ကမ္ဘာ့ဆန်ဈေးကွက်တွင် အိန္ဒိယပြန်လည်ဝင်ရောက်လာသဖြင့် မြန်မာ့ဆန် တင်ပို့မှု ကျဆင်း
၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ဆန် တန်ချိန်၇၇၈၄၀၀ တင်ပို့ခဲ့ရသော်လည်း၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ်မှာ ၂၃ ရာခိုင်နှုန်း လျော့ကျကာတန်ချိန် ၆၀၀၀၀၀ သာ တင်ပို့နိုင်ဖွယ်ရှိတယ်လို့ အမေရိကန် လယ်ယာစိုက်ပျိုးရေးဌာန (USDA) က ပြောကြားတယ်။ ၂၀၁၀ ခုနှစ်သြဂုတ်လမှ၂၀၁၁ ခုနှစ်ဇွန်လအထိ ကာလ အတွင်း မြန်မာကျပ်ငွေတန်ဖိုး ၂၇ ရာခိုင် နှုန်းမြင့်မားလာခဲ့ ခြင်းနဲ့ အိန္ဒိယအစိုးရက ကမ္ဘာ့ဆန်ဈေးကွက်ကို ပြန်လည်ဝင် ရောက်လာခြင်းတို့က မြန်မာ့ ဆန်တင်ပို့မှုအပေါ် ဖိအားဖြစ် စေခဲ့တယ်လို့ မတ်လ ၂၀ ရက် oryza သတင်းမှာ ဖော်ပြ ထားတယ်။ မြန်မာနိုင်ငံမှ ဆန်တင်ပို့နေကျ ပို့ကုန်ဈေးကွက်တွေမှာ ဘင်္ဂလားဒေ့ရှ်နဲ့ အနောက်အာဖရိကနိုင်ငံတွေဖြစ် ပြီး ၂၀၁၀-၂၀၁၁ ပထမ ၈ လ အတွင်း တစ်လပျမ်းမျှ တန်ချိန် ၇၇၀၀၀ တင်ပို့ခဲ့ရတယ်။ ဒါပေမဲ့ အိန္ဒိယအနေနဲ့ ကမ္ဘာ့ဆန်တင်ပို့မှု ဈေးကွက်ကို ပြန်လည်ဝင်ရောက်လာခဲ့တဲ့ ၂၀၁၁ ခုနှစ် ၊ စက်တင်ဘာလ နောက်ပိုင်းမှာတော့ မြန်မာ့ဆန် တင်ပို့မှု ထက်ဝက်နီးပါးကျဆင်းခဲ့တယ်။ တစ်လကို ပျမ်းမျှအနေနဲ့ တန်ချိန် ၃၉၀၀၀ သာ တင်ပို့နိုင်တော့ကြောင်း ၊ ၂၀၁၁-၂၀၁၂ ခုနှစ်မှာလည်း တင်ပို့မှုဆက်လက်ကျဆင်းနိုင်ကြောင်း USDA က ခန့်မှန်း ထားတယ်။ မြန်မာအစိုးရကလည်း ပို့ကုန် မြှင့်တင်ဖို့ ပို့ကုန်တင်ပို့မှုအပေါ် အခွန်ကောက်ခံမှုကို ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်း အထိ ၂၀၁၁ ခုနှစ် ၊ ဇူလိုင်လမှစ ကာ လျှော့ချပေးခဲ့တယ်။ မြန်မာနိုင်ငံ ပြည်တွင်း ဆန် စားသုံးမှု ကလည်း တိုးတက်လာတယ်လို့သိရတယ်။ ၂၀၁၁-၂၀၁၂ မှာ ပြည်တွင်းဆန်စားသုံးမှုမှာ တန်ချိန် ၉ ဒသမ ၉၈ သန်းအထိ ရောက်ရှိနိုင်ပြီး ၂၀၁၂-၂၀၁၃ မှာတန်ချိန်၁၀ ဒသမ ၆၃ သန်း အထိ တိုးတက်နိုင်ကြောင်း USDA က ခန့်မှန်းထား တယ်။ ပြည်တွင်း စပါးထုတ်လုပ်မှုနှုန်းကလည်း ၂၀၁၁-၂၀၁၂ မှာ ၂ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ကာ တန်ချိန် ၁၆ ဒသမ ၉ သန်းအထိ ရောက်ရှိနိုင်ကြောင်း၊ ၂၀၁၀-၂၀၁၁ အတွင်း တန် ချိန် ၁၆ ဒသမ ၄ သန်း ထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။ပပှSource:oryza.com
