ပို့ကုန်သွင်းကုန် လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ်(၄၀) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ညွှန် ကြားမှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ပို့ကုန်သွင်းကုန်  လုပ်ထုံးလုပ်နည်း သင်တန်း အမှတ်စဉ်(၄၀) သင်တန်း ဆင်းပွဲ အခမ်းအနားကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီးဌာန ကုန်သွယ်ရေးညွှန်ကြားမှု  ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးတွင် ၂၀၁၂ ခုနှစ်မတ်လ ၁၆ ရက် နံနက် ၉း၃၀ နာရီမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ ပါတယ်။    အဆိုပါ အခမ်းအနားတွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ကုန်သွယ်ရေးညွှန်ကြားမှု  ဦးစီး ဌာန  ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ရန်ကုန်တိုင်းဒေသကြီးရုံးမှ ညွှန်ကြား ရေးမှူး ဦးသန်းအောင်ကျော်က သင် တန်းဆင်း အမှာစကား ပြောကြားခဲ့ပါ တယ်။    အဆိုပါ အခမ်းအနားသို့  ကုန် သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ နယ်စပ် ကုန်သွယ်ရေးဦးစီးဌာန၊  မြန်မာ့လယ် ယာထွက်ကုန်ပစ္စည်း  ရောင်းဝယ်ရေး ဌာနတို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသည့်   ဧည့်သည်တော်များ၊ ဌာန ဆိုင်ရာများမှ ဘာသာရပ်ဆိုင်ရာ နည်း ပြများ၊ သင်တန်းသားများတက်ရောက် ခဲ့ကြပြီး  ညွှန်ကြားရေးမှူး ဦးမြတ်ထွန်း ကျော်မှ သင်တန်းသားများအား သင် တန်းဆင်းလက်မှတ်များ  ပေးအပ်ခဲ့ ကြောင်း သိရပါတယ်။ အဆိုပါသင်တန်းမှာ  ဖေဖော်ဝါရီ ၂၀ ရက်မှ မတ် ၁၆ ရက်အထိ ရက် သတ္တပတ်လေးပတ် ကြာမြင့်ခဲ့ပြီး သင် တန်းသို့ သင်တန်းသား ၁၀၆ ဦး တက် ရောက်ခဲ့ကြောင်း သိရပါတယ်။ခင်မောင်မောင်အုန်း