အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျနိုင်ငံများ၏ ပညာရေးစိတ်ဝင်စားသူများအတွက် အင်္ဂလိပ်စာ၊အင်္ဂလိပ်စကား သင်တန်းဖွင့်လှစ်မည်

    အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် သြစတြေးလျနိုင်ငံများသို့ သွားရောက်ပညာသင်လိုသူများအတွက် ကျွမ်းကျင်ရန်လိုအပ်သော အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား ဘာသာရပ်များအတွက် Noble Nine International School မှ ၂၀၁၀ ခုနှစ် မတ်လမှစတင်၍ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။    အဆိုပါ အင်္ဂလိပ်စာသင်တန်းကို နှစ်နှစ်တာလေ့ကျင့်သင်ကြားပေးမည်ဖြစ်ပြီး နှစ်နှစ်ကာလပြီးဆုံးပါက  IELTS/TOEFLဖြေဆိုရန်မလိုဘဲ ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျပိုင် တက္ကသိုလ်၊ ကောလိပ်များတွင် မိမိနှစ်သက်ရာ ဘာသာရပ်များ ကို တိုက်ရိုက်သင်ကြားခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။     `အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတွေမှာ ကျောင်းသွားတက်တဲ့ ကလေးတွေအတွက် အင်္ဂလိပ်စာက အထူး အရေးကြီးပါတယ်။ ဟိုနိုင်ငံတွေမှာက ဘာသာရပ်တိုင်းကို အင်္ဂလိပ်လိုသင်ကြားတဲ့အတွက် အင်္ဂလိပ်စာကို အရေးအပြောတင် မကဘူး၊ နားထောင်မှုပါ အရေးကြီးပါတယ်။ သူတို့ပြောတာကို နားလည်မှ သင်ယူတဲ့ကာလမှာ အဆင်ပြေပြေ သင်ယူနိုင်မှာပါ`ဟု အဆိုပါကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။    ၎င်းအပြင် အသက် ၁၄ နှစ် (၈ တန်းအောင်) အရွယ် ကျောင်းသား၊ ကျောင်းသူများကို ဗြိတိန်နိုင်ငံ Sixty Form Collegeသင်ရိုးညွှန်းတမ်းဖြင့် အင်္ဂလန်မှ ဆရာ၊ ဆရာမများ၊ နိုင်ငံရပ်ခြားမှ အဆင့်မြင့်ဘွဲ့ရရှိထားသည့် မြန်မာနိုင်ငံမှ ဆရာ၊ ဆရာမများမှ ပူးတွဲသင်ကြားပေးမည်ဖြစ်ကြောင်းနှင့် အသေးစိတ် သိရှိလိုပါက ဖုန်း-၃၉၆၉၁၅၊ ၀၉၅၀၁၁၆၁၅ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။