တောင်သူတွေနှစ်သက်လို့ အဝယ်သွက်တဲ့'အလယ်ဘုံ နွားဆေး'
အညာဒေသရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ စက်မှုဆိုင် ရာလုပ်ငန်းသုံး ကိရိယာတွေ ဘယ်လောက်ပေါပါစေ တောင်သူအများစုဟာ ထွန်ယက်မှု၊ သယ်ယူမှုလုပ်ငန်း တွေမှာ မိရိုးဖလာနွားကို အားပြုလျက် ရှိနေဆဲဖြစ်ပါ တယ်။ တောင်သူတွေအနေနဲ့ မိမိတို့ရဲ့ ကျန်းမာရေး ကိုသာမက မိမိနဲ့မခြားအားကိုးလက်တွဲရတဲ့ နွားတွေ ရဲ့ ကျန်းမာရေးကိုလည်း အမြဲဂရုစိုက်နေကြရပါတယ်။ အဲဒီလို မြန်မာ့လယ်ယာကဏ္ဍမှာ အရေးပါနေဆဲ နွား တွေရဲ့ ကျန်းမာရေးအတွက် မုံရွာခရိုင် ပုလဲမြို့နယ် အလယ်ဘုံ ကျေးရွာက တိုင်းရင်းဆေးပညာရှင် ဦးအောင်ကျော်စိုးက မိဘအမွေဖြစ်တဲ့ နွားဆေးကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက် ရှိတယ်လို့ သိရပါတယ်။ မုံရွာခရိုင် ယင်းမာပင်မြို့နယ် ဇီးတောရွာက ရိုးရာပွဲကြီးတစ်ခုဖြစ်တဲ့ အမေရေယာဉ်ခေါ် အမေကြီး နတ်ပွဲမှာ တစ်ပေါင်းလဆုတ် ၃ ရက်ကနေ ၈ ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကာ နယ်စုံရွာစုံနဲ့ မြို့အစုံက ဆိုင်ရာဆိုင်ရာ ပရိသတ်တွေလာရောက်ခဲ့ကြ ပြီး၊ ထိုပွဲဈေးမှာ အလယ်ဘုံနွားဆေးကို နှစ်စဉ်ဖွင့်လှစ် ရောင်းချ ခဲ့တယ်လို့ သိရပါတယ်။ ပွဲဈေးလာ တောင်သူကြီးတွေအနေနဲ့ အလယ်ဘုံ နွားဆေးကို သုံးစွဲဖူးသူများဖြစ်ကြလို့ သူတို့နွားတွေရဲ့ ကျန်းမာရေးအတွက် ဝယ်ယူစုဆောင်းမှု များပြားလျက် ရှိကြောင်း သိရပါတယ်။ နွားဆေးတစ်ထုပ်ကို လက်လီဈေး ၁၀၀ ကျပ် ရှိပြီး၊ ၁၀၀၀ ဖိုးဝယ်ရင် ၁၂ ထုပ်ပေးတယ်လို့ ဆေးဆိုင် ပိုင်ရှင်က ဆိုပါတယ်။ နွားဆေးအပြင် လူတွေသုံးစွဲဖို့ တိုင်းရင်းဆေးဝါးမှတ်ပုံတင်ပြီး ထုတ်လုပ်ထားတဲ့ မြန်မာ့ ဆေးမျိုးစုံတွေလည်း ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။ ပွဲဈေးလာ ဒေသခံဖောက်သည်တွေရဲ့ အားပေး မှုကြောင့် ယခုနှစ် အမေကြီး နတ်ပွဲ၊ ပွဲဈေးရာသီ ၆ ရက်အတွင်း နွားဆေးရောင်းချရမှုမှာ ကျပ် ၁၀ သိန်း ကျော်ဖိုးရှိခဲ့တယ်လို့ သိရှိရပါတယ်။ထွန်းလှိုင်
