မန္တလေးမြို့ သကြားနှင့် သကာရည်လုပ်ငန်းရှင်များ ကထိန်တော်အသင်းဝင်များဖြင့် အများပိုင်ကုမ္ပဏီ ဖွဲ့စည်းမည်
မန္တလေးမြို့ သကြားနှင့် သကာရည် လုပ်ငန်းရှင်များ ကထိန် တော်အသင်းဝင်ထားသူများဖြင့် အများပိုင်ကုမ္ပဏီဖွဲ့စည်းရန် တင်ပြ ထားကြောင်း သိရပါတယ်။အများပိုင်ကုမ္ပဏီကို Myanmar Sugar Development Public Co; ltd မြန်မာ့သကြား ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ လီမိ တက်အမည်ဖြင့် မှတ်ပုံတင်ပြုလုပ်ထားကြောင်း သိရပါတယ်။ အများ ပိုင်ကုမ္ပဏီ မတည်ငွေရင်းကို ကျပ်သိန်း ၁၀၀၀၀ ဖြင့်စတင်ပြီး ရှယ်ယာ တစ်စုကို ကျပ်တစ်သိန်း ထည့်ဝင်ရပါမယ်။ ဒါရိုက်တာအဖြစ် ပါဝင် လိုပါက အရည်အချင်းပြည့်သူဖြစ်ပြီး အစု ၂၀၀ နဲ့အထက် ထည့်ဝင် ရပါမယ်။ ကုမ္ပဏီရှယ်ယာဝင်များအား ကထိန်တော်အသင်းသား ဖြစ်မှသာ ဝင်ခွင့်ပြုမှာဖြစ်ကြောင်း ကုမ္ပဏီရှယ်ယာများအား ဝယ်ယူ တဲ့နေ့မှ တစ်နှစ်ပြည့်လျှင် ပြန်လည်ရောင်းချလိုပါက ကုမ္ပဏီ သို့မ ဟုတ် ရှယ်ယာဝင်အချင်းချင်းသာ အရောင်းအဝယ်ပြုလုပ်ရမှာဖြစ် ကြောင်း သိရပါတယ်။သကြားနှင့် သကာရည်ကထိန်တော်အသင်း နာယက တစ်ဦး ဖြစ်သူ ဦးဝင်းဌေးက "လတ်တလောမှာ ရှယ်ယာဝင်ဖို့ အဆိုပြုထား သူ ၅၀ ဦးရှိတယ်။ အများပိုင်ကုမ္ပဏီဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်က ပွက်ရည်ဈေးကျတဲ့အချိန်မှာ တောင်သူတွေကိုက်တဲ့ဈေးနှုန်းနဲ့ ရောင်း လို့ရအောင်ထိန်းပြီး ဝယ်ပေးမယ်။ သကြားဒိုင်မှာ အရောင်းအဝယ်ပြု လုပ်နေတဲ့ ကုန်ပစ္စည်းအားလုံး မှန်ကန်တဲ့ ဈေးကွက်ဖြစ်ပေါ်စေဖို့ နည်းပညာမြင့်တဲ့ စက်ဥပမာ ခါစက်၊ ပေါင်းအိုးတွေ တင်သွင်းပြီးSMEs လုပ်ငန်းတွေအတွက် အရည်အသွေးမြင့်အောင် ပံ့ပိုးပေးမယ်။ ကြံကြိတ်တုံးက အစအရစ်ကျစနစ်နဲ့ ရောင်းပေးဖို့လုပ်မယ်။ ကြံတောင် သူတွေကို ငွေထုတ်ချေးပေးတာမျိုးလည်း လုပ်မယ်။ အခုလောလော ဆယ် စက်ရုံငှားထားတယ်။ စက်ရုံကနေ ကုန်ချောထုတ်ပေးမယ်။ ၂၀၁၅ ခုနှစ်မှာ AFTA ဖြစ်လာရင် သူများနဲ့ယှဉ်ပြီးရောင်းနိုင်အောင် တောင်သူရောSMEs လုပ်ငန်းတွေပါ အဆင်ပြေအောင် ရည်ရွယ်ပြီး ဖွဲ့စည်းခြင်းဖြစ်ပါတယ်"လို့ ပြောပါတယ်။ သကြားလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် အများပိုင်ကုမ္ပဏီဖွဲ့ စည်းခြင်းဖြစ်ပြီး ကထိန်တော်အသင်းဝင်များမှ ရှယ်ယာဝင်လိုပါက ဧပြီ ၃၀ ရက် နောက်ဆုံးထား၍ အဆိုပြုလွှာလက်ခံမည်ဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး
