ဝယ်လိုအားပါးပေမဲ့ ရူပီးတန်ဖိုး ကျဆင်းနေလို့ အိန္ဒိယပဲတီစိမ်းဈေးငြိမ်နေ
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းကို ဝယ်လိုအားပါးနေပေမဲ့ ရူပီးတန်ဖိုးကျဆင်းနေတာကြောင့် ပဲတီစိမ်းဈေးက ယခုတစ်ပတ်မှာလည်း တည်ငြိမ်နေတာတွေ့ရပါတယ်။ ပြည်တွင်းပဲတီစိမ်းအထွက်ပိုခဲ့လို့ လက်ကျန်ရှိနေသေးတဲ့အပြင် ပြည်ပက အရည်အသွေးကောင်း ပဲတီစိမ်းများလည်း တင်သွင်းမှုရှိနေလို့ ဈေးကွက် တွေမှာ လက်ကျန်တွေ အလုံအလောက်ရှိနေသေး တယ်လို့ သိရပါတယ်။ လာမယ့်ကာလတိုအတွင်းမှာလည်း ဈေးတည်ငြိမ်မယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ် တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/ တန် ၂၉-၃-၂၀၁၂ ၂၈-၃-၂၀၁၂ ၂၇-၃-၂၀၁၂ ၂၆-၃-၂၀၁၂ဒေလီ ၅၄၈-၆၈၀ ၅၅၀-၆၇၇ ၅၅၃-၆၈၀ ၅၄၇-၆၇၄ဘီကနာ ၅၄၈-၆၀၇ ၅၅၀-၆၀၉ ၅၅၃-၆၁၂ ၅၄၇-၆၀၅အာကိုလာ ၇၈၃-၈၂၂ ၇၈၅-၈၂၄ ၇၈၉-၈၂၉ ၇၈၁-၈၂၀MIRT(MAPT)
