အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသမှ ရရှိနိုင်မယ့် အကောက်ခွန်သက်သာခွင့်ကို အသုံးပြုလို့ အာဆီယံနိုင်ငံများသို့ ကုန်စည်များ တိုးမြှင့်တင်ပို့စို့
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ (ASEAN) မှာ အဖွဲ့ဝင်တစ်နိုင်ငံ ဖြစ်ပါတယ်။ အာဆီယံလို့ ခေါ်ဝေါ်ကြတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ကို ၈-၈-၁၉၆၇ ခုနှစ်မှာ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံ တို့မှ အာဆီယံကြေညာစာတမ်းလို့ခေါ်တဲ့ ဘန်ကောက်ကြေညာ စာတမ်းကို လက်မှတ်ရေးထိုးခြင်းဖြင့် စတင်ခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါအဖွဲ့ထဲကို ဘရူနိုင်းနိုင်ငံဟာ ၇-၁-၁၉၈၄ ခုနှစ်မှာလည်း ကောင်း၊ ဗီယက်နမ်နိုင်ငံဟာ ၂၈-၇-၁၉၈၅ ခုနှစ်မှာ လည်း ကောင်း၊ လာအိုနဲ့ မြန်မာနိုင်ငံတို့ဟာ ၂၉-၇-၁၉၉၇ ခုနှစ်မှာ လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံဟာ ၃၀- ၄- ၁၉၉၉ ခုနှစ်မှာ လည်းကောင်း အသီးသီးဝင်ရောက်ခဲ့ကြတဲ့အတွက် အာဆီယံဟာ အဖွဲ့ဝင် ၁၀ နိုင်ငံရှိလာခဲ့တာဖြစ်ပါတယ်။ အာဆီယံကို စတင်ထူ ထောင်စဉ်ကတည်းက အာဆီယံဒေသတွင်းမှာ လွတ်လပ်စွာကုန် သွယ်မှုပြုနိုင်တဲ့ အာဆီယံလွတ်လပ်သော ကုန်သွယ်မှု ဒေသ (ASEAN Free Trade Area – AFTA) ကို ဖော်ဆောင်ဖို့ အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသ(AFTA) ဟာ အာဆီယံ ၁၀နိုင်ငံအတွင်းမှာရှိတဲ့ ကုန်စည်များ၊ ဝန်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ အစရှိတဲ့ ကဏ္ဍတွေကို အတားအဆီးမရှိဘဲ လွတ်လပ်စွာစီးဆင်းနိုင်စေဖို့ ရည်ရွယ်မျှော်မှန်းပြီး ဖော်ဆောင် ခဲ့တာဖြစ်ပါတယ်။ရည်မှန်းချက်နဲ့အညီ အဖွဲ့ဝင်နိုင်ငံအသီးသီးဟာ ဒေသ တွင်းမှာ ကုန်သွယ်မှုပြုလျက်ရှိတဲ့ကုန်စည်များ အတားအဆီးမရှိ ကုန်သွယ်မှုပြုနိုင်စေဖို့အတွက် ကုန်သွယ်မှု ဖြေလျော့ခြင်းကို ဆောင်ရွက်ခဲ့ကြပါတယ်။ ဖြေလျော့ခဲ့တဲ့ ကဏ္ဍတွေထဲမှာ အကောက်ခွန်လျှော့ချခြင်းဟာ အဓိက ကဏ္ဍအနေနဲ့ ပါဝင် လျက်ရှိပါတယ်။အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသကို အပြည့် အ၀ အကောင်အထည်ဖော်နိုင်ဖို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံ အသီးသီးဟာ အကောက်ခွန်လျှော့ချမှု အစီအစဉ်ဇယား (Tariff Modality) အရသတ်မှတ်ထားတဲ့ အချိန်ကာလမှာ အပြန် အလှန် အကောက်ခွန်လျှော့ချဖို့ သဘောတူညီခဲ့ကြပါတယ်။အာဆီယံ မူလ ခြောက်နိုင်ငံဖြစ်တဲ့ ဘရူနိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ အဖွဲ့ဝင် သစ် လေးနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ် နိုင်ငံ တို့မှ တင်သွင်းတဲ့ကုန်ပစ္စည်းများအပေါ် ကောက်ခံတဲ့ သွင်းကုန်ခွန် တွေကို အာဆီယံပေါင်းစည်းရေးဆိုင်ရာ အထူးအခွင့်အရေးပေးတဲ့ စနစ် (ASEAN Integration System of Preference- AISP) ဆိုတဲ့ အစီအစဉ်နဲ့ အကြိုလျှော့ချပေးခဲ့ပါတယ်။အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသအရ သဘောတူ ထားတဲ့ အကောက်ခွန်လျော့ချမှု အစီအစဉ် တွေကတော့ အာဆီယံ မူလခြောက်နိုင်ငံဖြစ်တဲ့ ဘရူနိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ ၂၀၁၀ ပြည့်နှစ်မှာ ၎င်းင်းတို့နိုင်ငံတွေဆီ တင်သွင်းတဲ့ ကုန်ပစ္စည်းများ (အရေးကြီး ကုန်ပစ္စည်းများမှအပ) အပေါ် ကောက်ခံလျက်ရှိတဲ့ အကောက် ခွန်နှုန်းတွေကို သုည ရာခိုင် နှုန်းမှ ၅ ရာခိုင်နှုန်းကို