ပြောင်း

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ     ယခင်    ယခု    ပြောင်းလဲမှု     ၁    တောင်ကြီး    ၁ ပိဿာ       ၂၈၀       ၂၇၀                ၂    လားရှိုး          ၁ ပိဿာ       ၃၅၀        ၃၅၀                ၃    မူဆယ်          ၁ တန်      ၂၅၀၈၃၁    ၂၅၉၂၁၄        ၄    မန္တလေး        ၁ ပိဿာ       ၃၂၄        ၃၂၄    ၅    မြင်းခြံ          ၁ ပိဿာ       ၃၁၀        ၃၁၀        ပြောင်းဈေးကွက်သို့ အဝင်နည်းပေမဲ့ အရောင်းအဝယ်ပုံမှန်ရှိနေ    တောင်ကြီးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်နည်း လာပေမဲ့ ရန်ကုန်-မန္တလေးဝယ်လက်နဲ့  ဒေသတွင်းအစာစပ် လုပ်ငန်း ရှင်များက ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုပမာဏက တစ်ပိဿာကို ၂၇၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃၅၀၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒေသခံပြောင်း ကုန်သည်တစ်ဦးက ဆိုပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို တရုတ်အဆွဲကလည်း သွက်နေတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး အရောင်းအဝယ်ဖြစ် မှုပမာဏလည်း ပိုများလာတယ်လို့ ဆိုပါတယ်။ မြင်းခြံဈေး ကွက်မှာ ပြောင်းကို ရန်ကုန်-မန္တလေးဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့ စာရင် ဈေးတန့်နေတယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၃၁၀ ကျပ်နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့် ဖြစ်ခဲ့ကြောင်း မြို့ခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ မန္တလေး ဈေးကွက်မှာ ပြောင်းက ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက် ကျန်နည်းနေပေမယ့် တရုတ်အဆွဲကတော့ ပုံမှန်ရှိခဲ့ တယ်လို့ မြို့ခံ ပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၂၄ ကျပ်နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။ လားရှိုးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်နည်း လာပေမယ့် တရုတ်ဝယ်လက်ကတော့ တစ်ပိဿာ ၃၅၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၁၆၅၀၀ ခန့်အဝယ်ရှိခဲ့တယ်လို့ ဒေသခံ ပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။