ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့်ထိုင်းတို့မှ ဆန်ဝယ်ယူသွားရန် ဖိလစ်ပိုင်ပြင်ဆင်
ဖိလစ်ပိုင်က ၂၀၁၂ ခုနှစ်အတွင်း ပြည်တွင်းဆန်ဖူလုံရေးအတွက် အစိုးရအချင်းချင်း ညှိနှိုင်းဆောင်ရွက်မှု (G to G) အစီအစဉ်နဲ့ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ထိုင်းနိုင်ငံတို့မှဆန်ဝယ်ယူသွားဖို့ နားလည်မှုစာချွန်လွှာကို ဧပြီလအစောပိုင်းမှာ လက်မှတ် ရေးထိုးသွားမယ်လိ့ုသိရတယ်။ G to G အစီအစဉ်အရဆန်တန်ချိန် ၁၂၀၀၀၀ ဝယ်ယူဖို့ စီစဉ်ထားကြောင်း ၊ ဒါပေမဲ့ ဖော်ပြပါ သုံးနိုင်ငံအနက် အကောင်းဆုံးဈေးနှုန်း ပေးနိုင်သူထံမှ ဆန်ဝယ်ယူသွားမှာဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ စားနပ်ရိက္ခာ အာဏာပိုင် (NFA) အုပ်ချုပ်ရေးမှူးရဲ့ အထူးလက်ထောက်တာဝန်ယူထားသူက ရိုက်တာသတင်း ဌာနကိုပြောကြားခဲ့တယ်။ယခင်နှစ်တွေက NFA က G to G အစီအစဉ်အရ ပြည်ပမှ ဆန်ဝယ်ယူရာမှာ စုစုပေါင်း တင်သွင်းမှုရဲ့ သုံးပုံနှစ်ပုံကို ဗီယက်နမ်မှတင်သွင်းပြီး အနည်းစုကို ထိုင်းနိုင်ငံမှ တင်သွင်းလေ့ရှိတယ်။ ယခုနှစ်မှာ NFA က ကမ္ဘောဒီးယားမှ ဆန်ကိုလည်း ွ အသ ွ အစီအစဉ်အရ ဝယ်ယူဖို့ စီစဉ်နေသလို ပုဂ္ဂလိကကဏ္ဍမှ ဆန်ဝယ်ယူသူတွေကလည်း ကမ္ဘောဒီးယားမှ ဆန်ကို တင်သွင်းဖို့ ဝယ်ယူပြီးဖြစ်ကြောင်း ၊ ဗီယက်နမ် ၊ ထိုင်း ၊ မြန်မာနဲ့ ပါကစ္စတန်မှ ဆန်တွေကိုလည်း ဝယ်ယူတင်သွင်းခဲ့ကြောင်း သိရတယ်။ ဖိလစ်ပိုင်က ကမ္ဘောဒီးယားမှ G to G အစီအစဉ်နဲ့ ဆန်ဝယ်ယူသွားမယ့် MOU လက်မှတ်ရေးထိုးပွဲကို လာမယ့် ဧပြီလ ၃ ရက်မှ ၄ ရက်အထိ ဖနွမ်းပင်မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကာလအတွင်း ဆောင်ရွက်သွားမယ်လိ့ု ဖိလစ်ပိုင် လယ်ယာစိုက်ပျိုးရေးဝန်ကြီး Proceso Alcala က ပြောကြားတယ်။ ဖိလစ်ပိုင်က ၂၀၁၀ ခုနှစ်က ဆန်တန်ချိန် ၂ ဒသမ ၄၅ သန်းအထိ ပြည်ပမှ စံချိန်တင် တင်သွင်းခဲ့ရတယ်။ ဒါပေမဲ့ ၂၀၁၁ ခုနှစ်မှာ ပြည်ပမှ ဆန်တန်ချိန် ၈၆၀၀၀၀ သာ တင်သွင်းခဲ့ရပြီး ၂၀၁၂ ခုနှစ်မှာ တန်ချိန် ၅ သိန်းသာ တင်သွင်းဖို့ ရည်ရွယ်ထားတယ်။ ၎င်းအနက် တန်ချိန် ၃၈၀၀၀၀ ကို ပုဂ္ဂလိကအသင်းအဖွဲ့တွေကို တင်သွင်းခွင့် ပေးထားပြီး ကျန်တန်ချိန် ၁၂၀၀၀၀ ကို G to G အစီအစဉ်အရ NFA က ဝယ်ယူတင်သွင်းသွားမှာဖြစ်တယ်။ပပ၊Source:brecorder.com
