မလေးရှားသို့ ဆန်တန်ပို့မှု ၂၄၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့် ပါကစ္စတန်
လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ပါကစ္စတန်မှ မလေးရှားကို ဆန်တင်ပို့မှု ၂၄၄ ရာခိုင်နှုန်း တိုးတက်ခဲ့ရာ အနာဂတ်မှာ လည်း ပါကစ္စတန်အနေနဲ့ မလေးရှားကို ဆန်ပိုမိုတင်ပို့နိုင်ဖို့ ကြိုးပမ်းလျက်ရှိကြောင်း ပါကစ္စတန် ကော်မရှင်နာ မင်းကြီး Masood Khalid က ပြောကြားလိုက်တယ်။ မလေးရှားနိုင်ငံ နိုင်ငံတော်ပိုင် ဘာနားမားသတင်းဌာနနဲ့ အင်တာဗျူးမှာ Khalid ကလွန်ခဲ့တဲ့သုံးနှစ်အတွင်းမှာမလေးရှားကို ဘာစ မာတီ ဆန်နဲ့ ဘာစမာတီ အမျိုးအစား မဟုတ်တဲ့ ဆန်တင်ပို့မှု က ဆက်တိုက်မြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာ ဆန်တန်ချိန် ၄၃ယ၀၀၀ တင်ပို့ခဲ့ရာမှ ၂၀၁၀ ခုနှစ်မှာ ၁၈၆ ရာခိုင်နှုန်းမြင့်တက်ကာ တန်ချိန် ၁၂၃ယ၀၀၀ ထိ တင်ပို့ခဲ့ကြောင်း ၊ ၂၀၁၁ ခုနှစ်မှာ ၂၀ ဒသမ ၃ ရာခိုင်နှုန်း ထပ်မံမြင့်တက်ကာ တန်ချိန် ၁၄၈ယ၀၀၀ ကို တင်ပို့ခဲ့ကြောင်း Khalid က ဖြည့်စွက်ပြောကြားလိုက်တယ်။ ပါကစ္စတန်အစိုးရက ပါကစ္စတန်ဆန် တင်ပို့သူများအသင်း (REAP) နဲ့ ပူးပေါင်းကာ အသင်းဝင်တွေကို မလေးရှားကို ဆန်ပိုမိုတင်ပို့နိုင်ရေး တိုက်တွန်းလျက် ရှိတယ်။ ပါကစ္စတန် ဆန် တင်ပို့သူများအသင်းက ပါကစ္စတန် ဆန်လုပ်ငန်းရှင်များ အနေနဲ့ ကမ္ဘာ့နိုင်ငံတွေကို ဆန်တင်ပိုမိုတင်ပို့နိုင်ရေးနဲ့ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးအတွက် ထောက်ပံ့ပေး လျက် ရှိတယ်။ မလေးရှားက နှစ်စဉ် ဆန်တန်ချိန် ၁ သန်းနီးပါးကို တင်သွင်းလျက်ရှိကြောင်း သိရှိရတယ်။ ဒါပေမဲ့ လာမယ့်ငါးနှစ် အတွင်းမှာ မလေးရှားက ဆန်တန်ချိန် သုည ဒသမ ၈ သန်းကို တင်သွင်းဖို့အတွက် အခြားနိုင်ငံတွေနဲ့ ဆွေးနွေးညှိနှိုင်း ပြီး ဖြစ်ရာ မလေးရှားကို တစ်နှစ်ကို အလွန်ဆုံးဆန်တန်ချိန် ၂ သိန်းထက် ပိုမိုတင်ပို့ဖို့ မဖြစ်နိုင်တော့ ကြောင်း Masood Khalid က ပြောကြားလိုက်ပါတယ်။Source:pakobserver.net အေးမွန်မွန်လှိုင်
