ယာယီအလုပ်သမားများ

             တရုတ်နိုင်ငံတွင် အလုပ်သမားများ အကာ အကွယ်ပေးရေးကို မကြာသေးမီကာလအထိ ကြိုး ပမ်းဆောင်ရွက်ခဲ့သည်။ ၂၀၀၈ခုနှစ်က ပြဋ္ဌာန်း ခဲ့သည့်ဥပဒေတွင် အလုပ်သမားအာမခံပေါ်လစီ များကို  ကုမ္ပဏီများက  ဝယ်ယူထားပေးရမည်။ အချိန်ပိုလုပ်ခကိုနှစ်ဆပေးရမည်။ အလုပ်မှ အနား ယူစေသည့်အခါတွင် အလုပ်သမား၏ လုပ်သက် ကာလအပေါ်မူတည်၍ ခံစားခွင့်ပေးရမည်စသည့် အချက်များကို ထည့်သွင်းပြဋ္ဌာန်းထားသည်။သို့သော်လည်း ဒေသခံနှင့်နိုင်ငံခြားကုမ္ပဏီ များက ဥပဒေကိုလက်တစ်လုံးခြား  လှည့်နိုင်ကြ သည်။ "အလုပ်သမား စုဆောင်းစေ လွှတ်ရေး" (Labor dispatch)  ကုမ္ပဏီများက အလုပ်သမား များ ရှာဖွေစုဆောင်းပြီး အလုပ်သမားလိုအပ်သည့် စက်ရုံ၊ အလုပ်ရုံများသို့ ယာယီအလုပ်သမားအဖြစ် စေလွှတ်ပေးနိုင်သည်။ တရုတ်နိုင်ငံ တစ်နိုင်ငံလုံး တွင် မြို့ပြအလုပ်သမားသန်း ၃၀၀ ကျော်ရှိသည့် အနက်  သန်း ၆၀ မှာ ထိုသို့ စေလွှတ်ခံထားရ သည့်အလုပ်သမားဖြစ်သည်ဟု ခန့်မှန်းထားသည်။ ၂၀၀၈ ခုနှစ် အလုပ်သမားဥပဒေပြဋ္ဌာန်းပြီးနောက် တွင် ယာယီအလုပ်သမားဦးရေ  နှစ်ဆတိုးလာခဲ့ သည်။ အလုပ်ရုံပိုင်ရှင်က အလုပ်သမားစေလွှတ် ပေးသည့်ကုမ္ပဏီကို ဝန်ဆောင်ခပေးရသည်။ ထို ငွေကို အလုပ်သမားများ၏ လုပ်ခထဲမှ အလုပ်ရုံ ပိုင်ရှင်က ပြန်လည်ခုနှိမ်ယူမည်ဖြစ်သည်။ ယာယီ အလုပ်သမားကလည်း မိမိကိုအလုပ်ရှာပေးသည့် ကုမ္ပဏီကို အကျိုးဆောင်ခ ယွမ် ၂၀၀ (ဒေါ်လာ ၃၀ ခန့်) ပေးရသေးသည်။ တရုတ်နိုင်ငံတွင် အနိမ့်ဆုံးလုပ်ခကို ပြင် ဆင်တိုးမြှင့်လိုက်သဖြင့် ကုမ္ပဏီများက စရိတ် လျှော့ချနိုင်ရန် ယခုနှစ်အတွင်း မှာပင် နောက်ထပ် ယာယီအလုပ်သမား  ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင် နှုန်းအထိ ခေါ်ယူနိုင်သေးသည်ဟု ပေကျင်းတွင်ရှိ သည့် စက်မှုလုပ်ငန်းဆိုင်ရာ ဆက်ဆံရေးသိပ္ပံမှ ပါမောက္ခ ဝမ်ခန်းကခန့်မှန်းသည်။ ထိုသိပ္ပံကျောင်း ကို တရုတ်နိုင်ငံအလုပ်သမား များသမဂ္ဂက တည် ထောင်ထားခြင်းဖြစ်သည်။ "အဲဒီ အလုပ်သမား အားလုံးဟာ ကာကွယ်စောင့်ရှောက်မှု လွတ်ကင်း နေတဲ့ ယာယီအလုပ်သမားတွေဖြစ်တယ်။ သူတို့ရဲ့ အလုပ်ရှင်တွေကလည်း တာဝန်ယူမယ့် ကတိက ဝတ်ပေးထားတာ မရှိဘူး"ဟု ဆိုသည်။တရုတ်နိုင်ငံ၏ အလုပ်သမား ပဋိညာဉ် ဥပဒေအရ ကုမ္ပဏီများအနေဖြင့် "ယာယီအလုပ်၊ အပိုအလုပ် သို့မဟုတ် အစားထိုးဆောင်ရွက်သည့် အလုပ်နေရာတို့အတွက်သာ"  အလုပ်သမား စု ဆောင်းရေးကုမ္ပဏီက စေလွှတ်သည့် အလုပ် သမားများကိုအသုံးပြုခွင့်ရှိမည်ဖြစ်သည်။ သို့သော် လည်း အလုပ်ရုံများက ယာယီအလုပ်သမားများကို အမြဲတမ်းအလုပ်သမားကဲ့သို့ အချိန်ကြာမြင့်စွာ အသုံးချနေခြင်းဖြစ်ပြီး၊ အချိန်မရွေး အလုပ်ရပ်စဲ ပစ်နိုင်သည့် အခြေအနေမှာပင် ထားရှိနေကြ သည်။ ဥပဒေအရဆောင်ရွက်ရန် လိုအပ်သော် လည်း အလုပ်သမားစေလွှတ်သည့်ကုမ္ပဏီများက