ငွေလဲစင်တာများနှင့် တချို့ဘဏ်များတွင် နေ့စဉ် ဒေါ်လာ ၁၀၀အထိသာ လဲလှယ်ပေးလျက်ရှိ

သိမ်ဖြူလမ်းတွင်ဖွင့်လှစ်ထားသည့် ငွေလဲစင်တာနှင့် ပုဂ္ဂလိကဘဏ် တချို့တွင်ဖွင့်လှစ်ထားသည့် ငွေလဲစင်တာများတွင် တစ်နေ့လျှင် လူတစ်ဦး  မှတ်ပုံတင်တစ်ခု အမေရိကန်ဒေါ်လာ ၁၀၀ သာ အရောင်းအဝယ်ပြုလုပ်နေ ကြောင်း သိရသည်။"ကျွန်မတို့ဘဏ်မှာ တစ်နေ့ကို လူတစ်ယောက် မှတ်ပုံတင်တစ်ခုကို အမေရိကန်ဒေါ်လာ ၁၀၀၊ အက်ဖ်အီးစီ ၁၀၀ ပဲ အရောင်းအဝယ်လုပ်ပါ တယ်။ ဘဏ်မှာရှိတဲ့ ငွေပမာဏကိုလိုက်ပြီး အရောင်းအဝယ်ပြုလုပ်တာပါ။  နောက်ပြီး နိုင်ငံခြားသားတွေ လာဝယ်တဲ့အခါမှာ အဆင်ပြေပြေနဲ့ရောင်းဝယ် နိုင်အောင်လို့ပါ"ဟု မွေးမြူရေးနှင့်ရေ လုပ်ငန်းဖွံ့ဖြိုးရေးဘဏ် ငွေလဲစင်တာ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ငွေလဲစင်တာများတွင်မူ လူတစ်ဦး လျှင် အမေရိကန်ဒေါ်လာ ၁၀၀၀၀ အထိ နေ့စဉ်လဲလှယ်ပေးနေသော်လည်း ငွေပေါက်ဈေးမှာမူ တခြားငွေလဲစင်တာများထက် ခုနစ်ကျပ် ရှစ်ကျပ်မျှ လျော့နည်းနေသည်ကို တွေ့ရသည်။ ထို့ပြင် အက်ဖ်အီးစီကိုလည်း နေ့စဉ် ယူနစ် ၁၀၀၀၀ အထိ အရောင်း အဝယ်ပြုလုပ်နေသော်လည်း အက်ဖ်အီးစီ လာရောင်းသူရှိမှသာလျှင် ပြန် ရောင်းနိုင်ကြောင်း သိရသည်။"ကျွန်မတို့ဆီမှာ အက်ဖ်အီးစီကို  အများကြီးဝယ်ပြီး သိမ်းမထားပါဘူး။ လာရောင်းတဲ့သူရှိမှသာ ပြန်ပြီးရောင်းနိုင်ပါတယ်။ အခုလည်း အက်ဖ်အီးစီ လာရောင်းတဲ့သူမရှိလို့ ပြန်ပြီးမရောင်းနိုင်ပါဘူး"ဟု အာရှစိမ်းလန်းမှုဖွံ့ဖြိုး ရေးဘဏ်၏ ငွေလဲစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။မယ်သီတာ