ပင်လယ်ကျွန်းတု စီမံကိန်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး
လုံခိုမြို့ဟာ ရှန်တုံကျွန်းဆွယ်ရဲ့ အနောက် မြောက်ပိုင်းမှာတည်ရှိတဲ့ ပင်လယ်ကမ်းခြေ မြို့ တစ်မြို့ဖြစ်ပါတယ်။ အဲဒီကျွန်းဆွယ်ရှိ ဘိုဟိုင်း ပင်လယ်အော် တောင်ဘက်ကမ်းခြေမှာ စုစုပေါင်း ဧရိယာ စတုရန်းကီလိုမီတာ ၃၅ ဒသမ ၂ ရှိတဲ့ လူ့လုပ်အားနဲ့ ဖန်တီးထားတဲ့ ကျွန်းတု (artificial island) ကြီးကို တည်ဆောက်နေပါတယ်လို့ သိရ ပါတယ်။ ကျွန်းတုအဖြစ် မြေရာဖော်ယူနေတဲ့ ပင်လယ်ကမ်းခြေရဲ့ ရေပြင်အနက်ဟာ ၇ မီတာ အနက်ခန့်ရှိပြီး ကမ်းခြေအနီးမှာရှိတဲ့ တောင် ကုန်းတွေက မြေကျောက်တွေနဲ့ ဖို့နေပါတယ်။ပင်လယ် ပြင်ဧရိယာကုဗမီတာသန်း ၄၄၀ ကို ပြည့် အောင်ဖို့ရမှာဖြစ်ပြီး ကုန်ကျစရိတ်က ယွမ်ဘီလီယံ ပေါင်း ၂၀ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၇ ဘီလီယံ)ခန့်ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။အဲဒီ ကျွန်းတုမြို့ပြစီမံကိန်းကြီး ၂၀၁၄ ခုနှစ်မှာပြီးစီးရင် လူနေအိမ်ရာ အဆောက်အအုံတွေ၊ ကမ္ဘာလှည့် ခရီးသည်တွေအတွက် ပင်လယ်အပန်းဖြေ စခန်း တွေ၊ ကုမ္ပဏီတွေရဲ့ ရုံးချုပ်တွေနဲ့ စက်မှုဇုန်တွေ ပေါ်ထွန်းလာဖို့ ရှိပါတယ်။ ကျွန်းတုပေါ်က စီးပွား ရေးလုပ်ငန်းတွေမှာ အလုပ်သမားပေါင်း တစ်သိန်း ကျော်အလုပ်ရရှိလာနိုင်ပြီး၊ လုပ်ငန်းအရပ်ရပ်က ဝင်ငွေ စုစုပေါင်းဟာ ယွမ်ဘီလီယံ ၃၀၀ အထိ ရှိလာနိုင်ပါတယ်။ ဒါ့အပြင် လူပေါင်း ၂ သိန်း ကျော်နေထိုင်နိုင်တဲ့ မြို့ပြအိမ်ရာကြီးတစ်ခု ဖြစ် လာဖို့ ရှိပါတယ်။ရှန်တုံပြည်နယ်ရဲ့ မြို့ကြီးတွေဟာ စီးပွားရေး အလျင်အမြန်တိုးတက်လာနေတဲ့အတွက် လုံခို မြို့လို တိုးချဲ့စရာမြေဧရိယာအသစ်တွေ မရှိတော့ လို့ ပင်လယ်ကမ်းစပ်ဒေသတွေမှာ ကျွန်းတုတွေ တိုးချဲ့ တည်ဆောက်လာနေကြပါတယ်။ လုံခိုမြို့ လိုပဲ တရုတ်နိုင်ငံရဲ့ ပင်လယ်ဆိပ်ကမ်းမြို့ကြီး ပေါင်း ဒါဇင်များစွာမှာ ပင်လယ်ရေပြင်ကို မြေဖို့ ပြီး ကျွန်းတုမြို့တွေ ဖန်တီးလာတာကို တွေ့ရပါ တယ်။တရုတ်နိုင်ငံရဲ့ မြောက်ပိုင်းမှာ အကြီးဆုံး ဆိပ်ကမ်းကြီးဖြစ်တဲ့ ထျန်းကျင်ဆိပ်ကမ်းဟာ ကျွန်း တုပေါ်မှာတည်ဆောက်ထားတာဖြစ်ပါတယ်။အဲဒီ ဆိပ်ကမ်းကြီးကနေ တစ်နှစ်ကို ကုန်သေတ္တာပေါင်း ၁၁ သန်းခွဲကို ရှင်းလင်းပေးနေတယ်လို့ သိရပါ တယ်။ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်ရဲ့ ပင်လယ်ကမ်းခြေရှိ တုံးကွမ်းမြို့မှာလည်း ငွေကြေး ယွမ် ၈ ဒသမ ၆ ရင်းနှီးမြှုပ်နှံပြီး ဟက်တာ ၄၄၆၁ ကျယ်တဲ့ကျွန်းတုကို တည်ဆောက်နေပါတယ်။ ကွမ်တုံပြည်နယ်ရဲ့ ပင်လယ်ကမ်းခြေရှိ ဆန်တိုမြို့ မှာလည်း စတုရန်းကီလိုမီတာ ၂၄ ရှိတဲ့ ကျွန်းတု တစ်ခုကိုတည်ဆောက်နေပါတယ်။ ဒီလိုပင်လယ် တွင်း ကျွန်းတုတွေဖန်တီးပြီး ဖွံ့ဖြိုးတိုးတက်လာတဲ့ မြို့ပြနဲ့စက်မှုလုပ်ငန်းတွေအတွက် မြေရာတွေဖော် ယူလာမှုတွေဟာ အလွန်ကြီးမား၊ ကျယ်ပြန့်လာ နေလို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အာ ဏာပိုင်တွေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒီ တွေဟာ ရတက်မအေးဖြစ်ပြီး စိုးရိမ်စိတ်တွေပွား များလာနေကြပါတယ်။တရုတ်နိုင်ငံ အဏ္ဍဝါသိပ္ပံ တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ လျူဟုန်ဘင်းက "ပင်လယ် တွင်းမြေရာဖော်ထုတ်မှုတွေဟာ သိပ်ပြီးကြမ်းတမ်း လှတဲ့အပြင် မြန်ဆန်လွန်းပါတယ်" ဖြစ်သင့်တဲ့ တိုးတက်မှုနှုန်းထားထက် ပိုလွန်းတယ်"လို့ ထောက် ပြပါတယ်။ ပင်လယ်ကမ်းစပ်အတွင်း ကျွန်းတု တည်ဆောက်ရာမှာ ဟက်တာ ၅၀ ထက်ကျော်ရင် နိုင်ငံတော်ကောင်စီအထိ တင်ပြပြီး ခွင့်ပြုချက်ရယူ ဖို့လိုပါတယ်။ ဒါပေမဲ့ ပြည်နယ်အစိုးရတွေဟာ အဲဒီပမာဏထက်ငယ်တဲ့ ကျွန်းတုလေးတွေကို သာတည်ဆောက်ခဲ့ပြီး အဲဒီကျွန်းတုလေးတွေကို ဆက်စပ်လုပ်ကိုင်နေတာကို လျစ်လျူရှူခဲ့ကြတယ် လို့ ဆိုပါတယ်။ တချို့ကျွန်းတုလေးတွေဆိုရင် ဟက်တာ ၁၀၀၀ အရှည်အထိဆက်စပ်ပြီး တည် ဆောက်ထားတာကို တွေ့နိုင်ပါတယ်။ ကြွေးမြီ တွေ အများအပြားတင်နေတဲ့ ပြည်နယ်အစိုးရတွေ အနေနဲ့ သူတု့ိရဲ့ဝင်ငွေတွေအမြောက်အမြား ရရှိ ဖို့အခုလို ကျွန်းတုတွေဖန်တီးပြီး အိမ်ရာဆောက် လုပ်ရေးက ကုမ္ပဏီကြီးတွေကို ရောင်းချနေကြပါ တယ်။ကျွန်းတုတစ်ခု တည်ဆောက်ဖို့ ကုန်ကျစ ရိတ်ဟာ ပျမ်းမျှတစ်ဟက်တာကို ယွမ် ၄၅၀၀၀၀ ရှိပေမယ့် ပြန်ရောင်းရင် အဆ ၁၀၀ လောက်အထိ အမြတ်ရရှိတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဆန်ယာမှာရှိတဲ့ ဖိုးနစ်ကျွန်းတု (Phoenix Island) ကို "အရှေ့တိုင်းရဲ့ ဒူဘိုင်း"(Oriental Dubai) လို့ခေါ်ပါတယ်။ အဲဒီကျွန်းတုပေါ်မှာ အရှေ့အလယ်ပိုင်းက ဒူဘိုင်းမြို့ရှိ ဟိုတယ်ကြီးတွေ ပုံစံအတိုင်း ဆောက်လုပ်ထားတဲ့အပြင် နိုင်ငံ တကာ အစားအစာမျိုးစုံရရှိနိုင်တဲ့ သင်္ဘောဆိပ် ကမ်းတစ်ခုလည်း ဖွင့်ထားပါတယ်။အဲဒီကျွန်းတု ပေါ်က အိမ်တွေရဲ့ဈေးနှုန်းဟာ တစ်စတုရန်းမီတာ ကို ယွမ်တစ်သိန်းအထိ ရှိတယ်လို့ ဆိုပါတယ်။ယခုအခါ ဖိုးနစ်ကျွန်းတုကိုအားကျပြီး ဟိုင်နန် ပြည်နယ်အရှေ့ဘက် ပင်လယ်ကမ်းတစ်လျှောက် ကီလိုမီတာ အရှည် ၃၀၀ မှာ ကျွန်းတုတွေကို ရောင်းချထားတယ်လို့ သိရပါတယ်။ဒီလိုပင်လယ်ကမ်းစပ်တွေမှာ ကျွန်းတုတွေ ဖန်တီးလာခြင်းအားဖြင့် ဆိုးကျိုးအနေနဲ့ ပင်လယ် ပြင်ရဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်ယွင်းလာစေခဲ့ ပါတယ်။ မကြာမီနှစ်တွေအတွင်း ကျွန်းတုတွေ အမြောက်အမြား ဖော်ဆောင်ခဲ့တဲ့အတွက် ပင် လယ်ကမ်းခြေတွေမှာရှိတဲ့ ရေတိမ်သစ်တောတွေ အလျင်အမြန် ပျက်စီးသွားခဲ့ရပါတယ်။ အဲဒီ ဒီရေ တောတွေမှာ နေထိုင်ကျက်စားနေကြတဲ့ ဇီဝမျိုး ကွဲတွေ မျိုးသုန်း ပျောက်ကွယ်သွားခဲ့ရပါတယ်။ဥပမာ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အတွင်း ဘိုဟိုင်းပင်လယ်အော်အတွင်း ကျွန်းတုတွေ ဖန် တီးတည်ဆောက်ခဲ့မှုကြောင့် အဲဒီဒေသမှာ တည်ရှိ ခဲ့တဲ့ ရေတိမ်သစ်တောဧရိယာဟာ စတုရန်းကီလို မီတာ ၇၁၈ ခန့် ပျက်စီးသွားခဲ့ရပါတယ်။ကျွန်းတုတွေကို မြေ၊ ကျောက်တွေနဲ့ ဖို့ပြီး ဖန်တီးတည်ဆောက်ရာမှာ ပင်လယ်ပြင်ကြမ်းခင်း ကို သောင်တူးစက်ကြီးတွေနဲ့ တူးဖော်ရှင်းလင်းရ တဲ့အတွက် အဲဒီဒေသမှာ ကျက်စားနေတဲ့ ရေ သတ္တဝါတွေ သေကြေ ကြရပါတယ်။ ဖို့တဲ့ မြေတွေ မှာပါရှိလာတဲ့ ဓာတ်သတ္တုတွေ ပိုးသတ်ဆေး အကြွင်းအကျန်တွေနဲ့ တခြားအဆိပ်အတောက် ဖြစ်စေတဲ့ ဓာတုဗေဒပစ္စည်းတွေကြောင့် အဲဒီ ပတ်ဝန်းကျင်က ရေထုကို ညစ်ညမ်းစေပါတယ်။ဒါ့အပြင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု ကြောင့် အဲဒီကျွန်းတုတွေပေါ်က အဆောက်အအုံ တွေမှာ နေထိုင်သူတွေအဖို့ စိုးရိမ်လာကြရသလို ရှင်ကျန်နဲ့ ကွမ်တုံပြည်နယ်ကကျွန်းတုတွေဆိုရင် မြေကျွံကျပြီး အဆောက်အအုံတချို့မှာ ၁၀ စင်တီ မီတာအကျယ်ရှိတဲ့ အက်ရာတွေပေါ်လာတဲ့ အတွက်လည်း စိုးရိမ်ထိတ်လန့်မှုတွေ ကြီးထွား လာကာ သူတို့ရဲ့နိဗ္ဗာန်ဘုံတွေ ပျောက်ဆုံးသွား မှာ ကြောက်လာကြောင်းပါခင်ဗျား။ ။ွRef:''Not So Paradise Islands''(hittp://www.bjreview.com)
