တရုတ်နဲ့ စင်ကာပူမှ မြေသြဇာတင်သွင်း

တရုတ်နဲ့ စင်ကာပူမှ မြေသြဇာတင်သွင်းဒီသီတင်းပတ်ဖြစ်တဲ့ မတ် ၁၁ ရက်မှ ၁၇ ရက်တာကာလအတွင်း မြေသြဇာ တန်ချိန် ၂၃၁၁ ဒသမ ၆၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခုနစ်သိန်းသုံးသောင်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်  မှာတော့ တရုတ်နဲ့စင်ကာပူမှ မြေသြဇာများသာ တင်သွင်းခဲ့တာတွေ့ရပါတယ်။ တရုတ်နိုင်ငံမှ ကွန်ပေါင်းမြေသြဇာ ၅၅၀ တန်၊ စင်ကာပူနိုင်ငံမှ ကောမတ်မြေသြဇာ ၁၀၁၁ ဒသမ ၆၀ တန်နဲ့ အခြားမြေသြဇာ ၇၅၀ တန် မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်မြေသြဇာတင်သွင်းမှုက တန်ချိန် တစ်ထောင့်သုံးရာကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မြေသြဇာအဝင် တန်ချိန်နဲ့ယှဉ်ရင် တန်တစ်ထောင်နီးပါး ပိုမိုတင် သွင်းနိုင်တာ တွေ့ရပါတယ်။                                   MIRT (DOT)ဓာတ်မြေသြဇာ တန် ၁၂၆၅၀ ကျော် နယ်စပ်မှအသွင်းရှိကန်ဒေါ်လာ ၂ဒသမ ၄၀၉ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၂၆၅၀ တန် ကျော်ကို မတ် ၁၄ ရက်မှ ၂၀ ရက်ကာလအတွင်းမှာ အသွင်းရှိခဲ့ရာ ယခင်အပတ် ကထက် တန် ၂၁၉၁ တန် ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၂၂၅၇ တန်၊ ကော့သောင်းမှ ၉၅ တန်၊ မြဝတီမှ တန် ၅၀၊ ရိဒ်မှ ၁၆၃ ဒသမ ၅ တန်နှင့် ကန်ပိုက်တီးမှ ၈၅ တန် အသီးသီး တင် သွင်းခဲ့ပါတယ်။                                           MIRT (DOBT)ဓာတ်မြေသြဇာဈေးကွက် အများစုတည်ငြိမ်မော်လမြိုင်ဈေးကွက်မှာ  ဓာတ်မြေသြဇာက အရောင်းအေးတယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာ ၄၆ ရာခိုင်နှုန်း (သံကွင်း-တရုတ်)က ယခင်တစ်ပတ်ဈေးထက် နှစ်ထောင်ကျပ်ဈေးလျော့ပြီး တီစူပါ ၁၆ရာခိုင်နှုန်း  (မြှားကမ္ဘာ-တရုတ်)က ငါးရာကျပ်ဈေးကျပြီး ကျန်မြေသြဇာတွေက ဈေးမပြောင်းဘဲ ယခင်တစ်ပတ်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်တယ်လို့ သိရ ပါတယ်။ ပုလဲအသေး ၄၆ ရာခိုင်နှုန်း (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က ၂၁၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း)က ၃၅၀၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) (၁၅း၁၅း၁၅) က ၃၁၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈(မြင်းပျံ-ထိုင်း) က ၃၀၀၀၀ ကျပ်၊ တီစူပါ ၄၆ရာခိုင်နှုန်း (သံကွင်း-တရုတ်) က ၂၄၀၀၀ ကျပ် ၊ တီစူပါ ၄၆ ရာခိုင်နှုန်း  (မြှား-တရုတ်) ၂၅၀၀၀ ကျပ်နဲ့ တီစူပါ ၁၆ ရာခိုင်နှုန်း  (မြှားကမ္ဘာ) တရုတ် ၁၁၅၀၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်တွင် ဓာတ်မြေသြဇာက ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ အရောင်းပုံမှန်ရှိတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ အရောင်းပုံမှန်ရှိသလို ဈေးကလည်း အတက်အကျမရှိဘဲ ပုံမှန်ပဲလို့ ဆိုပါတယ်။ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-ပန်းဖူး-ရွှေတောင်) တရုတ်က တစ်အိတ်ကို ၂၀၀၀၀ ကျပ်၊ တီစူပါ ၁၂ရာခိုင်နှုန်း (တရုတ်) ၉၅၀၀ ကျပ်၊ တီစူပါ ၁၆ရာခိုင်နှုန်း  (တရုတ်)က ၁၀၀၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်)က ၃၅၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်)က ၁၃၅၀၀ ကျပ်၊ ဓာတ်ဆား(တရုတ်) ၁၇၀၀၀ ကျပ်၊ ပိုတက် (တရုတ်) ၂၆၅၀၀ ကျပ်၊ ယူရီးယား(ယူအေအီး) ၁၉၀၀၀ ကျပ်၊  မြှားကမ္ဘာ(တရုတ်) ၁၅၀၀၀ ကျပ်နဲ့ ယခုတစ်ပတ်မှာ ဈေးကွက်အတွင်း အရောင်းဖြစ်နေတဲ့ ဈေးနှုန်း တွေဖြစ်ပါတယ်။မန္တလေးမြေသြဇာဈေးကွက်မှာ  အရောင်းအေးတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ မြေသြဇာက ဒီတစ်ပတ်မှာ ယခင် တစ်ပတ် ထက် ဈေးအနည်းငယ်ထပ်ကျလာပါတယ်။ ဈေးကသိပ်အများကြီးမဟုတ် ဘဲ တစ်အိတ်ကို နှစ်ရာကျပ်မှ သုံးရာကျပ်အတွင်း ဈေးကျလာပါတယ်။ အရောင်း အဝယ်ဖြစ်နေတဲ့ဈေးနှုန်းတွေမှာ ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၈၀၀ ကျပ်၊ ယူရီးယား(ပန်းဖူး-တရုတ်) ၂၀၆၀၀ ကျပ်၊ တီစူပါ (GTSP ၄၆ ရာခိုင်နှုန်း) တရုတ်က ၂၀၇၀၀ ကျပ်၊ တီစူပါ (GSSP ၁၆ရာခိုင်နှုန်း) တရုတ်က ၈၀၀၀ ကျပ်၊ တီစူပါ (GTSP ၁၂ရာခိုင်နှုန်း) တရုတ်က ၇၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (တရုတ်) ၂၆၅၀၀ ကျပ်ဈေးနဲ့ အာမို(ဒိုင်းမွန်းစတား) က ၃၇၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိ ရပါတယ်။မကွေးဈေးကွက်မှာ ဓာတ်မြေသြဇာဈေးက အရောင်းပုံမှန်ရှိတယ်လို့ အရောင်းဆိုင်မှ  ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ မြှားကမ္ဘာ (အစိမ်း) က တစ်ရာကျပ်၊ ဆင် ၁၀း၁၀း၅ က တစ်ရာကျပ်၊ အာမို ၁၀း၁၀း၅ က လေးရာ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က သုံးရာကျပ်နဲ့ ယူရီးယား-ပုလဲ(ရွှေတောင်- တရုတ်)က တစ်ရာကျပ် ဈေးကျပြီး ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်)က ငါးရာကျပ် ဈေးမြင့်လာပါတယ်။ ကျန်ဓာတ်မြေသြဇာတွေက ပြောင်းလဲမှုမရှိဘဲ ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း ရှိနေ ခဲ့ပါတယ်။ ဒီတစ်ပတ် မြေသြဇာဈေးမှာ မြှားကမ္ဘာ-တရုတ် ၁၂း၁၃ (အပြာ)က ၁၅၀၀၀ ကျပ်၊ (အစိမ်း)က ၁၄၉၀၀ကျပ်၊ ဆင် ၁၀း၁၀း၅က ၁၄၂၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၅၆၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၃၆၀၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ ၃၃၃၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၁၈၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၀၁၀၀ကျပ်၊ တီစူပါ (တရုတ်) က ၂၂၅၀၀ ကျပ်၊ တောင်သူမ ၁၄၂၀၀ ကျပ်နဲ့ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၆၇၀၀ ကျပ်တို့ဖြစ်ကြောင်း သိရ ပါတယ်။                                                      MIRT (DOT)