ဒီတစ်ပတ် ဓာတ်မြေသြဇာအဝင်ပိုခဲ့
ဒီတစ်ပတ် ဓာတ်မြေသြဇာအဝင်ပိုခဲ့ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မတ် ၂၅ ရက်မှ ၃၁ ရက်တာကာလအတွင်း မြေသြဇာတန်ချိန် ၁၀၇၂ ဒသမ ၂၄၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ သုံးသိန်းခုနှစ်သောင်းကျော်ဖိုးကို တင်သွင်းလာခဲ့ပါတယ်။ ဒီတစ်ပတ် တင်သွင်းခဲ့တဲ့ မြေသြဇာတွေမှာ တရုတ်နိုင်ငံမှ မြေသြဇာ ၃ တန်၊ အီရန်နိုင်ငံမှ ၂၁ တန်၊ စင်ကာပူနိုင်ငံမှ မြေသြဇာ ၅၀၄ တန်၊ ဗီယက်နမ်နိုင်ငံမှ တန် ၅၀၀၊ မလေးရှားနိုင်ငံမှ ၂၀ ဒသမ ၂၄ တန်နဲ့ သြစတြေးလျနိုင်ငံမှ ၂၄ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်မြေသြဇာ တင်သွင်းမှုက တန် နှစ်ရာသာ ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ၅ ဆကျော်ပိုမိုတင်သွင်းနိုင် တာ တွေ့ရပါတယ်။လချုပ်အနေနဲ့ကြည့်မယ်ဆိုရင်မတ်လရဲ့မြေသြဇာ တင်သွင်းမှုကတန်ချိန် လေးထောင်ကိုးဆယ်ကျော်ရှိခဲ့ပြီး ဖေဖော်ဝါရီလရဲ့ မြေသြဇာတင်သွင်းမှုက တန်ချိန် ခြောက်ထောင့်ခုနှစ်ရာ ရှိခဲ့တာကြောင့် မတ်လမှာ တန်ချိန် တစ်ထောင့်ခုနစ်ရာ ကျော် လျော့နည်းပြီး တင်သွင်းနိုင်တာတွေ့ရ ပါတယ်။ MIRT (DOT)နယ်စပ်မှ ဓာတ်မြေသြဇာ အသွင်းပိုမတ် ၂၈ ရက်မှ ဧပြီ ၃ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၈၄၁ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၄၃၂၃ တန်ခန့်ကို မူဆယ်၊ ရိဒ်နဲ့ ကော့သောင်း နယ်စပ်များမှ အသွင်းရှိခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်ကထက် တန် ၁၆၃၀ ကျော် အသွင်းပိုခဲ့ပါတယ်။ ကော့သောင်းနယ်စပ်မှ တင်သွင်းတဲ့ပမာဏ ပြောင်းလဲမှု မရှိသော်လည်း မူဆယ်နယ်စပ်မှ ၁၃၈၁ တန် တင်သွင်းမှုပိုမိုခဲ့ပြီး ယခင်အပတ် က အသွင်းမရှိခဲ့တဲ့ တမူးနယ်စပ်မှ ၃၂၆ တန်ကျော် ယခုအပတ်မှာ အသွင်းရှိခဲ့တာ ကလည်း ဓာတ်မြေသြဇာတင်သွင်းမှုကို ယခင်အပတ်ကထက် ပိုမိုစေခဲ့တာ ဖြစ်ပါ တယ်။ မတ်လမှာ နယ်စပ်မှ ဓာတ်မြေသြဇာတန် တစ်သိန်းခြောက်သောင်း နှစ် ထောင်ဝန်းကျင် တင်သွင်းထားပြီးဖြစ်ပါတယ်။ ယခုအပတ်မှာ မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ နိုက်တြိတ်ပိုတက်ရှ်၊ ကွန်ပေါင်း (၁၀း၁၀း၅)၊ အမိုးနီးယမ်းနိုက်တြိတ်၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ တီစူပါနဲ့ ကွန်ပေါင်း (၁၅း၅း၅) တို့ဖြစ်ပါတယ်။ MIRT (DOBT)ဈေးပြောင်းလဲမှုမရှိဘဲ အရောင်းအေးနေတဲ့ မြေသြဇာမော်လမြိုင်ဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်း ပုံမှန်ရှိတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ မြေသြဇာတွေ ထဲမှာ ပုလဲမြေသြဇာ က ဈေးအနည်းငယ်တက်ပြီး ကျန်မြေသြဇာများက ပုံမှန်ဈေးပဲရှိတယ်လို့ သိရပါ တယ်။ ဒီလိုဈေးတက်ရတာက လည်း မိုးကျတာနဲ့ စိုက်ပျိုးမှာဖြစ်တဲ့အတွက် အခုမိုး မကျခင် ကြိုတင်ဝယ်ယူတာေ ကြာင့် ဈေးအနည်းငယ် တက်ရတာလို့ ပြောပါတယ်။ ဒီတစ်ပတ် ဓာတ်မြေသြဇာဈေးများက ပုလဲအသေး ၄၆ရာခိုင်နှုန်း (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က ၂၂၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း)က ၃၅၀၀၀ ကျပ် ၊ ကွန်ပေါင်း (ပန်းရောင်) က ၃၁၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၃၀၀၀၀ ကျပ်၊ တီစူပါ ၄၆ရာခိုင်နှုန်း (သံကွင်း-တရုတ်) က ၂၄၀၀၀ ကျပ် ၊ တီစူပါ ၄၆ ရာခိုင်နှုန်း (မြှား-တရုတ်) ၂၅၀၀၀ ကျပ်နဲ့ တီစူပါ ၁၆ ရာခိုင်နှုန်း (မြှားကမ္ဘာ) တရုတ် က ၁၁၅၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက အရောင်းပုံမှန်ရှိတယ်လို့ မြေသြဇာ အရောင်းမှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာ မြေသြဇာ ဈေးတွေက အနည်းငယ်တက်တယ်လို့ သိရပါတယ်။ ဒီလိုဈေးတက်ရတာကလည်း ကားခဈေး အနည်းငယ်တက်တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ယူရီးယားက ယခင်တစ်ပတ်ဈေးထက် တစ်အိတ်ကို ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်၊ တီစူပါ မြေသြဇာက ၅၀၀မှ ၁၅၀၀ကျပ်၊ ဓာတ်ဆားက ၅၀၀ ကျပ်၊ ပိုတက် က ၁၅၀၀ ကျပ် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဓာတ်မြေသြဇာ ဈေးတွေမှာ ယူရီးယား (ကမ္ဘာလုံး-ရွှေတောင်) (တရုတ်)က ၂၀၅၀၀ ကျပ်၊ ယူရီးယား (ပန်းဖူး-တရုတ်)က ၂၁၀၀၀ ကျပ်၊ တီစူပါ ၁၂% (တရုတ်) ၁၀၀၀၀ ကျပ်၊ တီစူပါ ၁၆% (တရုတ်)က ၁၀၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်)က ၃၆၅၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်)က ၁၆၀၀၀ ကျပ်၊ ဓာတ်ဆား(တရုတ်) ၁၇၅၀၀ ကျပ်၊ ပိုတက် (တရုတ်) ၂၈၀၀၀ ကျပ်၊ ယူရီးယား (ယူအေအီး)က ၂၀၀၀၀ ကျပ်နဲ့ မြှားကမ္ဘာက ၁၇၀၀၀ ကျပ်ဈေးဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်ဓာတ်မြေသြဇာဈေးကွက်မှာ မြေသြဇာက ယခင်တစ်ပတ်ထက်စာ ရင် ဒီတစ်ပတ် အရောင်းအေးတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါ တယ်။ ဒီအချိန်မှာ ရောင်းအားကောင်းတာက ကွန်ပေါင်း ၁၀း၁၀း၅၊ ၁၃း၅း၇၊ ၁၅း၅း၅ နဲ့ ၁၂း၁၃ စတဲ့ မြေသြဇာတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ပတ်မှာတော့ အရောင်းအေးနေတယ်လို့ ပြောပါတယ်။ ဒီတစ်ပတ်ဈေး ကွက်မှာ အရောင်းဖြစ်တဲ့ ဈေးက ယူရီးယား(ကမ္ဘာလုံး-တရုတ်) ၁၉၈၀၀ ကျပ်၊ ရွှေတောင်-တရုတ် ၁၉၉၀၀ ကျပ်၊ တီစူပါ(သံကွင်း) ၂၁၁၀၀ ကျပ်၊ တီစူပါ ၁၆% ၈၅၀၀ ကျပ်၊ တီစူပါ ၁၂ ရာခိုင်နှုန်း ၈၀၀၀ ကျပ်၊ ပိုတက်(အိန္ဒိယ) ၂၃၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ ၂၃၇၀၀ ကျပ်၊ ကွန်ပေါင်း ၁၃း၅း၇ က ၁၃၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅ က ၁၄၁၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၅း၅ က ၁၄၂၀၀ ကျပ်နဲ့ ကွန်ပေါင်း (မြှားကမ္ဘာ) ၁၂း၁၃ က ၁၄၇၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ မြေသြဇာက အရောင်းအေးတယ်လို့ သိရပါတယ်။ အရောင်းအေးပေမယ့် မြေသြဇာဈေးက အနည်းငယ်တက် လာတယ်လို့ သိရပါ တယ်။ မြေသြဇာဈေးက ယခင်တစ်ပတ်ဈေးထက် ၅၀၀ ကျပ်မှ ၁၇၀၀ ကျပ်အတွင်း ဈေးမြင့်လာ တယ်လို့ ပြောပါတယ်။ မြှားကမ္ဘာ-တရုတ်က ယခင်တစ်ပတ်ဈေးထက် ၁၇၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၉၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၉၀၀ ကျပ်၊ ယူရီးယား ပုလဲ(ပန်းဖူး)က ၁၇၀၀ ကျပ်၊ ရွှေတောင်-တရုတ်က ၆၀၀ ကျပ်၊ တောင် သူမက ၁၂၀၀ ကျပ်နဲ့ ပိုတက်က ၄၀၀၀ ကျပ်ဈေးမြင့်လာတယ်လို့ သိရပါတယ်။ဒီတစ်ပတ်ဈေးတွေက မြှားကမ္ဘာ-တရုတ် ၁၂း၁၃ (အပြာ)က ၁၆၇၀၀ ကျပ်၊ (အစိမ်း) ၁၆၄၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၅၇၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၆၆၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၃၆၀၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၃၇၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၃၇၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)၂၀၅၀၀ ကျပ်၊ တီစူပါ(မြှားနီ-တရုတ်) ၂၂၇၀၀ ကျပ်၊ တောင်သူမ ၁၅၅၀၀ ကျပ်၊ ပိုတက် ၂၉၀၀၀ ကျပ် နဲ့ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၇၃၀၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။ MIRT (DOT)
