Ytalk VOIP Soft phone ဖြင့် အင်တာနက်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တရားဝင်ဖုန်းခေါ်ဆိုနိုင်
Ytalk VOIP Soft phone ဖြင့် အင်တာနက်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ဈေးနှုန်းချိုသာစွာနဲ့ တရားဝင် ဖုန်းခေါ်ဆိုနိုင်ကြောင်း သိရပါတယ်။့Ytalk အကောင့်ကို ကျပ် ၁၀၀၀၀ နဲ့ဖွင့်နိုင်ပြီး၊ အကောင့်ကို ငွေဖြည့်ရန် အတွက် Recharge, TOPUP Card ကို FEC၁၀ တန်၊ ၃၀ တန်နဲ့ ၆၀ တန် ကတ်များဝယ်ယူနိုင်ပြီး၊ ဖုန်းခေါ်ဆိုခနှုန်းများမှာ တစ်မိနစ်ကို UAE, QATAR, SAUDI နိုင်ငံများအတွက် ဒေါ်လာ ဒသမ ၃၅၊ ကျန်နိုင်ငံများအတွက် ဒေါ်လာ ဒသမ ၁၅ ဖြတ်တောက်သွားမှာဖြစ်ကြောင်း၊ ငွေဖြည့်ကတ်သက်တမ်းမှာ ငွေစဖြည့် ရတဲ့နေ့မှစပြီး ၆ လသတ်မှတ်ထားပြီး ငွေမဖြည့်ပါက သတ်တမ်းကုန်ဆုံးမှာဖြစ် ကြောင်း သိရပါတယ်။VMG TELECOMS Co.,Ltd မှ ဒါရိုက်တာ ကိုအောင်ထွန်းက "Ytalk Server က ရတနာပုံတယ်လီပု့ိမှာ ထိုင်ထားတဲ့အတွက် Connection ကျတောင် သုံးလို့ရမယ်။ Customer Service က ပြည်တွင်းကဆိုတော့ ပိုပြီး အဆင်ပြေ တယ်။ ဈေးနှုန်းထပ်ချဖို့ကို ဆွေးနွေးနေပါတယ်။ နောက်ပိုင်းမှာ မိုဘိုင်းဖုန်းနဲ့ ခေါ်ဆို လို့ရအောင် ဆောင်ရွက်သွားဖို့ရှိပါတယ်။ ရန်ကုန်မှာက ဖေဖော်ဝါရီ ၇ ရက်ကစပြီး စသုံးလို့ရပြီ။ မန္တလေးမှာ မတ် ၁၀ ရက်ကစပြီး သုံးလို့ရပြီ"လို့ ပြောပါတယ်။Ytalk အကောင့်ဝယ်ယူပါက အခန်း ၇၊ တိုက် ၈ မေတ္တာရိပ်မွန်အိမ်ရာ၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့VMG TELECOMS Co.,Ltd ဖုန်း ၀၁-၅၄၅၂၂၆ ကို ဆက်သွယ်မှာယူနိုင်ကြောင်း သိရပါတယ်။ဇူးဇူး
