ကမ္ဘာ့ဈေးကွက်တွင် မြန်မာ့ပဲမိုျးစုံ ဈေးကွက်ဝေစု ပိုမိုရရှိနိုင်မှုနှင့် အလားအလာများအပေါ်မြန်မာနိုင်ငံ ပဲ၊ နှမ်း ကုန်သည်များအသင်း၏ အစုအဖွဲ့အလိုက် ခေါင်းဆောင်များ၏ သဘောထားနှင့် အမြင်များ

ဦးမောင်မောင်တင် ဗဟိုအလုပ်အမှုဆောင်၊ ပဲ၊ နှမ်းကုန်သည်များအသင်း ပဲတီစိမ်း အစုအဖွဲ့ခေါင်းဆောင်      မြန်မာ့ ပဲတီစိမ်းတွေထဲမှာ ခရမ်းသုံးခွကထွက်တဲ့    ပဲတီ ရွှေဝါတွေက  အရည်အသွေး အကောင်းဆုံးပါပဲ၊ ဒီနှစ်မှာ တန်ချိန် တစ်သိန်းခွဲနဲ့ နှစ်သိန်း ကြား တင်ပို့နိုင်မယ်လို့ ခန့်မှန်းပါတယ်။ အထွက်နှုန်း ကောင်း မယ်လို့မျှော်လင့်ထားကြပါတယ်။ မနှစ်က တစ်တန်ကို ဒေါ်လာ ၁၂၅ဝ-ဒေါ်လာ ၁၃ဝဝ ကြား ဈေးအမြင့်ဆုံး ရခဲ့ပါတယ်။ နှစ်စဉ် မေလနောက်ပိုင်းကနေ တစ်နှစ်လုံးဆက်ထွက်မယ့် အညာရွှေဝါနဲ့ ပဲနောက်က တန်ချိန် ၁ သိန်း ၃ သောင်းနဲ့ ၁သိန်း ခွဲကြား တင်ပို့နိုင် မယ်လို့ ခန့်မှန်းပါတယ်။ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းကထွက်တဲ့ ပဲတီ ရွှေဝါကအဓိကပဲဖြစ်ပြီး ဖေဖော်ဝါရီလမှာ စပေါ်ပါတယ်။ တစ်နိုင်ငံ လုံး တစ်နှစ်လုံးဆိုရင် တန် သုံးသိန်းဝန်းကျင်လောက်ရှိပါမယ်။     တောင်သူတွေက မျိုးကောင်းကို ပြောင်းလဲစိုက်ပျိုးလာလို့ အထွက်နှုန်း ပိုကောင်းလာတာပါ။ ခရမ်း၊ သုံးခွ၊ ပဲခူးက ပဲတီရွှေဝါ အခုတစ်တန်ကို ဒေါ်လာ ၁၁ဝဝ ဝန်းကျင်မှာရှိပါတယ်။ နိုင်ငံတကာဈေးကွက်မှာ မြန်မာ့ပဲတီရွှေဝါက အရည်အသွေး မီပါတယ်။ တရုတ်ပဲတီစိမ်းက အလုံးပိုထွားပြီး ပဲပင်ပေါက ်ဖောက်ရင်အဖြူရောင်ရှိပါတယ်၊ မြန်မာ့ပဲကိုဖောက်ရင် အဝါရောင်သန်း တယ်။ အဲဒီ အဝါရောင်သန်းတာကို တရုတ်(တိုင်ပေ)က မကြိုက် ပေမယ့် အခြား ဈေးကွက်အားလုံးက ကြိုက်ကြတော့ ဈေးကွက်မှာ ထိခိုက်မှု မရှိပါဘူး။မြန်မာ့ပဲတီရွှေဝါရဲ့ ဈေးကွက်ဝေစု ၆၅ ရာခိုင်နှုန်းက အိန္ဒိကို တင်ပို့တာပါ။ အိန္ဒိယက မြန်မာ့ပဲတီရွှေဝါဈေးကွက်ကို ဦးဆောင် ဝယ်ယူနေတာ သုံးနှစ်လောက်ရှိပါပြီ။ ဒီနှစ်ထူးခြားတာက