ဝမ်းတွင်းမြို့နယ်မှာ ပုလဲသွယ် စပ်မျိုးစပါး စိုက်ပျိုးပြီ

သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာမှာ အထွက်နှုန်းကောင်းခြင်း၊ အရည်အသွေးကောင်းခြင်းတို့ပြည့်စုံမှသာ  ထုတ်လုပ်သူ တောင်သူလယ်သမားများ ဈေးကောင်းပြီး ဝင်ငွေတိုးမှာဖြစ်ပါတယ်။ ပုလဲသွယ် စပ်မျိုးစပါးဟာ အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းပြီး၊ ဈေးကောင်းရတဲ့အပြင် ဝယ်လိုအားကောင်းပြီး ဈေးကွက်ခိုင်မာတဲ့ သီးနှံဖြစ်လို့ ဝမ်းတွင်းမြို့နယ်မှ တောင်သူလယ်သမားများလည်း ထွက်နှုန်းကောင်းမျိုးစပါးဖြစ်တဲ့ ပုလဲသွယ် စပ်မျိုးစပါးများ၊ စိုက်ပျိုးလာကြပြီဖြစ်ပါတယ်။ မတ်လပထမပတ်ထိ ခင်ကြီး၊ ပြည်တော်သာ၊ သနပ်ခါးတော၊ ကုန်းရွာ၊ စမုံကျေးရွာများမှာ ပုလဲသွယ်စပ်မျိုးစပါး ၆၂ ဧက ပျိုးထောင်နေပြီဖြစ်ကြောင်းနဲ့ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့များဖြန့်ဖြူးသွားမှာဖြစ်ကြောင်း သိရပါတယ်။                                        ခင်စန်းမြင့်