ပွင့်နဒီမောင် ဘယ်နေရာမှာ ရှိလဲဆိုတာကို ပရိသတ်က ဆုံးဖြတ်ပါလိမ့်မယ်

-    အခုညီမရဲ့ အနုပညာသက် ဘယ်လောက် ရှိသွားပြီလဲ။    ၂၀၁၀ ပြည့်နှစ်ကစခဲ့တာပါ။ ဘာသင်တန်းမှတော့ မတက်ဘူး။ ကိုဌေးမင်းထွန်းသင်ပေးတာလည်း ရှိသလို ကိုယ့်ဘာသာကိုယ်အိမ်မှာ လေ့ကျင့်ရင်းရှိုးတွေ စလျှောက်ခဲ့တယ်။ ပထမဆုံးရိုက်ခဲ့တဲ့ကားက မချည်သောကြိုး၊ ကိုလူမင်း၊ ကိုသားကြီး၊ ရတနာခင်တို့နဲ့ပေါ့နော်။-    အခုဇာတ်လမ်းတွေကို ဘယ်လိုလက်ခံရိုက်ကူးဖြစ်လဲ။    ကိုယ်ကြိုက်တဲ့ဇာတ်လမ်းနဲ့ ကိုယ်ကြိုက်တဲ့ ကာရိုက်တာ ဆို ရင်တော့ ရိုက်ဖြစ်တယ်ပေါ့နော်။ ကိုယ်နဲ့မလိုက်တဲ့ဟာကိုတော့ အတင်းကြီး လုပ်ပြီးမရိုက်ဖြစ်တော့ပါဘူး။-    နေရာတစ်နေရာရမှ ရိုက်တာလား။    အဲလိုလဲမဟုတ်ဘူး။ နေရာတစ်နေရာထက်စာရင် ကိုယ်နဲ့ခင် တဲ့ သူဆိုရင် ကိုယ့်အတွက် ဘယ်လုပ်ကွက်ပဲဖြစ်ဖြစ် ဘယ်နေရာပဲ ဖြစ်ဖြစ်ရိုက်တာပါပဲ။-    အခုညီမရောက်နေတဲ့ နေရာတစ်ခုကို ပြောရရင်...    ကိုယ့်ကိုယ်ကို သုံးသပ်တာထက် ပရိသတ်ကြီးဆုံးဖြတ်မှပဲရတာ။ ဝါသနာပါတဲ့အလုပ်ကိုလုပ်နေရတာဆိုတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် လုပ်နေမှာပါ။-    ဘဝမှာ ညီမ တန်ဖိုးအထားဆုံးအရာ က.....    စိတ်ပဲ။ လူတစ်ယောက်ဟာ ချောတာမချောတာနဲ့မဆိုင်ဘူး။ စိတ်ထားကောင်းတဲ့သူကရုပ်မလှဘူးဆိုရင်တောင် သူ့မျက်နှာလေးက ကြည်လင်နေမှာပဲ။ လောကကြီးမှာ အလိုအပ်ဆုံးနဲ့  အရှိသင့်ဆုံး အရာက စိတ်သန့်သန့်လေးတွေပါပဲ။ ညီမက အမြဲတမ်းလည်းပျော် ပျော်နေတတ်သလို စိတ်ညစ်တာလည်း မရှိဘူး။-    အနုပညာနဲ့  ပတ် သက်ပြီး ခံယူချက်က ဘယ် လိုရှိလဲ။ ဘယ်အခန်းမျိုးပဲ ဖြစ်ဖြစ်ဘယ်လိုကာရိုက် တာမျိုးပဲ ဖြစ်ဖြစ် ဖြစ်အောင် လုပ်ဖို့ ပါပဲ။