သိုလှောင်မှုအခက်အခဲကြောင့် နွေစပါးတန်ချိန် ၁ ဒသမ ၂ သန်း ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာဝန်ကြီးကို တောင်းဆို

သိုလှောင်ရုံ အလုံအလောက်မရှိ တာကြောင့် အစိုးရမှ နွေစပါးဝယ်ယူ ခြင်း မရှိနိုင်ဘူးလို့ ကောလာဟလ သတင်းများ ထွက်ပေါ်လာတဲ့အတွက် ဘင်္ဂလားဒေ့ရှ်လွှတ်တော်မှ စားနပ်ရိက္ခာ ဝန်ကြီးဌာနကို နွေရာသီအတွင်းတောင် သူများ ထိုက်သင့်တဲ့အကျိုးအမြတ်ရရှိဖို့ ဆန်တန်ချိန် ၁ ဒသမ ၂ သန်း အနည်း ဆုံးဝယ်ယူဖို့ တောင်းဆိုခဲ့တယ်လို့ သိရ ပါတယ်။ဒါ့အပြင် လက်ရှိတစ်တန် ကန် ဒေါ်လာ ၂၉၀ အစား ကန်ဒေါ်လာ ၂၄၀နဲ့ရောင်းချနေတဲ့ ဝင်ငွေနိမ့် ပြည် သူများအတွက်  အစိုးရမှ  ဈေးနှုန်း အထောက်အပံ့ပြုဖို့လည်း  တောင်းဆို ထားကြောင်း သိရပါတယ်။ဘင်္ဂလားဒေ့ရှ်မှာ  နိုဝင်ဘာလမှ ဧပြီလမှာတစ်ကြိမ်၊ မေလမှ နိုဝင်ဘာ လမှာတစ်ကြိမ်နဲ့ မတ်လမှ ဇူလိုင်လ အထိတစ်ကြိမ် စုစုပေါင်း ၃ ကြိမ် စိုက်ပျိုးတဲ့အနက် နိုဝင်ဘာလမှဧပြီလ အတွင်း အဓိကထားကာ စုစုပေါင်းစိုက် ဧကရဲ့ ၃၉ ရာခိုင်နှုန်းမှာ စိုက်ပျိုးသလို အထွက်နှုန်းမြင့်တဲ့အတွက်  စုစုပေါင်း ထုတ်လုပ်မှုရဲ့ ၅၆ ရာခိုင်နှုန်းခန့် ထုတ် လုပ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ယခုသီးနှံရာသီမှာ ၂၀၁၀-၁၁ အတွင်း ထွက်ရှိတဲ့တန်ချိန် ၃၃ သန်းထက် ၂ သန်းပိုမိုပြီး တန်ချိန် ၃၅ သန်းဝန်းကျင် ထိ တိုးမြှင့်ထုတ်လုပ်ဖို့ လျာထားသတ် မှတ်ပါတယ်။ယခုနှစ်နွေစပါးထွက်ရှိမှုကို အနည်း ဆုံးတန်ချိန် ၁၈ ဒသမ ၇ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဆန်ထုတ်လုပ်မှု တိုးတက်ခြင်းနဲ့  သိုလှောင်ရုံမရှိတာ ကြောင့် အစိုးရအတွက်ရော တောင်သူ တွေအတွက်ပါ အခက်အခဲ ဖြစ်စေပါ တယ်။ ဆောင်းစပါးထုတ်လုပ်မှု စံချိန် တင်မြင့်တက်ခြင်းကြောင့် ဈေးနှုန်းကျ ဆင်းနိုင်ပြီး၊ ထုတ်လုပ်မှုစရိတ်မြင့်တက် နေတဲ့တောင်သူတွေအတွက် ဆုံးရှုံးမှု ကို ဖြစ်ပေါ်လာမှာ စိုးရိမ်တဲ့အတွက် လွှတ်တော်မှ ယခုလိုအကြံပြုရခြင်းဖြစ် တယ်လို့ သိရပါတယ်။ အစိုးရမှ တစ်ဟက်တာ အထွက် နှုန်းရော၊ ရိတ်သိမ်းဧရိယာကိုပါ သိသိ သာသာတိုးမြင့်ဖို့  ဆောင်ရွက်နေပါ တယ်။ ဒါ့အပြင် နွေစပါးအများစုကို အထွက်နှုန်းမြင့် စပ်မျိုးစပါးကို စိုက် ပျိုးပါတယ်။ ယခင်နှစ်က ဆောင်းစပါး တန်ချိန် ၁၈ သန်းခန့် ထွက်ရှိတဲ့အနက် တန် ၆ သိန်းခန့်ကိုသာ ယင်းကာလ အတွင်း တစ်တန် ကန်ဒေါ်လာ ၃၅၀ ဈေးနဲ့ ဝယ်ယူဖို့ရည်မှန်းခဲ့ကြောင်း သိရ ပါတယ်။လမင်း၊Source: oryza.com