ကြုံခဲ့လေသမျှ စီးပွားရေးလောက

ကမ္ဘာ့အဖွဲ့အစည်းခေါင်းဆောင်များရဲ့ စီးပွားရေးဆိုင်ရာသတိပေးကြေညာချက်ဆွစ်ဇာ လန်နိုင်ငံ ရဲ့ တောင်ပေါ်အပန်းဖြေစခန်း၊ ဒါဗို့စ်မြို့ ငယ်လေးမှာ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ နှစ်ပတ်လည် အစည်းအဝေး ကို နှစ်စဉ် ပြက္ခဒိန်နှစ်ရဲ့ အစပိုင်းမှာ ကျင်းပလေ့ရှိပါတယ်။ နိုင်ငံ ခေါင်းဆောင်အကြီးအကဲများ၊ ဝန်ကြီးများ၊ နိုင်ငံရေးေ ခါင်းဆောင် များ၊ ချမ်းသာကြွယ်ဝသော စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ကမ္ဘာ့ အဖွဲ့အစည်းများ ရဲ့ ခေါင်းဆောင်များ၊ နယ်ပယ်အသီးသီးမှ ပညာ ရှင်များ စုဝေးတက်ရောက်လေ့ရှိတဲ့ အစည်းအဝေးဖြစ်ပါတယ်။ ယခု နှစ် ကမ္ဘာ့စီးပွားရေးဖိုရမ် အစည်းအဝေးကို  ၂၀၁၂ ခုနှစ် ဇန်နဝါရီ နောက်ဆုံးပတ်မှာ ကျင်းပခဲ့ပါတယ်။ အစည်အဝေးမကျင်းပမီ ရက် ပိုင်းအလိုမှာ ကမ္ဘာ့အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်များဟာ နိုင်ငံ များအလေးထားဖို့  စီးပွားရေးဆိုင်ရာ သတိပေးကြေညာချက်ကို စုပေါင်းလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ စီးပွားရေး အဖွဲ့အစည်း ခေါင်းဆောင်များမှာ-    -    ငွေကြေးဆိုင်ရာတည်ငြိမ်မှု ဘုတ်အဖွဲ့ဥက္ကဋ္ဌ         Mark Carney      -    ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ Margaret Chan ၊    -    အိုအီးစီဒီ အတွင်းရေးမှူးချုပ် Angel Gurria ၊    -    ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်                 Pascal famy    -    အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲ၊         Christine Lagarde  ၊    -    ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Robert Zoellick    နှင့်    -    အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နှင့် ဒေသဆိုင်ရာဖွံ့ဖြိုးမှုဘဏ် ၃ ခုတို့ရဲ့ ခေါင်း ဆောင်များဖြစ်ကြပါတယ်။အဆိုပါစီးပွားရေးဆိုင်ရာ သတိပေးကြေညာချက်မှာ ပါဝင်တဲ့ အဓိက ကိစ္စများကတော့ နိုင်ငံများအနေဖြင့် ကုန်သွယ်ရေးအတား အဆီးများ ဖယ်ရှားပေးခြင်း၊ ဘဏ်လုပ်ငန်းစနစ်ကို အရင်းအနှီး ပေးခြင်း အစိုးရငွေကြေးများကို ပိုမိုတည်တန့်ခိုင်မာေ အာင် ဆောင်ရွက်ပြီး လူငယ်ထုနဲ့အလုပ်လက်မဲ့ပြဿနာအပေါ် အာရုံစိုက်ဆောင် ရွက်ခြင်းကိစ္စများဖြစ်ပါတယ်။ဒါပေမဲ့ စီးပွားရေးတိုးတက်မှုမြှင့်တင်ဖို့နဲ့ အလုပ်အကိုင်များ ဖန်တီးမြှင့်တင်ဖို့၊ အစိုးရဘဏ္ဍာငွေစုစည်းခြင်း အစီအစဉ်များကို လူမှုရေးတာဝန်ယူမှု နည်းလမ်းဖြင့် အရေးယူဆောင်ရွက်ဖို့ သတိပေး ထားပါတယ်။ ရေရှည်အားဖြင့် အလုပ်အကိုင်များ တိုးတက်များပြား လာဖို့၊ အလုပ်သမားဈေးကွက် ပြုပြင်ပြောင်းလဲမှုပြုလုပ်ဖို့၊ မညီမျှမှု များ လျော့နည်းဖို့နဲ့ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ကြောင်း စီးပွားရေးဆိုင်ရာ သတိပေးကြေညာချက်က  တောင်းဆိုထားပါ တယ်။ဝန်ခံချက်အနေဖြင့် ကြေညာချက်မှာ လက်မှတ်ရေးထိုးခဲ့ကြ တဲ့ ကမ္ဘာ့အဖွဲ့အစည်းခေါင်းဆောင်များက ယခုသဘောထားအမြင် များဟာ အဖွဲ့အစည်းများကို ကိုယ်စားမပြုဘဲ ယင်းတို့တစ်ဦးချင်းစီ၏ အမြင်သဘောထားသာဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။မညီမျှမှု ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့တဲ့စီးပွားရေး အကျပ်အတည်းနဲ့အတူ "မညီမျှမှု"ဆိုတဲ့ပြဿနာဟာ ထင်ထင်ရှားရှား ပေါ်ပေါက်လာခဲ့ပါ တယ်။ ဆင်းရဲချမ်းသာကွာဟမှု ကြီးမားတဲ့အတွက် ပေါ်ပေါက်လာ တဲ့ပြဿနာဖြစ်ပါတယ်။ စီးပွားရေး အခွင့်အရေးရရှိမှုမှာ- မညီမျှမှု၊ အလုက်လက်မဲ့ပြဿနာနဲ့ ဝင်ငွေရရှိမှုမှာ မညီမျှမှု၊ နိုင်ငံဝင်ငွေ ခွဲဝေမှု မှာ- မညီမျှမှုစတဲ့ကိစ္စရပ်များပေါ်မှာအခြေခံတဲ့ ပြဿနာဖြစ်ပါတယ်။ မညီမျှမှုအပေါ် သြစတြေးလျနိုင်ငံရဲ့ ဖြေရှင်းမှုတစ်ရပ်၂၀၁၂ ခုနှစ်၊ မတ် ၁၉ ရက် တနင်္လာနေ့ထုတ် The Straits Times   နေ့စဉ်သတင်းစာမှာ ၂- နှစ်ကြာစစ်ပွဲပြီးနောက် သြစတြေး လျနိုင်ငံက သတ္တုတွင်းလုပ်ငန်းခွန်စည်းကြပ် ကောက်ခံတဲ့သတင်းပါ ရှိခဲ့ပါတယ်။ သတ္တုတွင်းလုပ်ငန်းကုမ္ပဏီများနဲ့ ၂ နှစ်ကြာ အဆက် မပြတ် ငြင်းခုန်ပြီးနောက် သြစတြေးလျပါလီမန်က သံသတ္တုရိုင်း နဲ့ ကျောက်မီးသွေး တူးဖော်ထုတ်လုပ် ခြင်းလုပ်ငန်းမှ အမြတ်အပေါ် ၃၀ ရာခိုင်နှုန်းအခွန်ကောက်ခံခြင်းကို တနင်္လာနေ့က ခွင့်ပြုခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ သြစတြေးလျနိုင်ငံရဲ့ အမျိုးသမီးဝန်ကြီးချုပ် ဲ Julia