ရန်ကုန် တိုင်းမှာ စက်နဲ့ခြွေလှေ့တာကြောင့် အရည် အသွေးပိုကောင်း လာပါတယ်။ ဈေးကောင်းရတော့ ေြွခလှေ့စက်တွေဝယ်ပြီး သုံးနိုင်လာ တာပါ။ဒါပေမယ့် အညာရွှေဝါက ဇွန်လ၊ ဇူလိုင်လမှာ ထွက် လို့ အစိုဓာတ် (Moisture)  များတဲ့အတွက် ခြွေလှေ့စက်နဲ့ ခြွေဖို့အခက် အခဲရှိပါတယ်။ ဒါကို ပညာရှင်ပိုင်းကလေ့လာပြီး အရည်အသွေး မပျက်အောင် ဘယ် လိုခြွေ လှေ့သင့်သလဲ နည်းလမ်းရှာကြံဖို့ လိုပါ တယ်။      အခုရနေတဲ့ ဈေးကွက်ပေါက်ဈေးက ရောင်းသင့်တဲ့ဈေးလို့ ထင်မြင်ပါတယ်။ ရေရှည်မလှောင်သင့်ပါဘူး။ ကုန်စည်တစ်ခုက ဈေးကွက်မှာ မရောင်းဘဲ ထားရင် ပုံမှန်ဝယ်နေကြဖောက်သည် တွေပျောက်ပြီး ဈေးကွက်ပျောက်တတ်ပါတယ်။ ကိုယ်ကဈေးကိုင် ပြီး မရောင်းတော့ အခြားဈေးကွက်ကို ပြောင်း ဝယ်ကြတာမို့ ကိုယ့်ဈေးကွက်ပျောက်တာကိုဆိုလိုတာပါ။ ထိုင်းကလည်း အနည်း အကျဉ်း ထွက်တယ်။ ထိုင်းပဲတီစိမ်းက  မတ်လမှာ ဈေးကွက် အရောက်ပို့နိုင်တယ်။ သြစတြေးလျပဲတီစိမ်းက ဧပြီလမှာ ဈေး ကွက်အရောက်ပို့နိုင်တယ်။ အဲဒီအချိန်တွေဆို ဈေးနှုန်းယှဉ်ပြိုင်နေ ရမယ်။ အခုကိုယ်က စောစောထွက်တုန်း  ဈေးလည်းသင့်တုန်း  ရောင်းသင့်ပါတယ်။ တောင်သူတွေနဲ့ လှောင်လက်တွေက ဈေးကို ကိုင်ထားပြီး မရောင်းရင် ကျွန်တော်တို့ အိတ်စ်ပိုတာတွေလည်း ပြည်ပကဖောက်သည်ကို ပုံမှန်ရောင်းချဖို့အခက်အခဲရှိပါတယ်။ပြီးခဲ့တဲ့နှစ်ကခရမ်းရွှေဝါဈေးကောင်းတော့ မိုျးပါမကျန် ရောင်းခဲ့ကြတဲ့အတွက် ခရမ်းရွှေဝါ စိုက်တောင်သူအချို့မျိုးမရှိတဲ့ အခါ အညာရွှေဝါကို  မျိုးပြောင်းစိုက်တာမျိုးမလုပ်သင့်ပါဘူး။ မျိုးကောင်းမိုျးသန့် ထိန်းသိမ်းသင့်ပါတယ်။ မျိုးကောင်းမျိုးသန့် ရောင်းဝယ်တဲ့ ကုမ္ပဏီတွေလည်း ရှိသင့်ပါတယ်။ ဒါက ရေရှည် ကောင်းဖို့ပါ။      မြန်မာ့ပဲတီစိမ်းက ဈေးကွက်ကို အိန္ဒိယက ဦးဆောင်ပြီး ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တရုတ်(တိုင်ပေ) တွေကို သွားပါ တယ်။ ပြည်ပဈေးကွက်ကို မှန်မှန်ရောင်းချတင်ပို့နိုင်ဖို့ ပြည်တွင်း ဈေးကွက် တည်ငြိမ်ဖို့ကလည်း အရေးကြီးပါတယ်။ ပဲတီစိမ်းနဲ့ ပတ်သက်လို့ ခြုံငုံပြောရရင်တော့ ဈေးကွက်က အိန္ဒိယ အပြင် အခြားဈေးကွက်တွေပါ ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့အတွက် ဝယ်လို အားက ရှိနေပြီးသားပါ။ ခရမ်းရွှေဝါ ပဲမျိုးကလည်း နိုင်ငံတကာ အဆင့်မီပါတယ်။ အညာရွှေဝါ စိုက်တဲ့နေရာတွေမှာ ခရမ်းရွှေဝါ တွေနဲ့ အစားထိုးစိုက်နိုင်အောင် ဆောင်ရွက်ဖို့လိုပါတယ်။ အခု လည်း လုပ်ဆောင်နေကြပါတယ်။ ဒီနှစ် ပဲတီရွှေဝါတွေကို စက်နဲ့ ခြွေလှေ့တဲ့အတွက် အရည်အသွေးပိုကောင်း လာပါတယ်။ အညာ မှာ ဇွန်၊ ဇူလိုင် အညာရွှေဝါထွက်တဲ့အချိန် အစိုဓာတ ်ကိုထိန်း နိုင် ရင်အရည်အသွေးကောင်းပဲတွေ  ရနိုင်တဲ့အတွက် ပညာရှင်တွေနဲ့ ပူးပေါင်းပြီး  နည်းလမ်းရှာသင့်ပါတယ်။ နောက်ဆုံးအချက်က တော့ မိမိရောင်း သင့်တဲ့ဈေးတစ်ခုကိုရောက်ရင် ရောင်းဖို့လိုပါ တယ်။ ပြည်ပဈေးကွက် အခြေအနေကိုမသိဘဲ လက်ထဲမှာ ကိုင် ထားရင် ပြည်ပပုံ မှန်ဝယ် နေကြ ဖောက် သည်တွေ တခြားဈေးကွက် ကို ပြောင်းသွားရင် ဖောက်သည်ဆုံးရှုံးနိုင်ပါတယ်။ ပဲအသင်းရဲ့ အောက်မှာ  ပဲတီစိမ်းအစုအဖွဲ့ကို စုဖွဲ့တာဝန်ပေး ထားပြီး ဖြစ်တဲ့အတွက်ကမ္ဘာ့ဝယ်လိုအားကောင်းတဲ့ ပဲတီစိမ်းကို အရည်အသွေး ကောင်းကောင်းနဲ့ အရေအတွက်များ များထုတ်လုပ်ပြီး၊ ပြည်ပဈေးကွက်မှာ ယှဉ်နိုင်တဲ့ဈေးနဲ့ ရောင်းချနိုင်အောင် ရေရှည်အစီ အမံတွေ ဆောင်ရွက်သွားပါမယ်။ဒေါက်တာမျိုးလွင်ဗဟိုအလုပ်အမှုဆောင်၊ ပဲ၊ နှမ်းကုန်သည်အသင်း တန်ဖိုးမြှင့်ကုန်ချောအစုအဖွဲ့ခေါင်းဆောင်     ထပ်ဆင့်တန်ဖိုးမြှင့် ထုတ် လုပ်ဖို့ဆိုရင်ပထမအဆင့်အရွယ် အစားခွဲ၊   အရောင်တင်တာ၊ အခွံချွတ်ခွဲခြမ်း ရောင်းတာတွေ ကိုလုပ်ပြီး  ဒုတိယအဆင့်မှာ တော့ ပဲစည်သွပ်ဘူးလို တန်ဖိုး မြှင့် စားသောက်ကုန်တွေ ထုတ် လုပ်ပြီး   အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတွေကို တင်ပို့ဖို့လုပ်သင့်ပါတယ်။ စက်မှုကုန် ထုတ်အသင်း က စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေကိုဖိတ်ခေါ် ဆွေး နွေးပြီး စမ်းသပ်ဆောင်ရွက်သင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော် တို့ကဒီစက်ရုံတွေကို ထပ်မံထူထောင်ဖို့ အရင်းအနှီးထပ်စိုက်ဖို့ အခက်အခဲရှိပါတယ်။ ဒါကြောင့် ရှိပြီးသား စားသောက်ကုန်ထုတ် လုပ်တဲ့စက်ရုံတွေမှာ စမ်းသပ်သင့်တယ်လို့ အကြံပြုတာပါ။ ဈေးကွက် ရှာတွေ့ပြီး ထိုးဖောက်အောင်မြင်ရင် ဆက်လုပ်ရုံပဲ။      အိန္ဒိယက ပြည်ပကိုပဲပြန်တင်ပို့တာ (Reexport)) ပိတ်ထား တော့ အိန္ဒိယနဲ့ဖောက်သည်ဈေးကွက်တွေ ဖြစ်တဲ့ အရှေ့အလယ် ပိုင်းနဲ့ ဥရောပ ဈေးကွက်တွေကို ကျွန်တော်တို့ကတင်ပို့နေရပါတယ်။ ဒီလိုအခွင့်အရေးရတုန်း ကိုယ့်ဈေးကွက်ရအောင် ထူထောင်ဖို့ပါပဲ။ ကမ္ဘာ့နိုင်ငံတိုင်းမှာ အိန္ဒိယ နွယ်ဖွားတွေရှိရင် အဲဒီနိုင်ငံကို ပဲတင် ပို့လို့ရပါတယ်။ အိန္ဒိယနွယ်ဖွား များများစားစားရှိတဲ့နိုင်ငံက ပဲဝယ် လိုအားများများစားစား ရှိတဲ့သဘောပါ။ အရင်တုန်းက ပဲကိုစက်နဲ့ အရောင်ခွဲတာ မရှိခဲ့ပေမယ့် အခုခေတ်မီတဲ့ Colour Sorter  တွေနဲ့ ခွဲပြီး ပရီမီယမ်ဈေးကွက်တွေကို ပို့နေရပါပြီ။ အခွံချွတ်ခွဲခြမ်း စက်တွေလည်း ဒေါ်လာသန်းချီပေးဝယ်ပြီး ထူထောင်ထားကြပါပြီ။ ကမ္ဘာ့ဈေး ကွက်မှာ မြန်မာ့ပဲမျိုးစုံဈေးကွက်ထိုးဖောက်ဖို့ဆိုရင် ရေရှည်မှာ တန်ဖိုးမြှင့် ထုတ်ကုန်တွေနဲ့သွားရပါမယ်။ တန်ဖိုးမြှင့်ထုတ်ကုန်တွေကို တိုးတက်ထုတ်လုပ်ဖို့ တိုးမြှင့်ရင်းနှီးမြှုပ်နံှလာဖို့လည်း လိုပါတယ်။ ဒီနေရာမှာ တန်ဖိုးမြှင့် ထုတ်လုပ်သူနဲ့ ကုန်ကြမ်းအတိုင်းရောင်းတဲ့သူ နှစ်ဦးကြားမှာ ခြားနားတဲ့မက်လုံးတွေလည်း ရှိဖို့လိုမယ်လို့ ထင်ပါ တယ်။ တန်ဖိုးမြှင့် ထုတ်လုပ် သူတွေအတွက် လုပ်သာကိုင်သာရှိမယ့် အခွန်စနစ်၊ သင့်လျော်တဲ့ငွေကြေးထောက်ပံ့မှုစနစ်တွေက အရေးပါ ပါတယ်။ တန်ဖိုးမြှင့်ထုတ်လုပ်တာ၊ ကုန်ကြမ်း အတိုင်း ရောင်းတာ ထက်ပိုပြီးအကျိုးရှိရင် ဒီကဏ္ဍဖွဲ့ဖြိုးလာမှာပါ။ ပဲအသင်းမှာ တန်ဖိုးမြှင့် ကုန်ချောအစုအဖွဲ့ဆိုပြီး တန်ဖိုးမြှင့်ထုတ်လုပ်တဲ့ လုပ်ငန်းရှင် တွေနဲ့စုစည်းတာဝန်ပေးထားတဲ့အတွက် မြန်မာ့တန်ဖိုးမြှင့်ဈေးကွက် ဒီထက် ပိုမိုကျယ်ကျယ် ပြန့်ပြန့်ရရှိဖို့ အမြဲဆွေးနွေးတိုင်ပင်ပြီး နည်းလမ်းရှာကြံ ဆောင်ရွက်သွားမှာပါ။ဦးစိုးပိုင်တွဲဖက်အတွင်းရေးမှူး၊ပဲနှမ်းကုန်သည်များအသင်းပဲစင်းငုံအစုအဖွဲ့ခေါင်းဆောင်       ကျွန်တော်တို့နိုင်ငံက ပဲစင်း ငုံလို့ဆိုပေမယ့် အမိုျးအစားခွဲရင် ၁ဝ မျိုးလောက်ရှိပါတယ်။ အဲဒီ ထဲမှာ ပဲစင်းငုံနီနဲ့ လင်းခေး ပဲ စင်းငုံက အရည်အသွေး ကောင်း လို့  ကျန်တဲ့ အမျိုးအစားထက် တစ်ပိဿာကို ၁၅ဝကျပ်နဲ့ ၂ဝဝ ကျပ်လောက်ကွာပါတယ်။ ပဲစင်းငုံ အဓိက ဈေးကွက်ကတော့ ကျွန်တော်တို့နိုင်ငံ အထွက်ရဲ့ ၉၉ ရာခိုင် နှုန်းကို တင်ပို့ရတဲ့ အိန္ဒိယဖြစ်ပါတယ်။ နှစ်စဉ်ပျမ်းမျှတန်ချိန် သုံးသိန်း ခန့် တင်ပို့ခဲ့ပြီး၊ မနှစ်က ထူးထူးခြားခြား လေးသိန်းကျော် တင်ပို့ခဲ့ပါ တယ်။ ဒီဘဏ္ဍာနှစ်တော့ စိုက်ချိန်တုန်းက ရာသီဥတုအခြေအနေ အရ အထွက်လျော့လို့ တန်ချိန်နှစ်သိန်းလောက်တော့ တင်ပို့နိုင်မယ် လို့ ခန့်မှန်းပါတယ်။ဒီနှစ်အထွက်လျော့ပေမယ့် အရည်အသွေးအနေနဲ့ မဆိုးပါဘူး။ အာဖရိကက မိုဇမ်ဘစ်၊ တန်ဇန်းနီးယား ပဲစင်းငုံထက် ဈေးပိုရပါ တယ်။ ပြည်ပ ပဲစင်းငုံထွက်ရှိမှုကတော့ အိန္ဒိယက တန်ချိန် ၂၅ သိန်းနဲ့ ၂၆ သိန်းကြားထွက်ပြီး၊ အာဖရိက မိုဇမ်ဘစ်၊ မာလာဝီနဲ့ တန်ဇန်းနီးယားတို့က တန်ချိန် ၅ သောင်းကျော်ပဲရောင်းနိုင်ပါတယ်။ဦးကျော်ဆန်းမိုး စာရင်းစစ်၊ ပဲနှမ်းကုန်သည်များအသင်းပဲစင်းငုံအစုအဖွဲ့အဖွဲ့ဝင်       အိန္ဒိယရဲ့  တစ်နှစ်စားသုံးမှုက တန်ချိန် သိန်း ၃ဝရှိလို့ မြန်မာ ပဲစင်းငုံ ဈေးကွက်က ရှိနေပြီးသားပါ။တိုးခဲျ့ထုတ်လုပ်ရင်လည်း ဈေးကွက် လိုအပ်ချက်ကရှိနေပါသေးတယ်။ကျွန်တော်တို့ အရှေ့ပိုင်းမှာ ပြောခဲ့သလို ပဲစင်းငုံအမျိုးအစား အများကြီးထဲက အရည်အသွေးကောင်းပြီး ဈေးပိုရတဲ့ ပဲစင်းငုံနီနဲ့လင်းခေးကိုတော့ တိုးခဲျ့ထုတ်လုပ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ တိုးခဲျ့ထုတ်လုပ်ရင် လူဦးရေတိုးတက်နေလို့ စားသုံးမှုတစ်နှစ်ထက် တစ်နှစ် ပိုနေတဲ့ အိန္ဒိယဈေးကွက်က အဆင်သင့်ရှိနေမှာပါ။      အိန္ဒိယအနေနဲ့သူ့ပြည်တွင်းမှာ စားသုံးမှုပိုလာပေမဲ့ ၆ လကြာ အောင် စိုက်ရတဲ့ ပဲစင်းငုံကိုတိုးခဲျ့ထုတ်လုပ်ဖို့ဆိုတာထက် အခြား စီးပွားကိုက်တဲ့ ဝါနဲ့ကြံသီးနံှတွေကို ပြောင်းလဲစိုက်လာကြတဲ့အတွက် တစ်နှစ်ထက်တစ်နှစ် အထွက်လျော့လာတယ်လို့ သိရပါတယ်။ အခုကျွန်တော်တို့ဆီမှာလင်းခေးနဲ့ပဲစင်းငုံနီလို့ခေါ်တဲ့မြန်မာ ပဲစင်းငုံ လီမွန်ကို ၇၅ ရာခိုင်နှုန်းလောက်တော့ စိုက်လာကြပါပြီ။ ကျွန်တော် အထက်မှာ ပြောခဲ့သလိုစိုက်ချိန်က ၆ လလောက် ကြာတာရယ်၊ ပဲစင်းငုံပင်က  အကြမ်းခံတာရယ်ကြောင့်  အများစုက အလေ့ကျစိုက်သလို သွင်းအားစုတွေ ပံ့ပိုးမှု မရှိသေးလို့အထွက်နည်းနေသေးတာကိုတွေ့ရပါတယ်။ဒါကြောင့် တောင်သူတွေအနေနဲ့ ဈေးကောင်းရနေတဲ့ ပဲစင်းငုံကို အထွက်ပိုအောင်သင့်တော်တဲ့ ဓာတ်မြေသြဇာစတဲ့ သွင်းအားစုတွေဂရုတစိုက်ထည့်သင့်တယ် လို့အကြံပြုလိုပါတယ်။ တောင်သူတွေ အရည်အသွေးကောင်းတဲ့ ပဲစင်းငုံနီ တွေတိုး ခဲျ့စိုက်ပျိုးဖို့နဲ့သွင်းအားစုတွေ ထဲ့သွင်းစိုက်ပျိုးဖို့လည်း ကျွန်တော်တို့ ပဲတင်ပို့သူတွေ၊အထူးပြုကုမ္ပဏီတွေနဲ့ တောင်သူတွေက ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။တင်ပြချင်တာတစ်ခုကတော့ ပဲလုပ်ငန်း Supply-Chain  မှာ ထုတ်လုပ်တဲ့တောင်သူ၊ ရောင်းဝယ်ဖောက်ကား တင်ပို့ တဲ့ကုန်သည် ပွဲစား အဆင့်ဆင့်ရှိပါတယ်။တောင်သူတွေအတွက် အရင်းအနှီးပံ့ပိုးဖို့ စဉ်းစားသလို ကုန်သည်တွေလည်း ငွေနိုင်နိုင်နင်းနင်းလည်ပတ်ဖို့လို တာကြောင့်သင့်တော် တဲ့ပုံစံနဲ့ ဘဏ္ဍာရေး အထောက်အပံ့တွေ လုပ်ပေးသွားမယ်ဆိုရင်  Supply-Chain တစ်ခုလုံး