ဗီယက်နမ်မှ တောင်ကိုရီးယားကို ဆန်တင်ပို့မှု သိသိသာသာမြင့်တက်
ဗီယက်နမ်နိုင်ငံမှ တောင်ကိုရီးယား ကို ဆန်တင်ပို့မှု တိုးတက်လျက်ရှိရာ ပထမ ၁၀ လအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၈၆ ဘီလီယံဖိုးထိ တင်ပို့ပြီးလို့ ယခင်နှစ်များထက် ၆၀ ရာခိုင်နှုန်းကျော် ပိုမိုတိုးတက်လာခဲ့တယ်လို့သိရပါတယ်။ ယခုလို သိသိသာသာ တိုးတက်နေခြင်း ဟာ အာဆီယံနဲ့ တောင်ကိုရီးယား အကြား လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီမှု (AKFTA) အရဖြစ် တယ်လို့ကျွမ်းကျင်သူမျာက ဆိုပါတယ်။ပြည်ပတင်ပို့မှု တိုးတက်နေတဲ့ ကုန် ပစ္စည်းတွေထဲမှာ အထည်အလိပ်၊ ဖိနပ်၊ သစ်သားပစ္စည်း၊ သွားရေစာမုန့်၊ ပင်လယ်စာမုန့်နဲ့ ကော်ဖီတို့လဲပါဝင် တယ်လို့သိရပါတယ်။ အောက်တိုဘာ လကုန်အထိ အထည်အလိပ်တင်ပို့ခြင်း မှ ကန်ဒေါ်လာ ၇၀၀ သန်း ရရှိခဲ့လို့ ယခင်နှစ်ထက် ၁၄၀ ရာခိုင်နှုန်း စံချိန် တင်တိုးတက်ခဲ့တယ်လို့ အကောက်ခွန် ဌာနမှ ပြောကြားပါတယ်။ တစ်နှစ်လုံး အတွက် ကန်ဒေါ်လာ သန်း ၈၀၀ ဖိုး အထိ တင်ပို့နိုင်ဖွယ်ရှိလို့ ကိုရီးယားနိုင်ငံ ဟာ ဗီယက်နမ်နိုင်ငံရဲ့ အထည်အလိပ် ထုတ်ကုန်အများဆုံး တင်သွင်းသူများ ဖြစ်တဲ့ အမေရိကန်၊ အီးယူနဲ့ ဂျပန် တို့ပြီးရင် စတုတ္ထအများဆုံး တင်သွင်းသူ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ဒါ့အပြင် ပင်လယ်စာ တင်ပို့ခြင်း မှလည်း ယခင်နှစ်ထက် ၃၈ ရာခိုင် နှုန်းကျော်ပိုမိုပြီး၊ ကန်ဒေါ်လာ ၃၄၅ သန်းဖိုး ရရှိနေပြီဖြစ်ပါတယ်။ ယခုအခါ ကိုရီးယားဟာ ဗီယက်နမ်ရဲ့ အရေးပါ ဆုံးနိုင်ငံဖြစ်နေပါတယ်။ ဒါ့အပြင် သစ် သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တင်ပို့ခြင်း မှ အခွင့်အရေးရဖို့လည်း ကြိုးစားနေပါ တယ်။ ပထမ ၁၀ လအတွင်း ငှက်ပျော၊ နာနတ်၊ နဂါးမောက်သီး၊ ဒူးရင်း၊ မင်း ကွတ်သီးများကို အခြောက်ရော၊ ဘူးနဲ့ ပါတင်ပို့ခြင်းမှ ကန်ဒေါ်လာ ၁၅ ဒသမ ၅ သန်းဖိုးရရှိခဲ့တာကြောင့် ယခင်နှစ် ကာလတူထက် ၂ ဆတိုးတက်ရရှိတယ် လို့ သိရပါတယ်။လမင်းSource: riceonline
