မြန်မာ့တိုင်းရင်းငါးမျိုးများ ပြုန်းတီးမှုမှ ကာကွယ်နိုင်ရန် စမ်းသပ် သားဖောက်လျက်ရှိ

မြန်မာ့တိုင်းရင်းငါးမျိုးများကို မျိုးပြုန်းတီးမှုကာကွယ်နိုင်ဖို့ သားဖောက်တဲ့ လုပ်ငန်းများ ကြိုးစားစမ်းသပ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး သရက်ကုန်း ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးမျိုးမင်းလှိုင်က ပြောပါတယ်။သရက်ကုန်းငါးလုပ်ငန်းစခန်းနဲ့ မန္တလေးတက္ကသိုလ်၊ သတ္တဗေဒဌာနတို့ ပူး ပေါင်းပြီး ငါးမွေးမြူရေးဆိုင်ရာ သုတေသနပညာရပ်များကို ဆောင်ရွက်လျက်ရှိ ကြောင်း၊ ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှစပြီး ရှမ်းပြည်နယ် အင်းလေးဒေသငါးမျိုးဖြစ်တဲ့ ငါးဖိန်းငါးမျိုးကို စမ်းသပ်မွေးမြူခဲ့ပြီး၊ နိုင်ဝင်ဘာလမှာ သားစဖောက်ခဲ့ကြောင်း၊ ငါးဖိန်းငါး အရွယ်အစားကြီးလာမှုကို လေ့လာလျက်ရှိကြောင်း သိရပါတယ်။"သရက်ကုန်း ငါးလုပ်ငန်းစခန်းမှာ ငါးဖိန်းငါးမွေးကြည့်ပြီး သားဖောက်လို့ရ တဲ့အတွက် ငါးအဆင့်ဆင့်ကြီးတာကို လေ့လာနေတယ်။ ၃ လသားအရွယ်ထိ လေ့လာမှုပြုလုပ်ပြီးပြီ။ ငါးဖိန်းငါးမျိုးက အင်းလေးကန်ထဲမှာ မျိုးတုံးပျောက်ကွယ် လုနီးပါးဖြစ်နေတဲ့အတွက် ပြန်လည်ပြီး မျိုးထိန်းသိမ်းနိုင်ဖို့၊ ငါးမျိုးစိုက်ထည့်ပေး နိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်သွားမယ်။ ငါးဖိန်းငါးသားဖောက်လို့ အောင်မြင် တယ်ဆိုရင် တောင်ပေါ်ဒေသ၊ အအေးပိုင်းဒေသတွေမှာ မွေးမြူနိုင်မယ်။ ရှေ့ဆက် ပြီး မြန်မာ့တိုင်းရင်းငါးမျိုးတွေဖြစ်တဲ့ ငါးကျည်း၊ ငါးခူ၊ ငါးရံ့၊ ငါးဖယ် ငါးတွေကို လည်း မျိုးဖောက်နိုင်အောင်ကြိုးစားသွားမယ်"လို့ အထက်ပါပုဂ္ဂိုလ်ကပြောပါတယ်။မြန်မာ့တိုင်းရင်းငါးများ သားဖောက်ခြင်းကို ၂၀၀၄ ခုနှစ်မှာ ငါးနက်ပြာ၊ ၂၀၀၇ ခုနှစ်မှာ ငါးသိုင်း၊ ၂၀၁၁ ခုနှစ်မှာ ငါးနက်ပြာနဲ့ ငါးဖိန်းငါးများ မျိုးဖောက်ပြီး ဖြစ်ကြောင်း သိရပါတယ်။ ငါးမြစ်ချင်းငါးမျိုး ဗီဇမြှင့်တင်ခြင်းကိုလည်း ၂၀၀၉ ခုနှစ်မှစပြီး ဆောင်ရွက်ပေးထားကြောင်းသိရပါတယ်။ ၂၀၁၁ -၂၀၁၂ ခုနှစ်အတွက် ငါးမုံ၊ ငါးသန်း သားပေါက်ကောင်ရေ ၁၁၂၂ သိန်းကျော်ကို ငါးမွေးမြူရေးလုပ်ငန်း ရှင်များသို့ ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ကြောင်း သိရပါတယ်။             ဇူးဇူး