ဈေးနှုန်းယှဉ်ပြိုင်နိုင်မှု အားနည်းလို့ ထိုင်းဆန်တင်ပို့မှု ဆုံးရှုံးရ

    ထိုင်းအစိုးရရဲ့ ဆန်အပေါင်ခံ အစီအစဉ်ကြောင့် ထိုင်းဈေးနှုန်းမှာ အဓိက ပြိုင်ဖက်များဖြစ်တဲ့ အိန္ဒိယနဲ့ ဗီယက်နမ်တို့လို ယှဉ်ပြိုင်ဖက်နိုင်ငံများရဲ့ ဆန်ဈေးအထက်မှာရှိနေတဲ့အတွက် မတ်လအတွင်း ဆန်တင်ပို့မှုဟာ ယခင်နှစ်ထက် ၆၃ ရာခိုင်နှုန်း ကျဆင်းတယ်လို့ ဘဏ်တစ်ခုမှ ထိုင်းအရာရှိတစ်ဦးက ဆိုပါတယ်။ မတ်လဆန်တင်ပို့မှုကျဆင်းခဲ့သလို ဖေဖော်ဝါရီလ တင်ပို့မှု ကလည်း ယခင်နှစ်ထက် ၂၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။    ပြည်တွင်းမူဝါဒဌာနအတွက် ဗဟိုဘဏ်ရဲ့ ဝါရင့်ဒါရိုက်တာ Mathee  Supapongse   ပြောကြားရာမှာ ရေလွှမ်းမိုးမှု ကြောင့်အထွက်နှုန်းထိခိုက်ခဲ့တဲ့အတွက်ဆန်တင်ပို့မှုဟာ ယခင်နှစ် စက်တင်ဘာမှစပြီး ကျဆင်းခဲ့ ပါတယ်။ ယခင်နှစ် ရေလွှမ်းမိုးမှု နောက်ပိုင်းဆန်ရောင်းချမှုကျဆင်းခဲ့တာကြောင့်ဆန်တင်ပို့မှုနဲ့ပတ်သက်တဲ့သက်ရောက်တဲ့ ဆန်မူဝါဒများက ကနဦးမှာ မထင် မရှား ရှိခဲ့တယ်လို့ ၎င်းကဆိုပါတယ်။    ဒါပေမယ့် မကြာမီအတွင်း ဆန်များစွာဟာ အပေါင်ခံအစီအစဉ်ကို ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီလို အပေါင်ခံအစီအစဉ် မှာ ထင်ရှားလာခဲ့တာကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း ဖေဖော်ဝါရီလနဲ့ မတ်လအတွင်းမှာ ဈေးနှုန်းယှဉ်ပြိုင်နိုင်မှု ဆုံးရှုံးခဲ့ ရပါတယ်။ ယခင်နှစ် ရွေးကောက်ပွဲအတွင်း၊ ဆန်၊ စပါးအပေါင်ခံအစီအစဉ်ကို ပြန်လည် ဆောင်ရွက်ဖို့ ကတိပေးခဲ့တာ ဖြစ်ပါတယ်။    အဲဒီအစီအစဉ်အရ ဈေနှုန်းမြင့်တက်ခြင်းက ဆန်တင်ပို့မှု သိသိသာသာကျဆင်းခဲ့ရပါတယ်။ပထမ ၃ လအတွင်း ဆန် တင်ပို့မှုစုစုပေါင်းတန်ချိန် ၁ ဒသမ ၄ သန်းသာရှိခဲ့ရာ ဖေဖော်ဝါရီလမှာ တန်ချိန် ၆၀၈၀၀၀ နဲ့ မတ်လမှာ တန်ချိန် ၄၃၀၀၀၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်နှစ်က ထိုင်းနိုင်ငံက ဆန်တန်ချိန် ၁၁ သန်းအထိ တင်ပို့ခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ တန် ချိန် ၉ သန်းတင်ပို့ခဲ့ပါတယ်။    ဆန်တင်ပို့ဈေးနှုန်းမှာ ၂၀၁၁ နှစ်လည်အတွင်း တစ်တန် ကန်ဒေါ်လာ ၄၈၀ ရှိခဲ့ရာမှ ယခုနှစ် ဖေဖော်ဝါရီမှ မတ်လ အတွင်းမှာတော့ ကန်ဒေါ်လာ ၅၄၉ ဈေးရှိခဲ့ပါတယ်။ စပါးအပေါင်ခံ အစီအစဉ်မှာ စပါးပိုမိုအပေါင်ခံခဲ့ရင် ဆန်ဈေးက ထပ်မံမြင့်တက်ဖွယ်ရှိတယ်လို့ Mr  Mathee မှ ဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းဟာ စိုက်ပျိုးရေး ကုန်စည်တွေဖြစ်တဲ့ ဆန်နဲ့ရော်ဘာများ ကျဆင်းတဲ့တိုင် ပထမ ၃ လအတွင်း ပိုမိုကောင်းခဲ့တယ်လို့ ဆိုပါတယ်။လမင်း၊Source: bangkok  post