ထောင်စုနှစ် ပန်းတိုင် ရေ နှင့် မိလ္လာ

သုံးနှစ်တစ်ကြိမ်ပြုလုပ်သည့် ကမ္ဘာ့သောက် သုံးရေကောင်စီ  (World Water Council, WWC)  ၏ ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေး ကို ပြင်သစ်နိုင်ငံ၊ မာဆေးဆိပ်ကမ်းမြို့တွင် မတ်လ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပခဲ့သည်။ နိုင်ငံပေါင်း ၁၈၀မှ တက်ရောက်သူပေါင်း ၃၈၀၀၀ ကျော်ရှိခဲ့သည်။ ထိုအစည်းအဝေး ကျင်းပနေချိန် မှာပင် ကုလသမဂ္ဂ၊ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့  (WHO)  တို့က "၂၀၁၂ ခုနှစ်အထိ သောက်သုံးရေနှင့် မိလ္လာ တိုးတက်မှုအစီရင်ခံစာ"ကို ပူးတွဲထုတ်ပြန်ခဲ့သည်။ အဆိုပါ  ပူးတွဲစောင့်ကြည့်ရေးအစီအစဉ် (Joint Monitoring Program)   အစီရင်ခံစာ ကိုလည်း နှစ်နှစ်တစ်ကြိမ် ထုတ်ပြန်ခြင်းဖြစ်သည်။ ကုလသမဂ္ဂ၊ ထောင်စုနှစ်ဖွံ့ဖြိုးရေး  ပန်းတိုင် (MDG) ၏ စိတ်ချရသော သောက်သုံးရေရရှိရေး ရည်မှန်းချက်အရ ကမ္ဘာ့လူဦးရေ၏ ၈၈ ရာခိုင် နှုန်းမှာ ထိုရည်မှန်းချက်သ့ို ရောက်ရှိနိုင်ခဲ့ပြီဟု ဆိုပါသည်။ သို့သော်လည်း ကမ္ဘာ့လူဦးရေ၏ ၇၅ ရာခိုင်နှုန်းမှာ စနစ်တကျ  မိလ္လာစွန့်ရေးကို မ ဆောင်ရွက်နိုင်သေးကြောင်း  အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဝမ်းပျက်ဝမ်းလျှော ရောဂါ ကြောင့် နေ့စဉ်ကလေးငယ် ၃၀၀၀ ကျော်သေဆုံး ရလျက်ရှိသဖြင့် စိတ်ချရသော သောက်သုံးရေရ ရှိခြင်းကြောင့်  ကလေးသူငယ်များ၏ အသက် ပေါင်းများစွာကို ကယ်ဆယ်နိုင်လိမ့်မည်ဖြစ်သည်။ သို့သော်လည်း ကမ္ဘာ့လူဦးရေ၏ ၁၁ ရာခိုင်နှုန်း (ဦးရေ ၇၈၃ သန်း)မှာ စိတ်ချရသောသောက်သုံး ရေ မရနိုင်ကြသေးသည့်ပြင်၊ အိမ်သာအသုံးမပြုနိုင် သေးသည့် လူဦးရေမှာလည်း သန်းထောင်နှင့်ချီ ရှိနေသည်ဟု ဆိုပါသည်။တရုတ်နှင့် အိန္ဒိယနိုင်ငံတို့တွင် သိသိသာ သာ တိုးတက်လာခဲ့သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သောက်သုံးရေရရှိမှု ၁၆ ရာခိုင်နှုန်းအထိ တိုး တက်လာခဲ့သော်လည်း ဆာဟာရသဲကန္တာရတစ် ပိုင်း  အာဖရိကနိုင်ငံများမှာ သောက်သုံးရေရရှိမှု အနည်းဆုံးဖြစ်နေပေသည်။  သောက်သုံးရေ ရရှိမှု အခြေအနေတွင် မြို့ပြနှင့်ကျေးလက်အကြား မညီ မျှမှု အကြီးမားဆုံးဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်က တစ်ကမ္ဘာလုံးတွင် မြို့နေလူဦးရေ၏ ၉၆ ရာခိုင် နှုန်းသည် ကောင်းမွန်သောအရင်းအမြစ်မှ ရရှိ သည့်ရေကို သောက်သုံးနိုင်ကြပြီး ကျေးလက်နေ လူဦးရေတွင် ကောင်းမွန်သောသောက်သုံးရေ ရရှိ နိုင်သူ ၈၁ ရာခိုင်နှုန်းသာ ရှိသည်။ ကမ္ဘာ့မြို့နေ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းတွင် ပိုက်ဖြင့် သွယ်ယူ သည့်ရေကို အသုံးပြုနိုင်ကြပြီး ကျေးလက်ဒေသ များတွင် လူဦးရေ၏ ၂၉ ရာခိုင်နှုန်းတွင်သာ ပိုက် ဖြင့်သွယ်ယူအသုံးပြုနိုင် ကြသည်။ ကောင်းမွန်သော သောက်သုံးရေ  အရင်းအမြစ်ဆိုသည်မှာ ထိုရေ အရင်းအမြစ် တည်ဆောက်ထားပုံအရ ပြင်ပမှ အညစ်အကြေးများ (အထူးသဖြင့် မစင်များ) မဝင် ရောက်နိုင်စေရန်  ကာကွယ်ထားပြီးဖြစ်ခြင်းကို ဆိုလိုပါသည်။ သို့သော်လည်း ကောင်းမွန်သော ရေအရင်း အမြစ်အချို့မှာ တကယ်တမ်းအားဖြင့် လုံလောက် သည့် အတိုင်းအတာအထိ ကာကွယ်ထိန်းသိမ်း ထားနိုင်ခြင်းမရှိသဖြင့် စိတ်ချရသော သောက် သုံးရေ ရရှိသည့်လူဦးရေ ခန့်မှန်းချက်မှာ အမှန် အရေအတွက်ထက် ပိုမိုခန့်မှန်း ထားသလို ဖြစ်နိုင် သည်ဟုအစီရင်ခံစာတွင်ဖော်ပြထားသည်။ နောက် ဆုံးတွင် ကမ္ဘာ့လူဦးရေ သန်း ၇၈၀ ကျော်မှာ ကောင်းမွန်သောသောက်သုံးရေကို မရနိုင်ကြသေး ပေ။ ထောင်စုနှစ်ဖွံ့ဖြိုးရေးပန်းတိုင်၏ သောက်သုံး ရေရည်မှန်းချက် ကို ရောက်ရှိခဲ့ပြီဆိုခြင်းမှာ စိတ်ချ ရသောရေ မရရှိနိုင်သေးသည့် လူဦးရေကို ထက် ဝက်လျှော့ချရေးသာ ဖြစ်သည်။ ကမ္ဘာ့လူဦးရေ၏ ဆယ်ပုံ တစ်ပုံကျော်မှာ  ၂၀၁၀ ပြည့်နှစ်အထိ ကောင်းမွန်သည့်အခြေအနေတွင် မရှိသည့် ရေ အရင်းအမြစ်တို့အပေါ်တွင်သာ အမှီပြုနေကြ ရဆဲ ဖြစ်သည်။သန့်ရှင်းသော မိလ’ာစနစ် အသုံးပြုနိုင်မှု တွင်လည်း သန့်ရှင်းမှုမရှိသည့်စနစ်ဖြင့် မစင်စွန့် နေကြရသည့် လူဦးရေ သန်း၂၅၀၀ ထဲမှ ထက် ဝက်ကျော်သည် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့တွင် နေထိုင်ကြသူများဖြစ်သည်။ အာရှတောင်ပိုင်း ဒေသလူဦးရေ၏ ၄၁ ရာခိုင်နှုန်းနှင့် ဆာဟာရ တစ်ပိုင်း  အာဖရိကဒေသတွင် လူဦးရေ၏ ၃၁ ရာခိုင်နှုန်းတို့မှာ မိလ္လာစွန့်စနစ်ကို အသုံးမပြုနိုင်ကြ သေးချေ။ အာဖရိကတွင် လူဦးရေ ၄၅ ရာခိုင်နှုန်း သည် စနစ်တကျမရှိသောအိမ်သာများ သို့မဟုတ် အများသုံးအိမ်သာများကို အသုံးပြုနေကြပြီး ၂၅ ရာခိုင်နှုန်းမှာ အကာအကွယ်မရှိသော လူမြင်ကွင်း မှာပင် မစင်စွန့်ကြသည်။ တောင်အာရှဒေသတွင် မူ အိမ်သာအသုံးပြုနိုင်သည့်ရာခိုင်နှုန်း အလွန်နည်း ပါးပြီး လူမြင်ကွင်းတွင် မစင်စွန့်သည့်နှုန်းမှာ  ဒေသ အားလုံးထဲတွင် အများဆုံးဖြစ်နေသည်။တောင်အာရှဒေသတွင်  လူမြင်ကွင်းမှာ မစင်စွန့်သည့်လူဦးရေသည် ၁၉၉၀ပြည့်နှစ်မှစတင် ၍ သန်း ၁၁၀ အထိ လျော့ကျလာခဲ့သော်လည်း ယနေ့အထိ လူဦးရေ ၄၁ ရာခိုင်နှုန်း (အရေ အတွက်အားဖြင့် ၆၉၂ သန်း)သည် လူမြင်ကွင်းမှာ မစင်စွန့်ကြရဆဲဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော် ပြထားသည်။  လူမြင်ကွင်းတွင်  မစင်စွန့်သည့် အလေ့အထမှာ နိုင်ငံပေါင်း ၁၉ နိုင်ငံတွင်ရှိနေပြီး အထူးသဖြင့် ကျေးလက်ဒေသတို့တွင် အများဆုံး ကျင့်သုံးနေခြင်းဖြစ်သည်။ ထိုအထဲမှ လူမြင်ကွင်း တွင် မစင်စွန့်သူ ၆၀ ရာခိုင်နှုန်းကျော်မှာ အိန္ဒိယ နိုင်ငံမှဖြစ်သည်ဟု ဆိုပါသည်။Ref; chinadaily.com.cn