၂၀၁၂-၁၃ ခုနှစ်မှာ ကမ္ဘာ့ဆန်အသုံးပြုမှုနဲ့ လက်ကျန်အချိုးက စံချိန်တင်မြင့်တက်မယ်လို့ FAO မှဆို

          FAO   ရဲ့ နောက်ဆုံး စားနပ်ရိက္ခာအလား အလာအရ တင်သွင်းဝယ်လိုအားနည်းခြင်း၊ ထုတ် လုပ်မှုမြင့်တက်ပြီး  သိုလှောင်မှုများခြင်းကြောင့် ၂၀၁၂-၁၃ ခုနှစ်မှာ ကမ္ဘာ့ဆန်သုံးစွဲမှုနဲ့ လက်ကျန် အချိုးက ၃၄ ဒသမ ၂ ရာခိုင်နှုန်းထိ  စံချိန်တင် မြင့်တက်မယ်လို့ ဆိုပါတယ်။ စားနပ်ရိက္ခာ ဖူလုံဖို့ အတွက် သုံးစွဲမှုနဲ့လက်ကျန်အချိုးက  အရေးပါ တဲ့ညွှန်ပြကိန်းတစ်ခု ဖြစ်ပါတယ်။ FAO   မှ အဲဒီ အချိုးကို လွန်ခဲ့တဲ့ ၄ နှစ်ဆက်တိုက်အတွင်း တိုး တက်မယ်လို့ ခန့်မှန်းခဲ့တာဖြစ်ပါတယ်။၂၀၀၈-၀၉ ခုနှစ်မှာ ၂၈ဒသမ ၇ရာခိုင်နှုန်းရှိရာမှ ၂၀၀၉-၁၀ ပြည့်နှစ်မှာ ၂၉ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၁၀-၁၁ ခုနှစ်မှာ ၃၀ ဒသမ ၁ ရာခိုင်နှုန်း၊ ၂၀၁၁-၁၂ ခုနှစ်မှာ ၃၂ ရာခိုင်နှုန်းနဲ့ ၂၀၁၂-၁၃ ခုနှစ်မှာ ၃၄ ဒသမ ၂ ရာခိုင်နှုန်းထိ တိုးတက်တယ်လို့ ဆိုပါ တယ်။၂၀၁၂ ခုနှစ်ဟာ ကမ္ဘာ့ဆန်စပါး ထုတ်လုပ် မှုက စားသုံးမှုထက်ကျော်လွန်တဲ့ ၈ နှစ်မြောက်ဖြစ် တဲ့အတွက် ၂၀၁၁-၁၂ နှစ်ကုန်နဲ့ ၂၀၁၂-၁၃ ဈေး ကွက်ရာသီမှာ ကမ္ဘာ့ဆန်လက်ကျန် ပိုမိုမြင့်တက်ဖို့ တွန်းပို့ခဲ့ပြီး ကမ္ဘာ့သုံးစွဲမှုနဲ့ လက်ကျန်အချိုးကို လည်း စံချိန်တင်စေခဲ့ပါတယ်။ ၂၀၁၂ ကမ္ဘာ့ဆန် ထုတ်လုပ်မှုဟာ ၂၀၁၂-၁၃ ခုနှစ် ကမ္ဘာ့ဆန်စားသုံး မှု လျာထားချက် တန်ချိန် ၄၇၇ သန်းထက် ၁၁ ဒသမ ၅ သန်းပိုမိုပြီး တန်ချိန် ၄၈၈ သန်းခန့်ရှိ မယ်လို့ ခန့်မှန်းထားပါတယ်။  ဆန်ပိုလျှံမှုက ၂၀၁၃ မှာ တန်ချိန် ၁၆၄ သန်းထိ မြင့်တက်စေပြီး ၂၀၁၂ နှစ်ကုန် ကမ္ဘာ့လက်ကျန် ခန့်မှန်းတန်ချိန်  ၁၅၂ ဒသမ ၈ သန်းထက် ၈ ရာခိုင်နှုန်းပိုမိုမယ်လို့ ခန့် မှန်းထားပါတယ်။၂၀၁၂ ခုနှစ်အတွင်း  ဆန်သိုလှောင်မှုများ အနေနဲ့ တရုတ်၊ အိန္ဒိယ၊ အီဂျစ်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်နဲ့ ထိုင်းတို့မှာ သိသိသာသာ မြင့်တက် ဖွယ်ရှိတယ်လို့ FAO   က ဆိုပါတယ်။ ဒါပေမဲ့ မြန်မာ၊ ဖိလစ်ပိုင်နဲ့ အမေရိကန်တို့မှာ ဆန်လက် ကျန် ကျဆင်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၁ ခုနှစ်အတွင်း ၃ နှစ်ကြာ ပြည်ပတင်ပို့မှုပိတ်ထား ရာမှ ပြန်ဖွင့်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံဟာ အဓိက ဆန်တင်ပို့သူ ဖြစ်လာတယ်လို့ FAO   က ဆိုပါ တယ်။ အိန္ဒိယရဲ့ ဈေးကွက်ပြန်လည်ဝင်ရောက်မှု က ဆန်ဈေးကွက်အတွင်း ထိုင်းနိုင်ငံက လွှမ်းမိုး နေတဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာနောက်ပိုင်း နိုင်ငံ တကာဆန်ဈေးကို ၁၀ ရာခိုင်နှုန်းခန့် လျော့ကျစေ ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ဆန်ဈေးကွက်အတွင်း ပြန်ဝင်လာခြင်းဟာ  ဆန်တင်ပို့နိုင်ငံများအကြား ယှဉ်ပြိုင်မှုအားကြီးစေခဲ့ရာ ထိုင်းနိုင်ငံရဲ့ ထုတ်လုပ် သူဈေးနှုန်းမူဝါဒအရ ကမ္ဘာ့ဈေး မြင့်တက်မှုကို ထိခိုက်စေခဲ့ပါတယ်။     ၂၀၁၁ ခုနှစ်က ကမ္ဘာ့ဆန်ထုတ်လုပ်မှုကို ၂ ဒသမ ၆ ရာခိုင်နှုန်း တိုးမယ်လို့ခန့်မှန်းပြီး ၂၀၁၂ မှာ တန်ချိန် ၄၈၈ သန်းကို ၁ ဒသမ ၇ ရာခိုင်နှုန်း ထပ်မံတိုးတက်မယ်လို့ FAO  က ခန့်မှန်းထားပါ တယ်။ ဒါပေမဲ့ ယခုနှစ် ဆန်တင်သွင်းသူများ ဝယ် ယူမှုနည်းလို့ ဆန်ကုန်သွယ်မှုက ၂ ဒသမ ၆ ရာ ခိုင်နှုန်းခန့် ကျဆင်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံက ဈေးနှုန်းယှဉ်ပြိုင်နိုင်မှုမရှိတာကြောင့် ထိုင်းဆန်တင်ပို့မှုက ကျဆင်းမယ်လို့ဆိုပေမဲ့ လက် တွေ့မှာ ၎င်းင်းရဲ့တင်ပို့မှုကို ဆက်ထိန်းထားဆဲဖြစ် တယ်လို့ ဆိုပါတယ်။ ၂၀၁၁ ခုနှစ်မှာ  ဆန်တန်ချိန် ၇ ဒသမ ၁ သန်း တင်ပို့ခဲ့သလို ဗီယက်နမ်က ဆက်လက်တင်ပို့နိုင်မယ်ဆိုရင်   ထိုင်းနိုင်ငံက ဗီယက်နမ်နောက်မှာ ဒုတိယအဖြစ်ရှိနိုင်ပြီး၊ အိန္ဒိယ က ပါကစ္စတန်ကို ကျော်လွန်ဖွယ်ရှိပေမဲ့ အမေ ရိကန်က ယခုနှစ်ဆန်တင်ပို့မှုမှာ တတိယအများ ဆုံးဖြစ်နိုင်တယ်လို့ FAO   က ခန့်မှန်းထားပါတယ်။လမင်းSource: oryza.com