၂၀၁၂ ခုနှစ်အတွင်း အလုပ်လက်မဲ့ဦးရေ တိုးတက်လာခြင်းကြောင့် စီးပွားရေးတိုးတက်မှုနှေးကွေးကာ ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ ကျဆင်းလိမ့်မည်ဟု FAO ပြောကြား

၂၀၁၂ ခုနှစ်အတွင်း ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့  ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အလုပ်လက်မဲ့ဦးရေ တိုး တက်လာခြင်းကြောင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှေးကွေးကာ စားနပ်ရိက္ခာဝယ်လိုအားကို လျော့ကျ စေနိုင်ရာ ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းတွေကျဆင်းလိမ့်မယ်လို့  FAO ညွှန်ကြားရေးမှူးချုပ်က ပြော ကြားခဲ့တယ်။ လက်ရှိမှာလည်း စားနပ်ရိက္ခာဈေးနှုန်းတွေ စတင်ကျဆင်းနေပြီဖြစ်တယ်လို့  FAO  ညွှန်ချုပ်က မတ် ၁၅ ရက်မှာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာကျင်းပခဲ့တဲ့ ညီလာခံမှာ ပြောကြားခဲ့တယ်လို့ သိရတယ်။IMF စာရင်းအရ ၂၀၁၁ ခုနှစ်က ကမ္ဘာ့စီးပွားရေး ကျယ်ပြန့်မှုနှုန်းက ၃ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်မှာ ၃ ဒသမ ၃ ရာခိုင်နှုန်းအထိ နှေးကွေးသွားမယ်လို့ ခန့်မှန်းထား ကြောင်းသိရတယ်။ တရုတ်နိုင်ငံဝန်ကြီးချုပ် ဝမ်ကျားပေါင်ကလည်း တရုတ်ရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ၇ ဒသမ ၅ ရာခိုင်နှုန်းသာ ခန့်မှန်းထားရာ ယခင် ခုနစ်နှစ်တာအတွင်း ဖွံ့ဖြိုးတိုး တက်မှုနှုန်းဖြစ်တဲ့ ၈ ရာခိုင်နှုန်းအောက် ကျဆင်းသွားတာကို သုံးသပ်တွေ့ရှိရတယ်။ဒါပေမဲ့ ကမ္ဘာ့စားနပ်ရိက္ခာတွေဖြစ်တဲ့ ဂျုံနဲ့ ဆန်စိုက်ပျိုးထုတ်လုပ်မှု စံချိန်တင်မှာဖြစ်ကြောင်း၊ သီးနှံတွေ ဈေးကောင်းခဲ့ရာ လယ်သမားတွေက စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ကြရာ အထွက်နှုန်း စံချိန်တင်မှာဖြစ်ကြောင်း၊ ဂျုံနဲ့ ဆန်သာမက သီးနှံအားလုံးနီးပါး စိုက်ပျိုးထုတ်လုပ်မှု မြင့်မားနိုင် ကြောင်း National Australia Bank Ltd  မှ လယ်ယာစီးပွားရေးဆိုင်ရာပညာရှင် Michael Creed   က ပြောကြားခဲ့တယ်။နမူနာအနေနဲ့ပြောရင် လက်ရှိဂျုံဈေးနှုန်းက ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလက စံချိန်တင်မြင့် မားခဲ့တဲ့ ဂျုံဈေးနှုန်းအောက် ၂၉ ရာခိုင်နှုန်း ကျဆင်းကာ တစ်ဘွတ်ရှယ်လ်ကို ၆ ဒသမ ၄၇၅ ဒေါ်လာ (တစ်တန်ကို ကန်ဒေါ်လာ ၂၄၀) နဲ့အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ၂၀၁၂ ခုနှစ် ၊ မတ် ၁၅ ရက် ချီကာဂိုကုန်သွယ်ရေးဈေးနှုန်းတွေမှာ ဖော်ပြထားတယ်။၎င်းနေ့က အမေရိကန်ဆန်ဈေးနှုန်းမှာလည်း ၂၀၁၁ ခုနှစ်  စက်တင်ဘာလက စံချိန်တင် ခဲ့တဲ့ ဈေးနှုန်းနဲ့ယှဉ်ရင် ၂၅ ရာခိုင်နှုန်းကျဆင်းကာ ပေါင် ၁၀၀ ကို ၁၃ ဒသမ ၉၄ ဒေါ်လာ (တစ်တန်ကို ၃၀၇ ဒေါ်လာ ဝန်းကျင်)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရတယ်။Source:businessweek.com,  ပပ