ကျပ် နှစ်သိန်းတန် GSM ဖုန်းကတ် မွန်ပြည်နယ်မှာ ရောင်းပြီ

မော်လမြိုင်မြို့ပေါ်ရှိ Mobile  ဖုန်းဆိုင်များမှာ မတ် ၁၄ ရက်ကစပြီး GSM ကျပ် ၂ သိန်းတန် ဖုန်းတွေ စတင် ရောင်းချလျက်ရှိတာကြောင့် ဝယ်ယူသူများနဲ့ စည်ကားလျက်ရှိတာ ကို တွေ့ရပါတယ်။ ယခင် Mobile  ဖုန်းဆိုင်အဟောင်းတွေအပြင် ဖုန်းဆိုင် အသစ်တွေလည်း  ပေါ်ပေါက်လာပြီး အပြိုင်အဆိုင်  ရောင်းချနေတာလည်း တွေ့ရပါတယ်။ ဓာတ်ပုံ ၃ ပုံ၊ မှတ်ပုံ တင်မိတ္တူနဲ့ လျှောက်လွှာရေးပြီး၊ ချက် ချင်းငွေသွင်း၊ ချက်ချင်းဖုန်းကတ်ယူ (One  Stop  Service)စနစ်နဲ့ ရောင်း ပေးနေတာ တွေ့ရပါတယ်။ GSM, CDMA-450, CDMA-800 နဲ့ WCDMA   ဖုန်းတွေ ထုတ်ရောင်းမယ် လို့ ဆိုထားပေမယ့် ယခုစတင်ရောင်းချ ချိန်မှာတော့ GSM ဖုန်းကတ်တစ်မျိုး တည်းသာ ရောင်းချနေတာ တွေ့ရပါ တယ်။ CDMA ဖုန်းလိုင်းတွေ ပြည့်နေ လို့ မထုတ်ပေးတာလို့ သိရပါတယ်။ ယခုရောင်းပေးနေတဲ့ GSM ဖုန်းကတ် တွေက မွန်ပြည်နယ်အတွင်း ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မော်လမြိုင်၊ သံဖြူ ဇရပ်နဲ့ မုဒုံမြို့နယ်တွေမှာသာ သုံးလို့ ရပြီး ကျန်မြို့နယ်တွေမှာတော့ အသုံး ပြုလို့  မရသေးဘူးလို့ သိရပါတယ်။ မကြာခင်အသုံးပြုနိုင်အောင် စီစဉ်နေ တယ်လို့ သိရှိရပါတယ်။ တန်ဖိုးနည်း ဖုန်းဂယက်ကြောင့် ယခုစတင်ရောင်း ချတဲ့ ကျပ် နှစ်သိန်းတန်ဖုန်းကတ်တွေ ရဲ့ရောင်းအား ထိခိုက်နိုင်မယ်လို့ အချို့ သူများ သုံးသပ်သလိုဖြစ်မလာဘဲ ယခု ရောင်းချပေးနေတဲ့ ကျပ်နှစ်သိန်းတန် GSM  ဖုန်းကတ်တွေကို  လူအများ အလုအယက် ဝယ်ယူနေကြတယ်လို့ Mobile ဆိုင်မှ ဝန်ထမ်းတစ်ဦး၏ ပြော ပြချက်အရ သိရပါတယ်။ ဖုန်းကတ်ဝယ် ယူသူများကို Momery card လက် ဆောင်ပေးခြင်းနဲ့  တေးသီချင်းများပါ သွင်းပေးခြင်း စတဲ့ ဝန်ဆောင်မှုများနဲ့ အပြိုင်အဆိုင်ရောင်းချနေကြောင်း သိရ ပါတယ်။                    စိုးမြင့်