မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းကြီးမှ ကြီးမှူး၍ ဟိုတယ်ဝန်ဆောင်မှုလက်မှတ်ရ သင်တန်းများ ဖွင့်လှစ်မည်

    မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းကြီးမှကြီးမှူး၍ ဟိုတယ်ဝန်ဆောင်မှု လက်မှတ်ရသင်တန်းများကို    ဖွင့်လှစ်ပေး မည်ဖြစ်ပြီး  သင်တန်းအောင်မြင်သူများကိုလည်း ယင်းအသင်းကြီးမှ  အောင်လက်မှတ်များ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း MAHA  Maritime and Hospitality Academy မှ သိရသည်။    ယင်းသင်တန်းများတွင်   ဝါရင့်ဆရာများ၏ အာဆီယံနှင့် နိုင်ငံတကာအဆင့်  သင်ရိုးညွှန်းတမ်းများဖြင့် စာတွေ့၊ လက်တွေ့ သင်ကြားပေးခြင်း အလုပ်လုပ်ကိုင်နေသူ  ဝန်ထမ်းများ အဆင်ပြေ ချောမွေ့စေရန် နေ့ရက်နှင့် သင်တန်းချိန်ညှိနှိုင်း သင်ယူနိုင်ခြင်း၊ သင်တန်းသူ၊     သင်တန်းသားများအတွက်  ယူနီဖောင်းတစ်စုံ ထုတ်ပေးခြင်း On Job Training စီစဉ်ပေးခြင်း၊ စားသောက်ဆိုင် ဖွင့်လိုသူများပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်  ရရှိလိုသူများအတွက် ကူညီဆောင်ရွက်ပေးခြင်းများကို ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။    အဆိုပါအသင်းကြီးမှ သင်ကြားပေးမည့် ဘာသာရပ်များမှာ ဟိုတယ်စီမံ ခန့်ခွဲမှုသင်တန်း၊ ဟိုတယ်ဧည့်ကြိုကျွမ်း ကျင်မှုသင်တန်း၊   ဟိုတယ်   ဧည့်ခန်းဆောင်ထိန်းသင်တန်း၊ ဟိုတယ်စားပွဲထိုးကျွမ်းကျင်မှုသင်တန်း၊ အဖျော်ယမကာ ကျွမ်းကျင် မှုသင်တန်း၊ ဟိုတယ်စားဖိုမှူး ကျွမ်းကျင်မှုသင်တန်း၊ ရေယာဉ်စားဖိုမှူး ကျွမ်းကျင်မှုသင်တန်း၊ ရေယာဉ်စားပွဲထိုးကျွမ်းကျင်မှု သင်တန်းနှင့် လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာစကားပြော သင်တန်းများ   ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတကာရုံး၊ ဟိုတယ်နှင့် လုပ်ငန်းခွင်သုံး   အင်္ဂလိပ်စကားပြော သင်တန်းများအား မည်သူမဆို  အခမဲ့တက်ရောက်   သင်ယူနိုင်ကြောင်းနှင့် အသေးစိတ် သိရှိလိုပါက ဖုန်း-၅၄၅၃၃၂ နှင့် ဝ၉၅၁၈၁၂၃၇ သို့ ဆက်သွယ်မေး မြန်းနိုင်ကြောင်းသိရသည်။