Gillard ရဲ့အဓိကအောင်ပွဲလို့ ဝင်ဖော်ပြခဲ့ပါတယ်။ယခုကိစ္စကို သယံဇာတကြွယ်ဝတဲ့ နိုင်ငံများက အနီးကပ် စောင့်ကြည့်နေကြောင်းနဲ့ ကမ္ဘာ့လုံးဆိုင်ရာ သတ္တုတူးဖော်ထုတ်လုပ် ရေးလုပ်ငန်း BHP Billiton, Rio Tinto and Xstrata  တို့ အပါအဝင် ကုမ္ပဏီ ၃၀ အပေါ်  ထိခိုက်မှာဖြစ်ကြောင်း၊ ဒါပေမဲ့ သြစတြေးလျနိုင်ငံရဲ့သယံဇာတ ကြွယ်ဝချမ်းသာမှုမှ ရရှိတဲ့အခွန် သြစတြေးလျဒေါ်လာ ၁၀ ဒသမ ၆ ဘီလီယံကို ကုမ္ပဏီအခွန်နှုန်း လျှော့ချရာ၌ ထောက်ပံ့ပေးခြင်း၊ ပင်စင်ရန်ပုံငွေသို့ ပိုမိုပေးသွင်းခြင်းနဲ့ သြစတြေးလျဒေါ်လာ ၆ ဘီလီယံကို အခြေခံအဆောက်အအုံများ အတွက် သုံးစွဲခြင်းတို့ကို ဆောင်ရွက်ဖို့ရည်ရွယ်ထားကြောင်း သိရပါ တယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ မညီမျှမှုအပေါ် ဖြေရှင်းမှုတစ်ရပ်အင်ဒိုနီးရှားနိုင်ငံရဲ့ "သယံဇာတ၊ အမျိုးသားရေးမူဝါဒ" ခေါင်း စဉ်နဲ့သတင်းကို ၂၀၁၂ ခုနှစ်၊ မတ်လ ၂၁ ရက် ဗုဒ္ဓဟူးနေ့ထုတ်  The Straits Times   နေ့စဉ်သတင်းစာမှာဖတ်ရှုရပါတယ်။ အင်ဒိုနီး ရှားနိုင်ငံမှာ အသစ်ထုတ်ပြန်လိုက်တဲ့ ဥပဒေက နိုင်ငံခြား ရင်းနှီးမြှုပ် နှံသူများရဲ့ သတ္တုတွင်းလုပ်ငန်းပိုင်ဆိုင်မှုအပေါ် ထိန်းချုပ်မှုကို လက် လွတ်ဆုံးရှုံးစေတဲ့ အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၊ ငိုကြွေးမြည် တမ်းလျက်ရှိကြောင်းနဲ့ "သယံဇာတ အမျိုးသားရေးဝါဒ" ကြီးမား တိုးတက်လာတယ်လို့ ရှုမြင်ကြပါတယ်။ ဤဥပဒေအရ နိုင်ငံခြားရင်း နှီးမြှုပ်နှံသူများဟာ ယင်းတို့ရဲ့ သတ္တုတွင်းလုပ်ငန်းရှယ်ယာ အနည်း ဆုံး ၅၁ ရာခိုင်နှုန်းကို အင်ဒိုနီးရှားနိုင်ငံသားများကို ၁၀-နှစ်အတွင်း လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။ သတ္တုတွင်းလုပ်ငန်းများ ပတ်ဝန်း ကျင်မှာ နေထိုင်ကြတဲ့ ဒေသခံနိုင်ငံသားများက သတ္တုတွင်းမှရရှိတဲ့ ကုမ္ပဏီများရဲ့ အမြတ်ဝေစုရှယ်ယာကို ယင်းတို့လည်း ရရှိလိုကြောင်း ပြောကြားပါတယ်။ဥပေဒသစ်ရဲ့ ရည်ရွယ်ချက်က အင်ဒိုနီးရှားနိုင်ငံရဲ့ သယံဇာတ များမှရရှိတဲ့ အကျိုးအမြတ်ကို ဒေသခံ အင်ဒိုနီးရှားနိုင်ငံသားများ ရရှိခံစားစေဖို့ဖြစ်ပါတယ်။ မိမိတို့လည်း နမူနာယူသင့်ကြောင်းပါ ခင်ဗျား။           Ref: BBC News, 21 Jan.2012