သင်ဇာဝင့်ကျော်က ဖက်ရှင်ဆိုတာ တသမတ်တည်းမရှိဘူးတဲ့
- ဖက်ရှင်နဲ့ ပတ်သက်ပြီး သင်ဇာထင်မြင်ယူဆက်ချက်တွေက ဘယ်လိုမျိုးလဲ။ ဖက်ရှင်ကတော့ပေါ်ရင်ပေါ်တဲ့ အတိုင်းလိုက် ပြောင်းလဲပြီး ဝတ်သင့်တယ်လို့ ထင်တယ်။ အခုတစ်ချိန်က ခေတ်စားနေတဲ့ပုံစံတွေ ပြန်ပေါ်နေတယ်။ ဖက်ရှင်ဆိုတာ တစ်သမတ်တည်း တော့မရှိပါဘူး။ ကိုယ့်မျက်စိအမြင်နဲ့ လိုက်တယ်ထင်ပြီးဝတ်လိုက်၊ မိုက်နေလို့ ရှိရင် လည်း ဖက်ရှင်တစ်ခုပဲလေ။- ဖက်ရှင်တွေကိုမထပ်အောင် ဘယ်လိုမျိုး ပြင်ဆင်ဖြစ်လဲ။ မြန်မာဆန်ဆန်လေးဝတ်ရမယ်ဆိုရင် ပထမကားတွေမှာ ပါတိတ်လေးတွေဝတ်တယ်။ နောက်တစ်ကားမှာ ချည်သားလေးတွေ ကို အပေါ်ဗြောင်၊ အောက်အပွင့်လေးတွေ ဝတ်တယ်၊ မတူအောင် တော့ခွဲထားရတာပေါ့။ - ကိုယ်ဝတ်တဲ့ ဖက်ရှင်ပေါ် ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် ယုံကြည်မှုရှိလဲ။ ဟုတ်တယ်။ တစ်ခါတလေကျရင် အပြင်သွားခါနီး ကမန်း ကတန်း ဝတ်စားပြီးထွက်ရင် ဝတ်ထားတာလှမှလှရဲ့ လားဆိုပြီး မှန် ခဏဏကြည့်ဖြစ်တယ်။ အချိန်ကြိုပြီးစဉ်းစားထားရင်တော့ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုှုရှိတယ်။- ကိုယ့်ဘာသာကိုယ် စီစဉ်ရွေးချယ်တာ ရှိတယ်ဆိုတော့ ကိုယ့်ဖက်ရှင်အမြင်ကို ဘယ်လိုဆန်းသစ်အောင်လုပ်လဲ။ ဖက်ရှင် ကတ်တလောက်တွေ ကြည့်တယ်။ အင်္ကျီကတ် တလောက်တွေကြည့်တယ်။ နောက် ဖက်ရှင်တီဗီတွေကြည့်ပြီး ကိုယ့် စိတ်ကူးနဲ့ ကိုယ် ဆင်ဆာလွတ်အောင် ပြန်ပြီးပြင်ဝတ်ရတာပေါ့။- ဇာတ်ကားတစ်ကားရိုက်ဖို့အတွက် ဖက်ရှင်က ကိုယ့်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေလား။ တစ်ခါတလေ ဖြစ်တယ်။ ချုပ် ထားတာတွေမရလို့ရှိရင် စိတ်က ပူတာ ပေါ့နော်။ ချုပ်ပြီးသားတွေ ဝယ်လို့ ရရင်တော့ ကိစ္စမရှိဘူး။ ချုပ်တာ တွေက မြန်မာဝတ်စုံတွေပဲ များတယ်။ evening gown တွေ ဆိုရင်တော့ ချုပ်ပြီးသားပဲ ရွေးဝတ်ဖြစ်တယ်။- သင်ဇာဖက်ရှင်အတွက် အကြိုက် ဆုံးနဲ့ အမြဲစုဆောင်းဖြစ်တဲ့ အရာ တွေက.. ဂျင်းဘောင်းဘီ၊ ဂျင်းဘောင်းဘီကို ကွာတားလေးတွေရော... အရှည်လေးတွေ ရောပေါ့နော်။- သင်ဇာပရိသတ်အတွက် အမှတ်တရ စကားပြောပါဦး။ ပရိသတ် မငြီးငွေ့စေဖို့ အတွက် ဘယ်နေရာမှာပဲ ဖြစ် ဖြစ် အစွမ်းကုန် ကြိုးစားထား တာပါပဲ။