လျှော့ချဖို့နဲ့ အာဆီယံအဖွဲ့ဝင်သစ်တွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို ၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာလည်း မိမိတို့ နိုင်ငံတွင်းသို့ တင်သွင်းလာတဲ့ ကုန်ပစ္စည်းများ (အရေးကြီးကုန်ပစ္စည်း များမှအပ)ရဲ့ အကောက်ခွန်နှုန်းကို ၂၀၁၅ ခုနှစ်ကို ရောက်တဲ့အခါ မှာတော့ သုည ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအတွင်း အသီးသီးလျှော့ ချပေးဖို့ သဘောတူညီခဲ့ကြပါတယ်။၂၀၁၀ ပြည့်နှစ်အရောက်မှာတော့ အာဆီယံ မူလ ခြောက် နိုင်ငံရဲ့ သွင်းကုန်ခွန်များ သုည ရာခိုင်နှုန်းကို ရောက်ရှိသွားပြီ ဖြစ်တဲ့ အတွက် AISP အစီအစဉ်ဟာ အဆုံးသတ်သွားပြီဖြစ်ပါတယ်။သဘောတူညီထားတဲ့ အကောက်ခွန်လျှော့ချပေးမှုကို ရရှိခံ စားနိုင်ဖို့အတွက်ဆိုရင် အဖွဲ့ဝင်နိုင်ငံအသီးသီးအနေနဲ့ မိမိတို့တင်ပို့တဲ့ ကုန်ပစ္စည်းတွေဟာ မိမိတို့ဒေသတွင်းမှာ ထုတ်လုပ်ကြောင်း သက် သေခံတဲ့ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် (Certificate of Origin) ကို တင်ပြကြရာမှာဖြစ်ပါတယ်။ ပင်ရင်းနိုင်ငံ သက်သေခံ လက်မှတ်ဆိုရာမှာတော့ ကုန်သွယ်တဲ့ဒေသအလိုက် အသုံးပြုရ တဲ့ လက်မှတ်အမျိုးအစားတွေ ကွာခြားလျက်ရှိပြီး အာဆီယံ ဒေသ တွင်းမှာ ကုန်သွယ်မှုပြုရာမှာ အကောက်ခွန် သက်သာခွင့်ကို ခံစား နိုင်ဖို့အတွက် အသုံးပြုနိုင်တဲ့ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်က တော့ Form D ဖြစ်ပါတယ်။မြန်မာနိုင်ငံအနေနဲ့ အာဆီယံဒေသတွင်းမှာ အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်း၊ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံများနဲ့ ကုန်သွယ်မှုပြုလျက်ရှိပြီး အဆိုပါနိုင်ငံများကို ကုန် ပစ္စည်းတွေတင်ပို့ရာမှာ သက်ဆိုင်ရာပင်ရင်းနိုင်ငံ သက်သေခံ လက်မှတ်ဖြစ်တဲ့ Form D များ အသုံးပြုတင်ပို့မှု အလွန်နည်း ပါးနေတာကို လေ့လာတွေ့ ရှိရပါတယ်။အာဆီယံ မူလခြောက်နိုင်ငံအနက် ထိုင်းနိုင်ငံဟာ ကုန် ပစ္စည်း ၁၃ မျိုးမှလွဲ၍ ကျန်ကုန်စည်များ၊ ဘရူနိုင်းနိုင်ငံဟာ ကုန် ပစ္စည်း ၁၀၄ မျိုးကလွဲ၍ ကျန်ကုန်စည်များ၊ ဖိလစ်ပိုင်နိုင်ငံဟာ ကုန်ပစ္စည်း ၈၈ မျိုးမှလွဲ၍ ကျန်ကုန်စည်များ၊ အင်ဒိုနီးရှားနိုင်ငံ ဟာ ကုန်ပစ္စည်း ၁၁၃ မျိုးကလွဲ၍ ကျန်ကုန်စည်များအပေါ်မှာ ကောက်ခံတဲ့ အကောက်ခွန်နှုန်းကို ၂၀၁၀ ပြည့်နှစ်မှာ သုည ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် အာဆီယံ နိုင်ငံများနဲ့ ကုန်သွယ်မှုပြုနေတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေနဲ့ ကုန်သွယ်မှုမှာ အသာစီးရရှိစေဖို့အတွက် ပင်ရင်းနိုင်ငံ သက်သေခံ လက်မှတ်ဖြစ်တဲ့ Form D များ အသုံးပြု တင်ပို့နိုင်ဖို့အတွက် ရည်ရွယ်ရေးသား တိုက်တွန်းလိုက်ရပါတယ်။(ပုဂ္ဂလိက လုပ်ငန်းရှင်များအနေနဲ့ အာဆီယံနိုင်ငံများရဲ့ အကောက်ခွန်နှုန်းထားတွေကို လေ့လာကြည့်ရှုလိုတယ်ဆိုရင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ website ဖြစ်တဲ့ www. commerce. gov.mm ကိုဝင်ရောက်ပြီး သိမှတ် ဖွယ်ရာအဖြာဖြာဆိုတဲ့ခေါင်းစဉ်အောက်က အကောက်ခွန်သက် သာခွင့်အတွက် ပင်ရင်းထောက်ခံချက် ဆိုတဲ့ ခေါင်းစဉ် ခွဲ အောက်ကိုဝင်ရောက်ပြီး အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံ များ၏ အကောက်ခွန်နှုန်းထားများ ဆိုတဲ့ ခေါင်းစဉ်ေ အာက်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရ ပါတယ်။) (ရွှေစင်ဦး)
