အမျိုးသားသတင်းဆု ချီးမြှင့်ပွဲကျင်းပတော့မည်

အမျိုးသားသတင်းဆုကော်မတီမှ ပထမအကြိမ်အဖြစ် ကျင်းပမည့် အမျိုးသားသတင်းဆုချီးမြှင့်ပွဲကို မတ် ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပမည်ဖြစ်သည်။အမျိုးသားသတင်းဆု ဆန်ခါတင်စာရင်းများကို နောက်ဆုံးအဆင့် ရွေးချယ်မှုများ ပြုလုပ်ပြီးနောက် အကောင်းဆုံးသတင်းဆုများကို အမျိုးသား သတင်းဆုကော်မတီက မတ် ၉ ရက်တွင်ထုတ်ပြန်ကြေညာသည်။ အမျိုးသား သတင်းဆု အကောင်းဆုံး သတင်းဆု (The Best News Story Award) ကို ၂၀၁၁ ခုနှစ်ဒီဇင်ဘာလ ၆ ရက်ထုတ် ကုမုဒြာဂျာနယ် အတွဲ-၁၊အမှတ် ၄၀တွင်ဖော်ပြခဲ့သည့် နိုင်ငံအနာဂတ် အတွက်အစပျိုးခြင်းသတင်းရေးသား ခဲ့သည့် နန်းလွင်၊ နှင်းရတနာဇော်၊ အေးသီရိဝင်း၊ဝင့်ဝတီနှင့်ကုမုဒြာ ဆက်စပ်သတင်းအဖွဲ့ကရရှိပြီး အကောင်းဆုံး သတင်းဆောင်းပါး ဆု (The Best News Story Award) ကို ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၇ ရက် တွင်ထုတ်ဝေသည့် 7 Days News   ဂျာနယ် အတွဲ-၁၀၊ အမှတ် ၃၂ ပါ လက်နက်ကိုင်အရေး စားပွဲဝိုင်းပေါ်ရောက်ပြီလား ဆောင်းပါးရေး သားသူ ငြိမ်းငြိမ်းနိုင် က ရရှိမည်ဖြစ်သည်။အကောင်းဆုံး သတင်းဓာတ်ပုံဆု (The Best News Photo Award)  ကို ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်တွင်ထုတ်ဝေသည့် ပေါ်ပြူလာ နယူးစ်ဂျာနယ် အတွဲ-၃၊ အမှတ်-၂၆ တွင် ဖော်ပြခဲ့သည့် အငြိမ်းစားများ သတင်းဓာတ်ပုံ ရိုက်ကူးခဲ့သူ အောင်နိုင်စိုးက ဆွတ်ခူးရရှိသွားသည်။အကောင်းဆုံး သတင်းကာတွန်းဆု (The Best News Photo Award)   ကို ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ထုတ် True News ဂျာနယ်တွင် ဖော်ပြခဲ့သော ပုံပြင်ထဲကလိုတော့ သတင်းကာတွန်းရေးဆွဲသူ သီဟ (စခန်းသစ်)အား ချီးမြှင့်မည်ဖြစ်သည်။အကောင်းဆုံးအာဘော် ဆောင်းပါးဆု (The Best Editorial or Opinion Article Award) ကို ချီးမြှင့်နိုင်ခြင်း မရှိပါ။မူလ အမျိုးသားသတင်းဆုကော်မတီက ကြေညာထားသည့်အထဲတွင် မပါဝင်ခဲ့သော်လည်း ဖြည့်စွက်ဆုတစ်ဆုကို ချီးမြှင့်မည်ဖြစ်သည်။ ယင်းဆုမှာ နိုင်ငံပိုင်သတင်းစာများတွင် မျက်နှာဖုံးသတင်းအဖြစ် (...)နေ့က ထုတ်ေ၀ ရာ၌ ဖော်ပြခဲ့သော ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံအောက်တွင် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အရိုက်ခံခဲ့သော ဓာတ်ပုံကို ရိုက်ကူးသည့် ဓာတ်ပုံ မောင်မောင်သန်း(ကော့မှူး)ဖြစ်သည်။ဖြည့်စွက်ချီးမြှင့်မည်ဆုကို တစ်နှစ်တာအတွင်း အထူးခြားဆုံး အမျိုးသား သတင်းဓာတ်ပုံဆု The Most Significant National News Photo of the Year Award ဖြစ်သည်။ ဆုရသူများကို ဆုတံဆိပ်၊ ဆုလက်မှတ်၊ ငွေသား ကျပ် ၁၀ သိန်းစီ ချီးမြှင့်မည်ဖြစ်သည်။