ဗီယက်နမ်ဆန်ကို တရုတ်တင်သွင်းမှု ၃ ဆ မြင့်တက်ဖွယ်ရှိ
ကမ္ဘာ့အများဆုံးစားသုံးသူဖြစ်တဲ့ တရုတ်နိုင်ငံဟာ ပြည် တွင်းဈေးကို ထိန်းချုပ်ဖို့ ဝယ်ယူမှုမြင့်တက်တဲ့အတွက် ယခုနှစ် မှာ ဗီယက်နမ်မှ ဆန်တင်သွင်းမှု ၃ဆခန့် မြင့်တက်နိုင်ကြောင်း၊ မတ်လ ၁၉ ရက်မှာ ထုတ်လုပ်မှုအရာရှိများမှ ပြောကြားပါ တယ်။ ဗီယက်နမ်နိုင်ငံရဲ့ သိုလှောင်ဆန်ဝယ်ယူမှုအစီအစဉ် အပြင် တရုတ်နိုင်ငံမှ ဝယ်လိုအားတက်ခြင်း တို့ကြောင့် မဲခေါင် ဒေသမှာ အဓိကသီးနှံရိတ်သိမ်းမှုအမြင့်ဆုံးကာလ ဖြစ်တဲ့တိုင် ဗီယက်နမ်စပါးဈေးကို အမြင့်မှာရှိဖို့ ထိန်းထားပါတယ်။ ယခုနှစ် လက်ရှိအချိန်ထိ ဗီယက်နမ်ဆန်တင်ပို့သူများက တရုတ်နိုင်ငံကို ဆန်တန်ချိန် ၅ သိန်းခန့် ရောင်းချပြီး ကြောင်း နဲ့ အဲဒီပမာဏရဲ့ ထက်ဝက်နီးပါးကို တင်ပို့ပြီးဖြစ်ကြောင်း၊ ဗီယက်နမ် စားနပ်ရိက္ခာအသင်းဥက္ကဌ Truong Thanh Phong မှ ပြောကြားပါတယ်။ တရုတ်နိုင်ငံကို ဆန်ရောင်းချ တဲ့ စာချုပ်အရေအတွက်က အလျင်အမြန် တိုးတက်နေတယ် လို့လည်း ဆိုပါတယ်။ တရုတ်နိုင်ငံမှာ တောင်သူတွေကို အထောက်အပံ့ဖြစ်စေ ဖို့ အစိုးရက ဈေးမြင့်ပေးခဲ့ခြင်းနဲ့အတူ ပြည်တွင်း ဆန်ဈေး မြင့်တက်လာခြင်းကို ထိန်းချုပ်ဖို့ မကြာသေးခင်လများအတွင်း ပါကစ္စတန်နဲ့ ဗီယက်နမ်ဆန်များကို ဝယ်ယူခဲ့တယ်လို့ ကုန် သည်များက ဆိုပါတယ်။ ဈေးနှုန်းသက်သာနေတာကြောင့် ပမာဏများများတင်သွင်းနေခြင်းဖြစ်နိုင်တယ်လို့ တရုတ်နိုင်ငံ အရာရှိတစ်ဦးနဲ့ လေ့လာဆန်းစစ်သူတစ်ဦးက ဆိုပါတယ်။ တရုတ်နိုင်ငံက တိတ်ဆိတ်ငြိမ်သက်စွာ ဝယ်ယူခဲ့ပြီး ဝယ် ယူမှု အပြီးသတ်မှာဖြစ်လို့ ဘယ်လောက်များများ ဝယ်ယူနေ တယ်ဆိုတာမသိသာဘူးလို့ စင်ကာပူအခြေစိုက် ဆန်ကုန် သည်တစ်ဦးက ဆိုပါတယ်။ ဗီယက်နမ် နယ်စပ် ကွမ်ရှီးမှာ တရုတ်ပြည်တွင်းဆန်ဈေးက တစ်တန် ယွမ် ၃၉၀၀ (ကန်ဒေါ် လာ ၆၁၉) ရှိပြီး၊ ဗီယက်နမ်မှာ ဆန်က ကန်ဒေါ်လာ ၄၃၀ ဈေးရှိတယ်လို့ တရုတ်နိုင်ငံတော်သီးနှံနဲ့ဆီ သတင်းဌာနမှပြော ကြားပါတယ်။ အဲဒီလိုဈေးနှုန်းကွာခြားမှုကြောင့် နယ်စပ်မှတစ်ဆင့် တရုတ်ကိုဗီယက်နမ် ဆန် တန် ၄ သိန်းခန့် တရားမဝင် ရောင်း ချနေခြင်းဖြစ်တယ်လို့ ဗီယက်နမ်စားနပ်ရိက္ခာအသင်းမှ ပြော ကြားပါတယ်။ ယခင်နှစ်က တရုတ်နိုင်ငံဟာ ဗီယက်နမ်ဆန် တန်ချိန် ၃၀၉၀၀၀ တင်သွင်းခဲ့လို့ ၂၀၁၀ ခုနှစ် တင်သွင်းခဲ့တဲ့ တန်ချိန် ၁၂၄၅၀၀ ထက် ၁၅၀ ရာခိုင်နှုန်းနီးပါး ပိုမိုတင်သွင်းခဲ့ တယ်လို့ အကောက်ခွန်စာရင်းအရ သိရပါတယ်။ ဗီယက်နမ်ဆန်တင်ပို့သူများဟာ တင်ပို့ခွင့်ပါမစ်ရယူဖို့ စားနပ်ရိက္ခာအသင်းနဲ့ စာချုပ်မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ ယခုနှစ် ဗီယက်နမ်ဆန်တန်ချိန် ၇ ဒသမ ၂ သန်းတင်ပို့ဖို့ ရည်မှန်းထားတဲ့အနက် တရုတ်နိုင်ငံရဲ့ဝယ်လိုအားက ၁၄ ရာခိုင်နှုန်းနီးပါးရှိတယ်လို့သိရပါတယ်။ ဗီယက်နမ်က ဆန်များ စွာ ရောင်းချရင် ထိုင်းကိုကျော်လွန်ပြီး ၂၀၁၂ မှာ ကမ္ဘာ့ဆန် တင်ပို့သူ နေရာရရှိလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ထိုင်းအစိုးရက ဆင်းရဲသားလယ်သမားသန်းပေါင်းများ စွာကို အထောက်အပံ့ပြုဖို့ ကြားဖြတ်ဆောင်ရွက်မှု အနေနဲ့ ဈေးနှုန်းတိုးမြင့်ခဲ့တာကြောင့် ယခုနှစ်ဆန်တင်ပို့မှုက တန်ချိန် ၇ သန်းခန့်ကို သိသိသာသာကျဆင်းဖွယ် ရှိတယ်လို့သိရပါ တယ်။ တရုတ်နိုင်ငံက ဝယ်လိုအားအသစ်ထွက်လာခြင်းအပြင် အစိုးရက ဇွန်လ ၁၅ ရက်အထိ ၃ လအတွင်း စပါးတန်ချိန် ၂ သန်းဝယ်ယူသိုလှောင်ဖို့ ဆောင်ရွက်ခဲ့တာကြောင့် ဗီယက်နမ် ၅ မှတ်ဆန်ဈေးက ယခင်သီတင်းပတ်အနည်းငယ် က တစ်တန် ကန်ဒေါ်လာ ၄၀၅ ရှိရာမှ ၄၃၅ ဝန်းကျင်ကို မြင့်တက်ခဲ့ပါတယ်။လမင်းSource: business recorder
