လာမယ့်နှစ်မှာ ဆန်ဖူလုံမယ်လို့ ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနမှ ကြေညာ

    ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာမှ စတင်ပြီး ဖိလစ်ပိုင်နိုင်ငံဟာ ဆန်စပါးများစွာ ထွက်ရှိမှာဖြစ်လို့ နောက်နှစ်ကစပြီး၊ အစိုးရ အနေနဲ့ ဆန်တင်သွင်းဖို့ မလိုအပ်တော့ဘူးလို့စိုက်ပျိုးရေးဌာန မှ အရာရှိများမှ ကြေညာခဲ့ပါတယ်။  စိုက်ပျိုးရေးဝန်ကြီး Proceso  Alcala  ရဲ့ ဆန်စပါးဖူလုံရေး စီမံကိန်းဟာ ၈၀ ရာခိုင်နှုန်း နီးပါး ပြီးစီးပြီလို့ စိုက်ပျိုးရေးအတွင်းဝန် Tony  Fleta  မှ ပြောကြားပါတယ်။    စိုက်ပျိုးရေးဌာနအနေနဲ့ တစ်နှစ်ကို အနည်းဆုံး သုံးကြိမ် စပါးရိတ်သိမ်းရေး တောင်သူတွေကို ခွင့်ပြုနိုင်ဖို့ နိုင်ငံတစ်ဝန်း ဆည်ရေသွင်းတူးမြောင်းများဆောက်လုပ်ခြင်းကိုအရှိန်အဟုန် မြှင့်တင် ဆောင်ရွက်နေတယ်လို့ Fleta  မှ ပြောကြားပါတယ်။ ဒါ့အပြင် ရိတ်သိမ်းချိန်လွန်သုံး ကိရိယာများဖြစ်တဲ့ ခြွေလှ့ စက်၊ အခြောက်ခံစက်နဲ့ ဆန်ကြိတ်ခွဲစက်များကို မိုးရာသီ အတွင်းမှာပင် စပါး ဆက်လက်ရိတ်သိမ်းနိုင်ဖို့ ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။    ဒါ့အပြင် စိုက်ပျိုးရေးဆိုင်ရာ အရာရှိများမှလည်း မျိုးစေ့ ဝယ်ယူလိုတဲ့တောင်သူများကိုငွေချေးပေး ဖို့လည်း ကျေး လက် ဒေသဘဏ်များနဲ့  တွေ့ဆုံခဲ့ကာ  စိုက်ပျိုးရေးဌာနအနေနဲ့ အကြွေးးအတွက် အာမခံပေးသွားမယ်လို့လည်း  ဆိုပါတယ်။ ဆည် ရေသွင်းစနစ်ဟာ နိုင်ငံအတွင်းဆန်ဖူလုံဖို့ အဓိက ဖြစ် တယ်လို့ နိုင်ငံတော်ဆည်မြောင်းစီမံခန့်ခွဲရေး  အုပ်ချုပ်သူ Antonio  Nangel  မှ ပြောကြားပါတယ်။    သမ္မတ  Ninoy  Aguino  အုပ်ချုပ်မှု တက်ပြီးတဲ့နောက် ဆည်ရေသွင်းဟက်တာ ၁၅၀၀၀၀ ဝန်းကျင် ပြီးစီးကြောင်း၊ Nangel မှ ပြောကြားပါတယ်။  စိုက်ပျိုးရေးဌာနနဲ့ နိုင်ငံတော် ဆည်မြောင်းစီမံခန့်ခွဲရေးဌာနတို့မှ ၂၀၁၃ ခုနှစ်မှာ ဆည်ရေ သောက်ဧရိယာ ၂၉၀၀၀၀ ထက်ပိုမိုတိုးမြှင့်ဖို့ ရည်မှန်းထား ကြောင်းသိရပါတယ်။ စိုက်ပျိုးရေးဌာနမှ စီမံကိန်း အကောင် အထည်ေ ဖာ်ပြီးလို့ နောက်နှစ်တိုင်အောင်  ဆန်ရောင်းချမှု ပြဿနာ ကြာရှည်ဖြစ်မှာ  မဟုတ်တော့ဘူးလို့လည်း ၎င်းင်းမှ ပြောကြားပါတယ်။လမင်း၊Source: riceonline