အာရှဆန်စပါးအုပ်စုမှာ မြန်မာနိုင်ငံပါဝင်ရေး ကမ္ဘောဒီးယားကြိုးပမ်းမှုနဲ့ အာရှဆန်စပါး ထုတ်လုပ်သူများရဲ့ မြင်ကွင်း

ကမ္ဘာ့ဆန်ဈေးအများစုမှာ အပြောင်းအလဲနည်းပါးနေပြီး အမေရိကန်ပြောင်းနဲ့ ဂျုံကြိုပွိုင့်ဈေးမှာ ရာသီဥတု သာယာတဲ့အတွက် ကျဆင်းခဲ့ပါတယ်။ ပဲပုပ်ကတော့ ဝယ်လိုအားကောင်းပြီး တောင်အမေရိက ပဲပုပ်အထွက် ကျဆင်းဖွယ် ရှိလို့ ဈေးအနည်းငယ်မြင့် တက်ခဲ့ပါတယ်။ ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက် ကျဆင်း ခဲ့ရင် ဆန်ဈေးနှုန်း ကျဆင်းဖွယ်ရှိ ပါတယ်။ အာဆီယံဆန်စပါးအုပ်စုမှာ မြန်မာနိုင်ငံပါဝင်ရေး ကမ္ဘောဒီးယားကြိုးပမ်းကမ္ဘောဒီးယားနိုင်ငံဟာ ဆန်စပါးအုပ်စုတစ်စုအဖြစ် ပူးပေါင်းဆောင်ရွက်ဖို့ အားသန်နေပြီး၊ ယင်း အုပ်စုမှာ မြန်မာနိုင်ငံကပါဝင်ဖို့ တွန်းအားပေးနေတယ်လို့ သိရပါတယ်။ ကမ္ဘောဒီးယားဝန်ကြီး ချုပ်က ဒေသတွင်းကုန်သွယ် မှုမြှင့်တင်ရေး ဆွေးနွေးမှု အနေနဲ့လာမယ့် သီတင်းပတ်မှာ မြန်မာနိုင်ငံ နဲ့ တွေ့ဆုံဆွေး နွေးမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ဆန်စက်လုပ်ငန်းများ တိုးတက်နေခြင်း ကို တွေ့ရှိတာကြောင့် မြန်မာနိုင်ငံပါဝင်ရေး ကမ္ဘောဒီးယားက အားထည့်ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ကမ္ဘောဒီးယားဆန်စပါးပေါများပေမယ့် ဆန်ကြိတ်ခွဲနိုင်မှုအားနည်းတာကြောင့် ထိုင်းနဲ့ ဗီယက်နမ် တို့လို ပြုပြင်ကြိတ်ခွဲနို င်တဲ့နိုင်ငံတွေကို ဈေးအနိမ့်နဲ့တင်ပို့နေရပါတယ်။ အခွန်သက်သာခွင့်ရတဲ့ ဥရောပ ဈေးကွက် ကိုယှဉ်ပြိုင်နိုင်လို့ ဆန်အနည်း ငယ်သာ တင်ပို့နိုင်ခဲ့ပါတယ်။ အာဆီယံနိုင်ငံများက ၂၀၀၂ ခုနှစ် ကစပြီး ဆန်စပါးအုပ်စု တစ်ခုတည်ထောင်ဖို့ကြိုးပမ်းနေပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံက အဲဒီ အစီအစဉ်အကောင်အထည်ဖော်ဖို့ ပိုမိုတွန်းအားပေးဆောင်ရွက်ခဲ့ပေမယ့် ကြိုးပမ်းမှုက အောင်မြင်မှုမရ သေးတဲ့ အခြေအနေဖြစ်နေပါတယ်။ဖိလစ်ပိုင် ဆန်တင်ဒါသစ်ကို မတ်လ ၂၆ ရက်မှာခေါ်ယူမယ်ဖိလစ်ပိုင်နိုင်ငံဟာ ဗီယက်နမ်နဲ့ ထိုင်းတို့က ဆန်တန်ချိန် ၁၂၀၀၀၀ ကို အစိုးရအချင်းချင်း ကုန်သွယ် မှုနဲ့ဝယ်ယူဖွယ်ရှိပြီး ဧပြီလမှာ အခိုင်အမာသိရမှာဖြစ်ကြောင်း၊ ယခုတစ်ပတ်အစပိုင်းမှာ ဖိလစ်ပိုင်အရာရှိ များက ပြောကြားပါတယ်။ မတ် ၁၉ ရက်က အစိုးရမှ ပုဂ္ဂလိကကုမ္ပဏီများကို တင်သွင်းဖို့ ခွင့်ပြုထားတဲ့ ဆန်တန်ချိန် ၁၉၀၀၀၀ ကို လေလံခေါ်ယူခဲ့ပြီး နောက်ထပ်တန်ချိန် ၁၉၀၀၀၀ ကို မတ်လ ၂၆ ရက်မှာ တင်ဒါခေါ်ယူသွားမယ်လို့ သိရပါတယ်။ဗီယက်နမ်က တန်းမြင့်ဆန် ပိုမိုစိုက်ပျိုးဖို့ဆောင်ရွက်တရုတ်နိုင်ငံက ဗီယက်နမ်ဆန်ကို တိုးမြင့်ဝယ်ယူနေခြင်းက အရည်အသွေးမြင့် ဆန်ဝယ်ယူမှု ပိုမိုလာစေပြီး တန်းနိမ့်ဆန် ဝယ်လိုအား ပိုမိုနည်းလာဖွယ်ရှိပါတယ်။ ဗီယက်နမ် စားနပ်ရိက္ခာအသင်း (UFA) က တန်းနိမ့်ဆန်စိုက်ပျိုးနေတဲ့ တောင်သူတွေကို တန်းမြင့်ဆန် စိုက်ပျိုးဖို့ ပိုမိုဆောင်ရွက်သွားနိုင် တယ်လို့ သိရပါတယ်။ဘင်္ဂလားဒေ့ရှ်က နွေစပါးစိုက်တောင်သူများ ရေသွင်းနိုင်ဖို့စီစဉ်ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ဒီဇင်ဘာလမှ ဧပြီလအထိ စိုက်ပျိုးတဲ့ နွေစပါးအတွက် ရေသွင်းနိုင်ဖို့ တောင်သူများ လုံလောက်တဲ့ လျှပ်စစ်ဓာတ်အားရရှိစေဖို့ ကြိုးပမ်းတဲ့အနေနဲ့ စက်မှုလုပ်ငန်းများအတွက် မီးအားကို ၁၂ နာရီကြာ ညနေ ၆ နာရီမှ နံနက် ၆ နာရီထိ ရပ်ဆိုင်းမယ်လု့ိ ကြေညာကြောင်း သိရပါတယ်။သီရိလင်္ကာက ဆိုမာလီယာကိုဆန်လှူဒါန်းသီရိလင်္ကာနိုင်ငံမှ မိုးခေါင်ခြောက်သွေ့ကာ စားနပ် ရိက္ခာပြတ်လပ်ပြီး သဘောထားကွဲလွဲနေတဲ့ ဆိုမာလီယာ နိုင်ငံသားထဲမှ ခိုလှုံသူများကို အကူအညီပေးရေး အီသီယိုပီး ယားကိုပို့မယ့် ဆန်တန်ချိန် တစ်သောင်းကို WFP  ကို လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။ဆားငန်မြေမှာ စပါးစိုက်ပျိုးမှုအောင်မြင်ဗီယက်နမ်နိုင်ငံရဲ့ အလွန်မြင့်သော်လည်း အငန်ဓာတ် ရှိတဲ့ကုန်းမြေမှာ စပါးနဲ့ ပုစွန်မွေးမြူစိုက်ပျိုးရေး စီမံကိန်းဟာ မျှော်မှန်းထားတာထက် ပိုမိုဆောင်ရွက်နိုင်ကြောင်း သိရပါ တယ်။ လယ်သမားများဟာ တစ်ဟက်တာကို ပုစွန် ၅၀၀ ကီလိုနဲ့ စပါး ၄ တန်ခန့်ရရှိကြောင်း သိရပါတယ်။ အဲဒီလို ဆောင်ရွက်ခြင်းက မဲခေါင်ဒေသရဲ့ ဆန်စပါးလုပ်ငန်းက ဆား ငန်ရည်မျက်နှာပြင်မြင့်တက်ပေမယ့် မျှော်မှန်းထားတာထက် ပိုမိုတိုးတက်လာကြောင်း သိရပါတယ်။Source: oryza.com