ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၁-၁၂ နွေစပါးရာသီ ပုလဲသွယ် စပ်မျိုးစပါးများ စိုက်ပျိုးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီးအတွင်း အထွက်နှုန်းကောင်း အရည်အသွေးမြင့် စပါးများ ပြောင်းလဲစိုက်ပျိုး လျက်ရှိရာ တစ်ဧကအထွက်နှုန်း တင်း ၂၀၀ ခန့် ထွက်ရှိတဲ့ ပုလဲသွယ်စပ်မျိုးစပါးများကို ၂၀၁၂ နွေစပါးရာသီမှာ တိုင်းဒေသကြီး အတွင်း မြို့နယ်များမှာ စိုက်ပျိုးလျက် ရှိကြောင်း သိရပါတယ်။ပုလဲသွယ်စပ်မျိုးစပါး စိုက်ပျိုးလျက် ရှိတဲ့ တောင်သူများကို ဆန်စပါးအထူး ပြုကုမ္ပဏီများမှ ပံ့ပိုးကူညီမှုများပေးပြီး မြန်မာ့စိုက်ပျိုးရေး  လုပ်ငန်းမှလည်း နည်းပညာများပေးပြီး ပုသိမ်ခရိုင်မှာ စိုက်ဧက ၃၀၊ ဟင်္သာတခရိုင်မှာ စိုက် ဧက ၂၀၊ မြောင်းမြခရိုင်မှာ စိုက်ဧက ၁၈၊ လပွတ္တာခရိုင်မှာ စိုက်ဧက ၂၀၊ မအူပင်ခရိုင်မှာ စိုက်ဧက ၁၀၊ ဖျာပုံခရိုင် မှာ စိုက်ဧက ၃၄ ဧကနဲ့ စုစုပေါင်း ပုလဲ သွယ်စပ်မျိုးစပါး ၁၃၂ ဧကကို ဧရာဝတီ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးပြီးစီး ကြောင်း သိရပါတယ်။   မင်းမင်းဦး