အနုပညာအလုပ်ကို တစ်စိုက်မတ်မတ်လုပ်နေပြီး အချိန်တစ်ခုပေးပြီး ကြည့်နေတဲ့ ပရိသတ်တွေအတွက် အလုပ်လုပ်နေတဲ့ ရဲအောင်
လေးဆယ်ဝန်းကျင်အရွယ်ဖြစ်လာပေမယ့် လူငယ်သရုပ်ဆောင်တွေနဲ့ အပြိုင်ရိုက်ကူးနေရပြီး အနုပညာနယ်ပယ်မှာ ရဲအောင်ဆိုတဲ့ နာမည်တစ်ခုနဲ့ ရပ်တည်နေနိုင်ခဲ့တာကြာပါပြီ။ အချစ်ကိုဦးညွှတ်ခြင်းဆိုတဲ့ ရိုက်ကွင်းမှာ ရဲအောင်နဲ့ဆုံတွေ့ခိုက် သူရဲ့အနုပညာ လှုပ်ရှား မှုလေးတွေကို ဃသာာနမခန ပရိတ်သတ်အတွက် တင်ဆက်ပေးလိုက်ပါတယ်။ - ဒီဇာတ်ကားမှာဘယ်လို ကာရိုက်တာနဲ့ သရုပ် ဆောင်ထားသလဲ။ လက်ရှိအသက်အရွယ် ကာရိုက်တာပုံစံပါ။- ၂ဝ၁ဝ မှာ ရုပ်ရှင်ကားကြီး ဘယ်နှစ်ကား ရိုက်ဖို့ရှိလဲ။ ဦးစိုးမိုးရဲ့ တပ်မတော်သမိုင်း ဇာတ်လမ်းကြီးတစ်ခု ရိုက်နေတယ်။ မပြီးသေးဘူး။ နယ်လဲသွားရမယ်။ သရုပ်ဆောင်တွေ တော်တော်များများပါတယ်။ အဲဒါပြီးရင် ကိုစင်ရော်မောင်မောင်နဲ့ ရုပ်ရှင် ကားကြီးတစ်ကားရိုက်ဖို့ ရှိတယ်။ ဖေဖော်ဝါရီလ ကုန်နဲ့ မတ်လဆန်းလောက်ဖြစ်မယ်။ တခြား ပြောထားတာတွေတော့ ရှိတယ်။ အဲဒါတွေက အတိအကျ မဖြစ်သေးဘူး။ ကျန်တာတွေက ဗီဒီယိုကားတွေပါပဲ။- အခု ပေါ်ပေါက်လာတဲ့ တက်သစ်စတွေ အပေါ်အမြင်။တက်သစ်စတွေ တော်တော်များများနဲ့ ရိုက်ဖူး ပါတယ်။ သူတို့တွေက အနုပညာလောကထဲကို ဝင်မလာခင်ကတည်းက သေချာလေ့လာထား တာ များပါတယ်။ သရုပ်ဆောင်တဲ့အပိုင်းမှာ လည်း နည်းနည်းပြောရုံနဲ့ သဘောပေါက်တာ များပါ တယ်။ ဘာပဲ ဖြစ်ဖြစ် ကိုယ်တို့ ခေတ် အနေအထားနဲ့ အများ ကြီးကွာပြီး အများကြီး တိုးတက်လာတာတွေ့ရ တယ်။ အများကြီး ဝမ်းသာစရာ ကောင်းတယ်။ ပိုတာ လိုတာ နည်းနည်းကိုပဲ ဒါရိုက်တာက ညွှန် ကြားပေးတယ်။ ရိုက်ကွင်းမှာ ရီဟာဇယ် ပိုလုပ် လိုက်လို့ရှိရင် အများကြီး အဆင်ပြေသွားကြ တယ်။ ကလေးတွေအကုန်လုံး တော်ကြပါတယ်။ - ပြည်ပခရီးသွားဖို့ ရှိသေးလား။ ပြည်ပခရီး လောလောဆယ် မရှိသေးဘူး။ ပြည် တွင်းခရီးတွေပဲ ရှိတယ်။ ပြင်ဦးလွင်ကို ကားရိုက် သွားဖို့ ရှိတယ်။ -ကိုရဲအောင်ရဲ့ပရိသတ်ကြီးကို ဘာပြောချင်လဲ။ ပရိသတ်တွေက ခုချိန်အထိ အားပေးနေလို့ ကိုယ်သရုပ်ဆောင် လှုပ်ရှားနေရတာပါ။ သရုပ်ဆောင်တဲ့ ဇာတ်ကောင်တွေရဲ့ ပုံစံအားလုံး ပရိသတ်တွေနဲ့ တစ်ထပ်တည်းကျပြီး ပရိသတ် အကြိုက်ဖြစ်စေချင်တယ်။ အခုအချိန်ထိ နွေးနွေးထွေးထွေးရှိနေတဲ့ ပရိသတ်တွေကို ကျေးဇူးလည်း တင်တယ်။ အနုပညာ တစ်ခုတည်းကိုပဲ တစိုက်မတ်မတ် လုပ်နေတယ်။ အရင်ကလည်း သေချာလုပ်ခဲ့တယ်။ အခုထိ လည်း ကိုယ်လုပ်ခဲ့တာတွေကို အချိန်တစ်ခုပေးပြီး ကြည့််နေတဲ့ ပရိသတ်တွေအတွက် အလုပ်တွေ လုပ်နေပါတယ်။
