စင်ကာပူ ရေကြောင်းသွားလာရေး ကဏ္ဍမှ ကျွမ်းကျင်သူများကို ရှာဖွေ

    စင်ကာပူရေကြောင်း သွားလာ ရေး ကဏ္ဍမှ သူ့ရဲ့သင်္ဘောများအတွက် ပိုမို ကျွမ်းကျင်သူများကို ရှာဖွေရန် ဆန္ဒရှိနေပါတယ်။ ၂၀၁၂ ခုနှစ် ဘတ်ဂျက်မှာလည်းပင်လယ်ရေကြောင်း သွားလာရေးကဏ္ဍအတွက် ပြည်တွင်း မှ ကျွမ်းကျင်သူတွေ ပိုမိုရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလိုဆောင်ရွက် နိုင်ဖို့အတွက် ခုနှစ်နှစ်မြောက်ကျင်းပခဲ့ ပြီးဖြစ်တဲ့  Singapore Maritime Week     ဆွေးနွေးပွဲမှာ ဆွေးနွေးညှိနှိုင်း သွားမှာ ဖြစ်ပါတယ်။    လောလောဆယ်မှာ ဒီကဏ္ဍက လူ ၁၇၀၀၀၀ ကို ခန့်ထားတဲ့အနက် ၇၅၀၀၀ က ပြည်တွင်းက ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းသွားလာရေးကဏ္ဍက စင်ကာပူနိုင်ငံ ဂျီဒီပီ (စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှု) ရဲ့ ခုနှစ်ရာခိုင်နှုန်းကို ရှာ ဖွေပေးနေတယ်လို့ စင်ကာပူ ဆက် သွယ်ရေးနဲ့ လူမှုအသိုက်အဝန်းဌာနခွဲရဲ့ ပင်လယ်ရေ ကြောင်းသွားလာရေးနဲ့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ ညွှန်ကြား ရေးမှူး လမ်ဝီးရှန်က ပြောပါတယ်။    ကမ္ဘာ့ကုန်သွယ်ရေးလုပ်ငန်း အရှိန်နှေးလာခြင်းနဲ့အတူ ပင်လယ် ရေကြောင်းသွားလာရေး အစုအဖွဲ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက လာမဲ့နှစ်နှစ်သုံးနှစ် အတွင်းမှာ နှေးကွေး ကျဆင်းနေမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် လာ မယ့် သီတင်းပတ်မှာ ကျင်းပမဲ့ ကွန် ဖရင့်မှာ ဆွေးနွေးပွဲများကို တက်ရောက် ဖို့ အပြည်ပြည်ဆိုင်ရာ ရေကြောင်း သွားလာရေး အသိုက်အဝန်း အတွက် အကောင်းဆုံးအချိန် ဖြစ်ပါတယ်။    ဆွေးနွေးပွဲကို လူ ၈၀၀ ခန့် တက် ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။Source.CNA