ပဲစင်းငုံနီ

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ       ယခင်         ယခု    ပြောင်းလဲမှု     ၁    ဘုရင့်နောင်    ၁ တန်         ၄၃၀၀၀၀    ၄၃၉၀၀၀                ၂    မန္တလေး         ၁ ပိဿာ         ၆၄၂          ၆၅၈         ၃    မုံရွာ              ၁ ပိဿာ         ၆၃၅          ၆၄၅        ၄    ပခုက္ကူ           ၁ ပိဿာ         ၆၅၅          ၆၅၅            ၅    မြင်းခြံ            ၁ ပိဿာ        ၆၃၀           ၆၃၀               ၆    အောင်လံ         ၁ ပိဿာ        ၆၄၀           ၆၅၀           ၇    မကွေး            ၁ ပိဿာ        ၆၄၀           ၆၅၀                ၈    ပြည်             ၁ ပိဿာ        ၆၄၀           ၆၅၀     ပဲစင်းငုံနီကို သြင်္ကန်အပြီးမှာ အိတ်စပို့အဆွဲ အနည်းငယ်ပြန်လိုက်    ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီ (RC) ကို  သြင်္ကန်အပြီး မှာ အိတ်စပို့အဆွဲပြန်လိုက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာကြောင်းသိရပါတယ်။  အရောင်းအဝယ်ဖြစ်မှုက တစ် တန်ကို အနိမ့်ဆုံး ၄၂၅၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၃၉၀၀၀ ကျပ်အတွင်း တန် ၉၈၉ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၆၅၈ ကျပ်(တစ်တန်ကို ၄၀၂၉၅၂ ကျပ်)နဲ့နေ့စဉ် အိတ် ၄၀၀ မှ ၆၀၀ ကြားအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သြင်္ကန်အပြီးမှာ အိတ်စပို့အတွက်ဝယ် ယူနေတဲ့ ရန်ကုန်ဝယ်လက်ကလည်း ဝယ်အားသိပ်မသွက်သေးသလို ရောင်းသူကုန်သည်များကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်း နည်းနေတယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ မုံရွာဈေး ကွက်မှာ ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ထက်စာရင် နည်းနေပေ မယ့် ဈေးကတော့ ယခင်ထက်စာရင် အနည်းငယ်မြင့်လာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၄၅ ကျပ် (တစ် တန်ကို ၃၉၄၉၉၁ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၅၀၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပခုက္ကူဈေးကွက်မှာ   သြင်္ကန်အပြီး အရောင်းအဝယ်ခပ်ပါးပါးသာရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၆၅၅ ကျပ်(တစ်တန်ကို ၄၀၁၁၁၅ ကျပ်) နဲ့ တစ်ပတ်အတွင်း အိတ် ၁၀၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ မြင်းခြံဈေးကွက်မှာ ရန်ကုန်အဆွဲအနည်းငယ်ရှိပြီး ယခင်အပတ်နဲ့ စာရင် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၃၀ ကျပ်(တစ် တန်ကို ၃၈၅၈၀၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ ခန့်သာဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အောင်လံဈေးကွက်မှာ ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၆၅၀ ကျပ်(တစ်တန်ကို ၃၉၈၀၅၃ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၅၀၀ ခန့်သာအဝယ်ရှိခဲ့ တယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ ရန်ကုန်ဝယ်လက် ဝယ်အားနည်းခဲ့သလို ရောင်းသူကုန်သည်များ ကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းတာကြောင့် ဈေး ကွက်မှာ  ပဲအရောင်းအဝယ်  အေးနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆၅၀ ကျပ် (တစ်တန်ကို ၃၉၈၀၅၃ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၅၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။