မြေသြဇာအဝင်နည်း
မြေသြဇာအဝင်နည်းပြည်တွင်းကို ပြည်ပမှ မတ် ၁၈ ရက်မှ ၂၄ ရက်တာကာလအတွင်း ဓာတ်မြေ သြဇာတန်ချိန် ၂၀၀ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခုနစ်သောင်းသုံးထောင်ကျော် ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် မှာ ထိုင်းနိုင်ငံမှ မြေသြဇာတစ်မျိုးတည်းကိုသာ မှာယူတင်သွင်းခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ် တန်ချိန် နှစ်ထောင့်သုံးရာေ ကျာ် တင်သွင်းခဲ့တဲ့ မြေသြဇာက ဒီတစ်ပတ်မှာ တော်တော်လေးလျော့နည်းပြီး တင်သွင်းခဲ့တာတွေ့ရ ပါတယ်။ ဒါကြောင့် မတ်လအတွင်း မြေသြဇာတင်သွင်းမှုကိုကြည့်ရင် ဒီတစ်ပတ်မှာ မြေသြဇာ အနည်းဆုံးဝင်ခဲ့ တာ ဖြစ်ပါတယ်။ MIRT (DOT) နယ်စပ်မှ ဓာတ်မြေသြဇာအသွင်းပုံမှန်ရှိ မတ် ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၂ဒသမ ၅၁၅ သန်းတန်ဖိုးရှိတဲ့ ဓာတ်မြေသြဇာ ၁၂၆၉၁ တန်ကို နယ်စပ်စခန်းများမှ တင်သွင်းမှု ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၄၀ သာ ပိုမိုတင်သွင်းခဲ့တဲ့အတွက် နယ်စပ်မှ ဓာတ်မြေသြဇာအသွင်း ပုံမှန်ရှိနေတယ်လို့ ဆိုရပါမယ်။ နယ်စပ်အလိုက် တင်သွင်း မှုတွေကတော့ မူဆယ်မှ ၁၂၅၅၆ တန်၊ တာချီလိတ်မှ ၂ တန်ခွဲ၊ မြဝတီမှ ၇၃ တန်ကျော်နဲ့ ကော့သောင်းမှ တန် ၆၀ ခန့်ဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံး တင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ နိုက်တြိတ်ဖော့စဖိတ်၊ ကွန်ပေါင်း (၁၀း၁၀း၅)၊ စင်ဂဲလ်စူပါဖော့စဖိတ်နဲ့ တီစူပါဖော့စဖိတ်တို့ဖြစ်ပါတယ်။MIRT (DOBT) ပုံမှန်လေးပဲရှိနေတဲ့ မြေသြဇာဈေး မော်လမြိုင်ဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းအဝယ်အေးနေတယ် လို့ မြေသြဇာအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ အရောင်းအေးတာက မရှိသလောက်ကို အေးနေတာ၊ ဒီတစ်ပတ်မှာ အရောင်းအဝယ်က တော်တော်လေး ပါးနေတာလို့ ဆိုပါတယ်။ အရောင်းအေးတာနဲ့အမျှ မြေသြဇာဈေးကလည်း တန်း နေတယ်လို့ ပြောပါတယ်။ တီစူပါ ၄၆ရာခိုင်နှုန်းသံကွင်းက ယခင်တစ်ပတ်ဈေးထက် နှစ်ထောင်ကျပ်ဈေးကျပြီး တီစူပါ ၁၆ရာခိုင်နှုန်း(မြှားကမ္ဘာ)က ငါးရာကျပ် ဈေး ကျလာတယ်လို့ ပြောပါတယ်။ ပုလဲအသေး ၄၆ ရာခိုင်နှုန်း (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က ၂၁၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း)က ၃၅၀၀၀ ကျပ် ၊ ကွန်ပေါင်း (ပန်းရောင်) က ၃၁၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၃၀၀၀၀ ကျပ်၊ တီစူပါ ၄၆ ရာခိုင်နှုန်း(သံကွင်း-တရုတ်) က ၂၄၀၀၀ ကျပ်၊ တီစူပါ ၄၆ ရာခိုင်နှုန်း(မြှား-တရုတ်) ၂၅၀၀၀ ကျပ်နဲ့ တီစူပါ ၁၆ရာခိုင်နှုန်း (မြှားကမ္ဘာ) တရုတ် က ၁၁၅၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်တွင် မြေသြဇာအရောင်းက ပုံမှန်ရှိတယ်လို့ မြေသြ ဇာအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ အရောင်းပုံမှန်ရှိပေမဲ့ မြေသြဇာ ဈေးကအနည်းငယ်တက်တယ်လို့ ပြောပါတယ်။ ဈေးတက်ရတာက သယ်ယူစရိတ် နည်းနည်းမြင့်လို့ ဈေးအနည်းငယ်တက်ရတာလို့ပြောပါတယ်။ ဒီတစ်ပတ်ဓာတ်မြေ သြဇာဈေးတွေက ယူရီးယား(ပန်းဖူး-တရုတ်)က ၂၁၀၀၀ကျပ်၊ယူရီးယား (ကမ္ဘာလုံး-ရွှေတောင်) (တရုတ်) က ၂၀၅၀၀ ကျပ်၊ တီစူပါ ၁၂ရာခိုင်နှုန်း (တရုတ်) ၁၀၀၀၀ ကျပ်၊ တီစူပါ ၁၆ရာခိုင်နှုန်း(တရုတ်)က ၁၁၀၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) က ၃၆၀၀၀ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်)က ၁၅၀၀၀ ကျပ်၊ ဓာတ်ဆား(တရုတ်) ၁၇၀၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၇၀၀၀ ကျပ်၊ ယူရီးယား(ယူအေအီး)က ၁၉၀၀၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဓာတ်မြေသြဇာက ရောင်းအားရှိတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီတစ်ပတ် မြေသြဇာဈေးက ယခင်တစ်ပတ်ထက် အနည်းငယ်ဈေးမြင့်လာပါတယ်။ ယူရီးယားမြေသြဇာက တစ် ထောင့်နှစ်ရာဝန်းကျင်၊ တီစူပါက လေးရာမှ ငါးရာကျပ်နဲ့ ကွန်ပေါင်းမြေသြဇာ များက တစ်ထောင့်သုံးရာမှ တစ်ထောင့်ငါးရာကျပ်အတွင်း ဈေးမြင့်လာတယ်လို့ ပြောပါတယ်။ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ မြေသြဇာဈေးက ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၁၉၇၀၀ ကျပ်၊ ရွှေတောင်-တရုတ် ၁၉၈၀၀ ကျပ်၊ တီစူပါ (သံကွင်း) ၂၁၁၀၀ ကျပ်၊ တီစူပါ ၁၆ရာခိုင်နှုန်း၈၅၀၀ ကျပ်၊ တီစူပါ ၁၂ရာခိုင်နှုန်း ၈၀၀၀ ကျပ်၊ ပိုတက်(အိန္ဒိယ) ၂၃၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ ၂၃၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၃း၅း၇ က ၁၃၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅ က ၁၄၁၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၅း၅ က ၁၄၂၀၀ ကျပ်နဲ့ ကွန်ပေါင်း (မြှားကမ္ဘာ) ၁၂း၁၃ က ၁၄၇၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ မြေသြဇာက အရောင်းအဝယ်ရှိတယ်လို့ အရောင်း ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်က သိပ် များများစားစား မဟုတ်ဘဲနည်းနည်းပါးပါးဘဲဖြစ်တယ်လို့ သိရပါတယ်။ မြေသြဇာဈေးတွေက ယခင် တစ်ပတ်ဈေးထက် အတက်အကျက တစ်ရာ၊ နှစ်ရာ ကျပ်အတွင်းဘဲရှိတယ်လို့ ပြောပါတယ်။ တီစူပါ(တရုတ်) ကပစ္စည်းပြတ်နေ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မြေသြဇာဈေးက မြှားကမ္ဘာ-တရုတ် (အပြာ) က ၁၅၀၀၀ ကျပ်၊ (အစိမ်း) က ၁၅၅၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၄၈၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၅၇၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၃၆၀၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၃၂၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၂၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၀၉၀၀ ကျပ်၊ တောင်သူ မ ၁၄၃၀၀ ကျပ်နဲ့ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၆၈၀၀ ကျပ်ဈေးအသီးသီး ရှိတယ်လို့ သိရပါတယ်။ MIRT (DOT)