ထိုအလုပ်သမားများအတွက် လူမှုဖူလုံရေးအာမခံ ထားမပေးကြချေ။ ထိုအာမခံကြေးမှာ အချိန်ပြည့် အလုပ်သမားတစ်ဦးအတွက် ကုန်ကျစရိတ်၏ ၄၀ ရာခိုင်နှုန်းခန့်အထိ  ကျခံပေးရမည်ဖြစ်သည်။ ထို့ပြင် ယာယီအလုပ်သမားများအား အချိန်ပိုလုပ် ခလည်း မပေးချင်ကြပေ။အနောက်နိုင်ငံများမှ  ကုမ္ပဏီကြီးများက လည်း အလုပ်သမားစေလွှတ်ပေးသည့် ကုမ္ပဏီ များမှ  ယာယီအလုပ်သမားများကို အသုံးပြုကြသည်။ ပုလဲမြစ်ဝဒေသ၏ မြို့တော် တုန်ကွမ်းရှိ နိုကီယာမိုလ်ဘိုင်းဖုန်းအလုပ်ရုံတွင် အချိန်ပြည့် အမြဲတမ်းခန့်ထား သည့် အလုပ်သမား မဟုတ်သူ အများအပြားကို တွေ့ရသည်။  အလုပ်သမားစု ဆောင်းရေး ကုမ္ပဏီများက စေလွှတ်ထားသည့် အလုပ်သမားများသည်လည်း နိုကီယာကုမ္ပဏီ၏ အဖြူနှင့် အပြာကြား တူညီဝတ်စုံများကို ဝတ်ဆင် ထားကြပြီး အလုပ်ချိန်တစ်နေ့ ၁၆ နာရီ၊ တစ်ပတ် လျှင် ၆ ရက်အလုပ်လုပ်ကြရသည်။ အမြဲတမ်းခန့် ထားသော အလုပ်သမားများလုပ်သည့် အလုပ်မျိုး ကိုပင် လုပ်ကြရသော်လည်း အမြဲတမ်းအလုပ် သမားရသည့်လုပ်ခ၏ လေးပုံသုံးပုံခန့်သာ ရရှိ ကြသည်။ နိုကီယာကုမ္ပဏီ၏ အလုပ်သမားဆောင် တွင်လည်း နေခွင့်မရသည့်ပြင်၊ တရားဝင်တည် ထောင်ထားသည့် အလုပ်သမားသမဂ္ဂသို့လည်း ဝင်ခွင့်မရပေ။ ထို့ပြင် အလုပ်မှ ဖြုတ်မည်ဟုလည်း မကြာခဏခြိမ်းခြောက်ခံနေရသည်ဟု ဟူနန်ပြည် နယ်မှ အလုပ်လာလုပ်သည့် အလုပ်သမား လျန် ပိန်းက ပြောပြသည်။တရုတ်နိုင်ငံ အလုပ်သမားသမဂ္ဂနှင့် အလုပ် သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနတို့က အလုပ် သမားစုဆောင်းစေလွှတ်ရေး   ကုမ္ပဏီများတွင် မတရားပြုကျင့်နေမှုများကို ကိုင်တွယ်ထိန်းချုပ်ရန် ဆောင်ရွက်နေသော်လည်း  သြဇာကြီးမားသည့် နိုင်ငံပိုင် ရပိုင်ခွင့်များကြီးကြပ်ရေးနှင့် အုပ်ချုပ်ရေး ကော်မရှင်က  ဝင်ရောက်စွက်ဖက်နေသဖြင့် အရာမရောက်နိုင်ဖြစ်နေသည်။ ထိုကော်မရှင်က Sinopec နှင့် China Telecom   တို့အပါအဝင် အစိုးရပိုင်ကုမ္ပဏီကြီးများကို  ထိန်းချုပ်ထားရပြီး၊ ထိုကုမ္ပဏီကြီးများသည်လည်း မိမိတို့အလုပ်သမား ဦးရေ၏ ၇၀ ရာခိုင်နှုန်းအထိ  ယာယီအလုပ် သမားများကို အသုံးပြုနေရခြင်းကြောင့်ဖြစ်သည်။အက်ပယ်လ်ကုမ္ပဏီကို ကုန်ပစ္စည်းပေးသွင်း ရောင်းချနေသူများ (Suppliers)  တွင် ယာယီ အလုပ်သမားများ    အသုံးပြုနေခြင်းကြောင့် အန္တရာယ်ဖြစ်စေနိုင်ကြောင်းကို  ၂၀၁၁ ခုနှစ် ပစ္စည်းပေးသွင်းသူများ  တာဝန်ယူမှု အခြေအနေ တိုးတက်မှု အစီရင်ခံစာတွင် ထောက်ပြခဲ့သည်။ ထို့ပြင် အလုပ်ရုံများအတွင်းအခြေအနေ တိုးတက် ကောင်းမွန်လာစေရန်အတွက် ဝါရှင်တန်မှ Fair Labor Association   ခေါ် လေ့လာစောင့်ကြည့် ရေးအဖွဲ့ကို  ငှားရမ်းခန့်ထားခဲ့သည်။ သို့သော် လည်း အခြားကုမ္ပဏီများမှာ ယာယီအလုပ်သမား များအရေးကို မသိမမြင်ဟန်ဖြင့် လျစ်လျူရှုနေဆဲ ဖြစ်သည်ဟု ဆိုပါသည်။Ref; businessweek.com