ်သာလန်၊ စင်ကာပူ၊ မလေးရှား၊ ပြင်သစ်၊ သြစတြေးလျ၊ ဗီယက်နမ်နဲ့  ပိုလန်တို့ဖြစ်ပါတယ်။

 

သီတာဝင်း (DOT)