မှန်မှန် လုပ် ကိုင်နိုင်မှာပါ။ဦးမင်းကိုဦးအထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံပဲလုပ်ငန်းရှင်အသင်းမတ်ပဲအစုအဖွဲ့ခေါင်းဆောင်     ပြည်ပကို မတ်ပဲ တစ် နှစ်တန်ချိန် ၅ သိန်း ၆ သိန်းဝန်းကျင် နှစ်စဉ်တင် ပို့နေပါတယ်။  အိန္ဒိယက  အဓိက  ဝယ်လက်ဖြစ်ပြီး မလေးရှား၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ ယူအေအီး၊ ဂျပန်စတဲ့  နိုင်ငံတွေကို လည်းအထိုက်အလျောက် ပို့တာရှိပါတယ်။   အဓိက ဝယ်လက်အဖြစ်  အိန္ဒိယ ကို ၇ဝ ရာခိုင်နှုန်းကနေ ၈ဝ ရာခိုင်နှုန်း အကြားပေးပို့နေပါတယ်။ ဒီနှစ်မှာ အိန္ဒိယက ပဲလက်ကျန်အလွန် နည်းသွားတာမို့ မြန်မာရဲ့ ပဲတင်ပို့မှုက ဒီဘဏ္ဍာနှစ်မှာ ပိုမိုမှာပါ။ မတ်ပဲကို ဝယ်လိုအားက ပုံမှန်ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ် အဖွင့်ဈေး တစ်တန်ကို ၄ဝဝ-၄၅ဝ ဒေါ်လာကနေ ဒီနှစ်အဖွင့်ဈေး ၇ဝဝ-၇၅ဝ ဒေါ်လာ ဈေးကွက် ပေါက်ဈေးဖြစ်နေတော့ ဒါကို အခြေခံ ဈေးပဲလို့ မှန်းထားပါတယ်။ ဒီနှစ်မတ်ပဲမှာ SQ  ပါဝင်မှုက ၄ဝ ရာခိုင်နှုန်းနဲ့အထက်မှာ ရှိပါတယ်။ အရင်နှစ်တွေက ၃ဝ ရာခိုင် နှုန်းနဲ့ ၄ဝ ကြားပဲ ရှိပါတယ်။ ဒီလို SQ တွေကို ပိုမိုတင်ပို့နိုင်တာက ဒီနှစ်မှာ ပဲဈေးကောင်းလို့ တောင်သူတွေက ရာသီချိန်မီ ဓာတ်မြေ သြဇာကို အခိုျးကျကျ ထည့်ခဲ့ကြသလို ရိတ်သိမ်းချိန်မှာလည်း  စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းခဲ့ကြလို့ အရည်အသွေးကောင်း ပဲတွေ ရတာပါ။ ဒါကြောင့် ဒီနှစ်ပဲက နိုင်ငံတကာ ဈေးကွက် အဆင့်မီ ပါတယ်။ အခြားနိုင်ငံတွေရဲ့ မတ်ပဲအထွက်ကလည်း မပြောပ လောက်ပါဘူး။ တကယ်ဝယ် တကယ်စိုက်တဲ့ အိန္ဒိယမှာ လည်း ဒီနှစ်စိုက်ဧကဟက်တာ တစ်သန်းနီးပါး တိုးတယ်ဆိုပေ မယ့်လည်း ရာသီဥတုကို မူတည်ပါတယ်။ ဒီနှစ်မှာ  ပဲပေါ်ချိန်တည်းက  တောင်သူတွေက ဈေး ကောင်းနဲ့ ရောင်းခဲ့ကြတာပါ။ ပဲပေါ်ချိန်မှာ ဈေးနှိမ်ခံ ပြီးမှရောင်း ရတာမျိုးမရှိခဲ့ပါဘူး။ မတ်ပဲကို ဒီထက်တိုးပြီးစိုက်ဖို့၊ တိုးပြီးတင်ပို့ ဖို့ဆိုရင် အိန္ဒိယဈေးကွက်အပြင် အခြားဈေးကွက်တွေကိုပါ ပို့နိုင် အောင်လုပ်ရပါမယ်။ ဒါကြောင့် ကျွန်တော်တို့ပဲ အသင်းမှ ဈေးကွက် သုတေသနအဖွဲ့ကို ထူထောင်နေပါတယ်။ ဒါက ရေရှည် အတွက် အစီအမံပါ။ အိန္ဒိယရဲ့အနေအထားကလည်း နှစ်စဉ် ပဲစိုက်ပျိုး ထုတ်လုပ်မှုက ကျဆင်းနေတာပါ။ ကမ္ဘာမှာ ပိုပြီးဈေး ကောင်းရတဲ့ စက်မှုသီးနံှတွေကို ဦးစားပေးစိုက်နေကြတာပါ။ ရေတိုမှာ ကျွန်တော်တို့လုပ်ရမှာက လက်ရှိထုတ်လုပ်နေတဲ့ ပဲကို အရည်အသွေးကောင်းအောင် ထိန်းထားမယ်။ ဒီနေရာမှာလည်း အထူးပြုကုမ္ပဏီတွေက မျိုးကောင်းမျိုးသန့်တွေပွားပြီး စိုက်စရိတ် နဲ့ သွင်းအားစုပံ့ပိုးတဲ့စနစ်နဲ့ ဆောင်ရွက်မယ်ဆိုရင် ကိုယ့်ရဲ့ဖောက် သည်ကို နှစ်စဉ်တင်ပို့နေတဲ့ တန်ချိန် ၅ သိန်းနဲ့ ၆ သိန်းကြားကို ထိန်းထား နိုင်ပါတယ်။  တစ်ဖက်က အထွက်နှုန်းတိုးလာရင် တစ်ယူနစ် ထုတ်လုပ်စရိတ်လည်း သက်သာလာမှာဖြစ်သလို အရည်အသွေး ကောင်းတဲ့ပဲကို တိုးထုတ် နိုင်တာကြောင့် ဈေး ကောင်းလည်းရမှာဖြစ်တဲ့အတွက် နိုင်ငံတကာ ဈေးကွက်မှာ ဈေးနှုန်းအရ ယှဉ်ပြိုင်ရောင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ များများထုတ်လုပ်တင်ပို့ဖို့ ကြိုးစားရပါမယ်။ ဒီနှစ်ပဲမှာ အလုံးကြီး ပါဝင်မှု တိုးတက်လာတဲ့အတွက် ဈေးပိုရပါတယ်။ အသင်းအနေနဲ့ ပဲအမျိုးအစားအလိုက် အစုအဖွဲ့ Cluster တွေ ဖွဲ့စည်းပေးထား တဲ့အတွက် တစ်မယ်ချင်းရဲ့ ထုတ်လုပ်မှုတိုးမြှင့်ဖို့၊ အရည်အသွေး ကောင်းဖို့ ဈေးကွက်ရှာဖွေချိတ်ဆက်ဖို့ကို ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်။  Supply Chainတစ်လျှောက်မှာရှိတဲ့ ထုတ် လုပ်သူ၊ ရွာပွဲစား၊ မြို့ပွဲရုံ၊ ထောက်ပံ့ပို့ဆောင်ရေး ပြည်ပတင်ပို့သူ အဆင့်တိုင်း ထိုက်သင့်တဲ့ အကျိုးအမြတ်ရရှိတဲ့ တည်ငြိမ်တဲ့ ဈေးကွက်ရရှိအောင် ဆောင်ရွက်နေသလို တစ်ယူနစ် ထုတ်လုပ် မှုကုန်ကျစရိတ် လျှော့ချပြီး ကမ္ဘာမှာယှဉ်ပြိုင်နိုင်တဲ့ဈေးနှုန်းနဲ့ များများ ထုတ်လုပ်ရောင်းချနိုင်မှုက ရေရှည်ခန့်မှန်းချက်ဖြစ်ပါ တယ်။